အားလုံးကိုကြွေဆင်းသွားစေခဲ့တဲ့ Kim Hyun Joong ရဲ့ ဓာတ်ပုံသစ်လေးတစ်ပုံ

SS501 အဖွဲ့ဝင်တစ်ဦးဖြစ်သလို Boys Over Flower ဇာတ်လမ်းတွဲနဲ့ ပရိတ်သတ်အခိုင်အမာ ရရှိထားတဲ့ မင်းသားချော Kim Hyun Joong ကတော့ ပရိတ်သတ်တွေအားလုံး အရူးအမူးဖြစ်သွားရအောင်ချောတဲ့ ဓာတ်ပုံလေးတစ်ပုံကို instagram ကနေ မျှဝေလိုက်ပါတယ်။

ဓာတ်ပုံထဲမှာတော့ ဆံပင်ကို blonde ဆိုးထားပြီး ဆံပင်အရောင်သစ်ဟာ သူနဲ့လိုက်ဖက်လွန်းတာမို့ မိန်းကလေးပရိတ်သတ်တွေ အုတ်အော်သောင်းနင်းဖြစ်ပြီး comment မှာ စည်ကားနေတာပါ။ တကယ်လဲ နဂိုတည်းကချောလွန်းတဲ့ Kim Joong Hyun ဟာ အခုပိုပြီး မိမိုက်သွားတယ်ဆိုတာ ငြင်းမရပါဘူး။

ဒီလိုပြောင်းလဲမှုတွေပြုလုပ်ခဲ့တဲ့ Kim Hyun Joong ရဲ့ပုံတွေကို မြင်တဲ့အခါမှာတော့ ပရိတ်သတ်တွေက ဒါဟာအနုပညာလှုပ်ရှားမှုအသစ်အတွက် ပြင်ဆင်ထားတာလားဆိုပြီး Kim Hyun Joong ကိုဖန်သားပြင်ပေါ်မှာ ထပ်တွေ့ရဖို့ မျှော်လင့်နေကြပါတယ်။

Kim Hyun Joong ဟာ ဆယ်နှစ်ကြာအလုပ်လုပ်လာခဲ့တဲ့ KeyEast Entertainment နဲ့မကြာသေးခင်ကမှ လက်တွဲဖြုတ်ခဲ့ပြီး သူ့ရဲ့ YouTube Channel မှာလဲ ပရိတ်သတ်တွေနဲ့ ဆက်သွယ်ဖို့ ဗီဒီယိုအတိုအထွာလေးတွေ တင်ပေးနေတာလဲ ဖြစ်ပါတယ်။ တကယ်ကို ချစ်စရာကောင်းတဲ့ မင်းသားပါပဲ။

source: koreaboo
written: Dar Dar

Share