အေဂျင်စီတွေရဲ့ အကြီးအကဲတွေကိုယ်တိုင် မဲပေးဆုံးဖြတ်ခဲ့တဲ့ Kpop လောကရဲ​့ အဖိုးတန် ရတနာ ၈ မျိုး

Sports Chosun ဆိုတဲ့ တောင်ကိုရီးယား မီဒီယာတစ်ခုဟာ သူတို့ရဲ့ ၃၅ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ Kpop အေဂျင်စီပေါင်း ၅၀ ရဲ့ CEO တွေ ဒါရိုက်တာတွေကို kpop လောကရဲ့ အအောင်မြင်ဆုံး အကောင်းဆုံးလို့ထင်ရသူတွေကို မဲပေးရွေးချယ်စေခဲ့ပါတယ်။ အကြီးအကဲတွေ မဲပေးထားတဲ့ kpop ရဲ့အဖိုးတန်ရတနာတွေကတော့

၁။ BTS (Power People that move the whole industry)


Kpop လောကကို ကိုင်လှုပ်နိုင်ခဲ့တဲ့ အကျော်အမော်တွေအဖြစ်ကတော့ BTS ကို 68 မဲနဲ့ရွေးချယ်ခဲ့ကြပြီး သူ့ရဲ့နောက်မှာတော့ SM ရဲ့ CEO Lee Soo Man က 58 မဲ၊ Bighit ရဲ့ CEO Bang Si Hyuk က 47 မဲနဲ့ မတိမ်းမယိမ်းရွေးချယ်ခံထားရပါတယ်။

၂။ Bang Si Hyuk (The Best Kpop Producer)


BTS ရဲ့ အေဂျင်စီဖြစ်တဲ့ Bighit ရဲ့ပဲ့ကိုင်ရှင် Bang PD ကတော့ မဲပေါင်း ၁၀၁ မဲနဲ့ အားလုံးကိုဖြတ်ကျော်အနိုင်ရခဲ့ပါတယ်။ ဒုတိယနေရာမှာတော့ SM ရဲ့ CEO Lee Soo Man က ၆၅ မဲ၊ တတိယနေရာမှာ JYP CEO က ၃၇ မဲနဲ့ အသီးသီးရပ်တည်နေကြပါတယ်။

၃။ BTS (The Best Male Idol Group)


ပရိတ်သတ်တွေသာမက အေဂျင်စီအကြီးအကဲတွေလဲ အတော်မျက်စိကျနေပုံရတဲ့ BTS အဖွဲ့ဟာ ဒီခေါင်းစဉ်အောက်မှာလဲ မဲပေါင်း ၁၄၁ မဲနဲ့ဗိုလ်စွဲခဲ့ပါတယ်။ EXO အဖွဲ့က ဒုတိယနေရာ Seventeen အဖွဲ့က တတိယနေရာမှာ ရှိနေပါတယ်။

၄။ Twice (The Best Female Group)


Kpop လောကမှာ စံချိန်များစွာချိုးပြီး အောင်မြင်မှုတသီကြီး ဆွတ်ခူးနေတဲ့ Twice အဖွဲ့ကိုတော့ မဲပေါင်း ၁၁၁ ခုနဲ့ အကောင်းဆုံးမိန်းကလေးအဖွဲ့အဖြစ်ရွေးချယ်ခဲ့ပြီး Blackpink နဲ့ Red Velvet ကို ဒုတိယနဲ့ တတိယအဖြစ် ရွေးချယ်ခဲ့ပါတယ်။

၅။ Zico (The Best Male Soloist)


အကောင်းဆုံး အမျိုးသားတစ်ကိုယ်တော်အဆိုတော် နေရာကိုတော့ rapper Zico ကိုတော့ ၇၁ မဲနဲ့ရွေးချယ်ခဲ့ကြပါတယ်။ သူ့ရဲ့နောက်မှာတော့ Rain က ၃၈ မဲ၊ Me After You သီချင်းရဲ့ အဆိုတော် Paul Kim က ၂၃ မဲ ရရှိထားပါတယ်။

၆။ IU (The Best Female Soloist)


အဆိုတော် မင်းသမီး IU ကိုလဲ အကောင်းဆုံး အမျိုးသမီးတစ်ကိုယ်တော်အဖြစ် မဲပေါင်း ၁၁၅ မဲနဲ့ တခဲနက်ထောက်ခံခဲ့ကြပါတယ်။ ဒုတိယနဲ့ တတိယနေရာမှာတော့ Taeyeon က ၅၂ မဲ Chungha က ၃၈ မဲနဲ့ အသီးသီးရွေးချယ်ခံထားရတာပါ။

၇။ TXT (The Best Of Kpop Future)


Tomorrow X Together အဖွဲ့ကိုတော့ kpop ရဲ့အနာဂတ်အတွက် အကောင်းဆုံးဖြစ်လာမယ်လို့ ယူဆပြီး ၆၀ မဲနဲ့ ရွေးချယ်ခဲ့ကြတာပါ။ ဒုတိယနေရာမှာ ITZY က ၄၃ မဲ၊ ပွဲဦးတောင်မထွက်ရသေးတဲ့ SM ရဲ့ girl group အသစ်က ၁၃ မဲ ရရှိထားပါတယ်။

၈။ SM (The Best Kpop Agency)


လက်နဲ့ထိရင်ရွှေဖြစ်တယ်လို့ပြောရလောက်အောင် မွေးထုတ်ပေးလိုက်တဲ့ group တိုင်း လျှမ်းလျှမ်းတောက်အောင်မြင်တဲ့ SM Entertainment ကိုတော့ ၉၈ မဲနဲ့ရွေးချယ်ထားပြီး Bighit နဲ့ JYP က ဒုတိယနဲ့ တတိယပါ။

ဒါကတော့ kpop idol တွေကို ကိုယ်တိုင်ကြီးကြပ်စီမံနေတဲ့ အေဂျင်စီအကြီးအကဲတွေရဲ့ ရှုထောင့်ကနေ ကိုယ်တိုင်ရွေးချယ်ထားတဲ့ kpop ရဲ့ အဖိုးတန်ရတနာတွေပဲဖြစ်ပါတယ်။ ကိုယ် stan တဲ့ group ပါရင်လဲ comment မှာ ကြွားသွားပါဦးနော်။

source: Koreaboo

Share