လက်ရှိ အသက်အငယ်ဆုံး Boy Group ခေါင်းဆောင် ၉ ယောက်

ခုဖော်ပြပေးမယ့် အဖွဲ့ခေါင်းဆောင်တွေအတွက်တော့ တကယ်ပဲ အသက်ဆိုတာ နံပါတ်တစ်ခုပါပဲ။ Kpop အဖွဲ့တစ်ခုကို ဦးဆောင်နိုင်ဖို့ဆိုတာ ဘယ်လောက်တောင် ခက်ခဲလိမ့်မလဲ အားလုံးပဲ မှန်းဆ မိကြမှာပါ။ ရင့်ကျက်မှု၊ ဦးဆောင်နိုင်မှု၊ အတွေ့အကြုံစတဲ့ အရည်အချင်းတွေ ရှိမှသာ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်နိုင်မှာပါ။

ခုဖော်ပြမယ့် အဖွဲ့ခေါင်းဆောင်လေးတွေကတော့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အဖွဲ့ကို ဦးဆောင်ပြီး အဖွဲ့အောင်မြင်မှုရအောင် စွမ်းဆောင်ပေးနေကြတဲ့သူများပဲ ဖြစ်ပါတယ်။

9. Bang Chan ( Stray Kids)

Bang Chan ကတော့ JYP ရဲ့ Boy Group ဖြစ်တဲ့ Stray Kids ရဲ့ ခေါင်းဆောင်ပါ။ လက်ရှိမှာတော့ အသက် ၂၃ နှစ်ပါ။ Stray Kids အဖွဲ့စဖွဲ့ခဲ့တဲ့ အချိန်မှာတော့ Bang Chan ဟာ အသက် ၂၀ ပဲရှိပါသေးတယ်။

8. BX (CIX)

CIX ရဲ့ အဖွဲ့ခေါင်းဆောင် BX ကတော့ လက်ရှိ အသက် ၂၂ နှစ်ပါ။ CIX စတင် ဖွဲ့ခဲ့တဲ့အချိန်မှာတော့ အသက် ၂၁ နှစ်သာ ရှိပါသေးတယ်။

7. EOS ( N.CUS)

N.CUS ရဲ့ အဖွဲ့ခေါင်းဆောင် EOS ဟာလည်း လက်ရှိ အသက် ၂၂ နှစ်ပါ။ သူလည်း ပွဲဦးထွက်ခဲ့ချိန်က အသက် ၂၁ ပါပဲ။

6. Hongjoong (ATEEZ)

Hongjoong ကတော့ လက်ရှိ အသက် ၂၁ နှစ်ဖြစ်ပါတယ်။ သူဟာ အဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် စတင် ပွဲဦးထွက်ခဲ့တဲ့အချိန်က အသက် ၁၉ နှစ်သာရှိပါသေးတယ်။

5. O.V (D-CRUNCH)

O.V ဟာလည်း လက်ရှိ အသက် ၂၁ နှစ်ပါပဲ။ သူဟာ အဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် စတင် ပွဲဦးထွက်ခဲ့တဲ့အချိန်က အသက် ၁၉ နှစ်သာရှိပါသေးတယ်။

4. Rano (E’LAST)

E’LAST အဖွဲ့ရဲ့ Rano ဟာလည်း လက်ရှိ အသက် ၂၁ နှစ်သာ ရှိပါသေးတယ်။ E’LAST အဖွဲ့ဟာ ယခုနှစ်မှ ပွဲဦးထွက်ခဲ့တာ ဖြစ်တဲ့အတွက် အသက် ၂၀ မှာ အဖွဲ့ခေါင်းဆောင်အဖြစ် စတင်လှုပ်ရှားခဲ့တာပါ။

3. Hyunjun (IZ)

IZ ရဲ့အဖွဲ့ခေါင်းဆောင် Hyunjun ကတော့ လက်ရှိ အသက် ၂၀ ပါ။ Hyunjun စတင် အဖွဲ့ခေါင်းဆောင်အဖြစ် လှုပ်ရှားခဲ့တဲ့ အချိန်မှာတော့ အသက် ၁၇ နှစ်သာ ရှိပါသေးတယ်။

2. Jinkwon (New Kidd)

New Kidd ရဲ့အဖွဲ့ခေါင်းဆောင် Jinkwon ကတော့ လက်ရှိ အသက် ၂၀ ပဲရှိပါသေးတယ်။ Jinkwon စတင် အဖွဲ့ခေါင်းဆောင်အဖြစ် လှုပ်ရှားခဲ့တဲ့ အရွယ်ကတော့ အသက် ၁၈ နှစ်ပါ။

1. Soobin (TXT)

TXT ရဲ့ အဖွဲ့ခေါင်းဆောင် Soobin ကတော့ လက်ရှိ အသက် ၁၉ နှစ်သာရှိပါသေးတယ်။ TXT စတင်ဖွဲ့စည်းခဲ့တဲ့အချိန်မှာတော့ Soobin ဟာ အသက် ၁၈ နှစ်သာရှိခဲ့တာပါ။

Source: Koreaboo
Written: Gyi Gyi

Share