နှစ်တွေကြာပြီးမှ ဇာတ်လမ်းတွဲသစ်နဲ့ ပရိတ်သတ်ရှေ့ကို ပြန်လာဖို့စဉ်းစားနေတဲ့ မင်းသမီးချော Soo Ae

The Flu, Mask, King of Ambition စတဲ့နာမည်ကြီးဇာတ်လမ်းတွေမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချော Soo Ae ကို၂၀၁၆ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Sweet Stranger and Me ဆိုတဲ့ဇာတ်လမ်းမှာနောက်ဆုံးတွေ့ခဲ့ရပြီး အနုပညာအလုပ်တွေအနားယူထားတာကြာနေပါပြီ။

ယခုသူမကိုကမ်းလှမ်းထားတဲ့ ဇာတ်လမ်းတွဲတစ်ခုကို လက်ခံစဉ်းစားနေပြီး ပါဝင်လာဖို့အလားအလာလဲကောင်းနေပါတယ်။ ဇာတ်လမ်းတွဲရဲ့နာမည်က ‘Now, We are breaking up’ ဖြစ်ပြီး My Love fr the Star, Vagabond စတဲ့နာမည်ကြီးကားတွေကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Lee Gil Bok ကရိုက်ကူးသွားမှာပါ။

သူမသာလက်ခံခဲ့ရင် ဖက်ရှင်ကုမ္ပဏီတစ်ခုရဲံဒီဇိုင်းအဖွဲ့ခေါင်းဆောင်နေရာက စမတ်ကျကျသရုပ်ဆောင်ရမယ့် ကာရိုက်တာအနေနဲ့ပါဝင်လာမှာပါ။ သူမကိုလွမ်းနေတဲ့ ပရိတ်သတ်တွေကလည်း အများအပြားရှိတာမို့ သတင်းကောင်းကြားရပါစေလို့ ဆုတောင်းနေကြပါတယ်။

source : allkpop
written : helra

Share