ဂျူနီယာတွေဖြစ်သည့် Park Shin Hye နှင့် Yoo Ah In တို့၏ Alive ရုပ်ရှင်အခမ်းအနားကိုသွားရောက် အားပေးခဲ့သည့် Song Hye Kyo

Alive ရုပ်ရှင်ဟာဆိုရင် မကြာမီပြသတော့မည့် Park Shin Hye နှင့် Yoo Ah In တို့ပါဝင်ထားသည့် Zombies ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ အဆိုပါရုပ်ရှင်ဟာ ဇွန်လ ၂၄ရက်နေ့မှာ VIP screening ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဖိတ်ကြားထားသည့် ဧည့်ပရိတ်သတ်များနှင့်အတူ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။

Yoo Ah In နှင့် Song Hye Kyo တို့ဟာ အလွန်ပင်ခင်မင်ရီးနှီးကြတယ်ဆိုတာကို လူအတော်များများသိပေးသား ဖြစ်မှာပါ။ Song Joong Ki နှင့်ရော Song Hye Kyo နှင့်ပါ သူငယ်ချင်းဖြစ်နေသည့် Yoo Ah In ပဲဖြစ်ပါတယ်။

ထို့ကြာင့်လည်း 2017ခုနှစ်တွင် ပြုလုပ်ခဲ့သော Songsong couple ၏ မင်္ဂလာပွဲတွင် Yoo Ah In မှ ဂုဏ်ပြုမှတ်တမ်းလွှာ ဖတ်ကြားပေးသည့်သူအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

ယခုတွင်လည်း Song Hye Kyo ဟာ Alive ရုပ်ရှင်၏ပွဲသို့ တက်ရောက်ခဲ့ပြီး Yoo Ah In ကိုဂုဏ်ပြုပန်းစည်းပေးခဲ့ပါတယ်။ သူမ၏ Instagram story တွင်လည်း Alive ရုပ်ရှင်အဖွဲ့သားတို့၏ ပုံကိုတင်ကာ အားပေးခဲ့ပါတယ်။

ယခုလို Covid ကာလအတွင်း ရုံတင်တော့မည့် Alive ရုပ်ရှင်အတွက် အင်တိုက်အားတိုက် လူကိုယ်တိုင်သွားရောက်အားပေးသည့် Song Hye Kyo ပဲဖြစ်ပါတယ်။ ပရိတ်သတ်များကတော့ သူမနှင့် Yoo Ah In တို့ကြားမှ တစ်ဦးနှင့်တစ်ဦး Support ပေးတတ်သည့် စိတ်ဓာတ်လေးကို ချီးကျူးနေကြပါတယ်။

Source: Anneyongoppa
Written: Phoo Phoo

Share