Fan တွေ ဖန်တီးပေးထားသည့် အံသြစရာကောင်းလောက်သည့် Exo အဖွဲဝင်များ၏ အလှပုံရိပ်များ

တကယ်လို့သာသင်ဟာ Exo အဖွဲ့ဝင်တွေဟာ ကြည့်ကောင်းတယ်၊ ယောကျာ်းပီသတယ်လို့ပဲ ထင်မယ်ဆိုရင် မှားသွားမှာပါ။ ပရိတ်သတ်တွေ Edit လုပ်ပေးထားသည့် ပုံတွေကို ကြည့်ပြီးသွားရင်တော့ သူတို့သာမိန်းကလေးများဆိုရင် ဘယ်လောက်တောင်လှလိုက်မလဲဆိုသည့် အတွေးဝင်သွားစေမှာပါ။ အဲ့ဒါဆိုရင် သူတို့ရဲ့မိန်းကလေး ပုံရိပ်ယောင်ပုံစံလေးတွေကို ကြည့်လိုက်ရအောင်။

1.Suho


Suho သာမိန်းကလေးတစ်ယောက်ဆိုရင်တော့ နှာတံချွန်ချွန်လေးနှင့် နှုတ်ခမ်းပါးပါးလေးကို ပိုင်ဆိုင်ထားသည့်သူတစ်ယောက် ဖြစ်နေမှာပါ။

2.Baekhyun


Baekhyun ကိုတော့ edit လုပ်ပေးထားသူက ရွှေအိုရောင်ဆံပင်အရှည်နှင့် လိုက်ဖက်အောင်ပြုပြင်ပေးထားပါတယ်။ အမှတ်တမဲ့ကြည့်လျှင် Lee Hyori နဲ့ပင် ဆင်သယောင် ရှိပါတယ်။

3.Chanyeol


Chanyeol ကတော့လုံးဝ cute နှင့် gentle ပေါင်းစမပ်ထားသည့် မိန်းကလေးတစ်ဦးအသွင်ပါ။ သူသာမိန်းကလေးတစ်ဦးဆိုလျှင်တော့ မင်းသမီး Kim Ji Won နှင့်တော်တော်ပင် တူမှာပါ။

4.D.O.


D.O. ကတော့ ဆံပင်အရှည်လေးနှင့် တော်တော်ကို ချစ်စရာကောင်းနေတာပါ။Idol အဆိုတော်ကောင်မလေးတွေထဲက တစ်ယောက်ယောက်နှင့် တူနေသလိုခံစားရပါတယ်။ ဘယ်သူနှင့်တူနေလဲဆိုတာ ပရိတ်သတ်ကြီးလည်း သိရင်ပြောခဲ့ကြပါဦး။

5.Kai


Kai ကတော့ လုံးဝကို sexy ဆန်ဆန်လှနေတာပါ။အနောက်တိုင်းလူမျိုးမျာ၏ မျက်နှာထား Vibe မျိုးရနေတာတော့ အမှန်ပါပဲ။ သေချာကြည့်လျှင် Taylor Swift နဲ့တောင် ခပ်ဆင်ဆင်တူနေတယ်လို့ ခံစားရပါတယ်။

6.Sehun


Sehun ကတော့ကိုရီးယားမင်းသမီးတစ်ဦး၏ ပုံစံမျိုးလေး ဖြစ်နေပါတယ်။ ယောကျ်ားလေးအနေနဲ့တောင် တော်တော်ကြည့်ကောင်းတာ မိန်းကလေးဆိုရင်တော့ ပြောစရာတောင်မလိုပါဘူး။

7.Xiumin


Xiumin ကတော့ မျက်လုံးဝိုင်းဝိုင်းလေးနှင့် ရှေ့ဆံပင် Bang လေးနှင့် တော်တော်ပင် ချစ်စရာကောင်းနေတာပါ။

8.Lay


Lay ကတော့နည်းနည်းယောကျာ်လေးဆန်ဆန်ပုံစံမျိုးရှိသည့် Strong woman type မျိုးပုံစံဖြစ်နေပါတယ်။

9.Chen


Chen ကတော့ လုံးဝနူးနူးညံညံမိန်းကလေး တစ်ယောက်ပုံ ဖြစ်နေတာပါ။မေးချွန်ချွန်လေးနှင့် မျက်နှာသေးသေးလေးနှင့် အလွန်လိုက်ဖက်လှပါတယ်။ ကဲဘယ်လိုထင်ကြလဲ…သူတို့တွေကတော့ တော်တော်တော့ လှကြတယ်နော်။

Source: Koreaboo
Written: Phoo Phoo

Share