အပြင်မှာ တကယ်ချစ်သူဖြစ်နေကြတယ်လို့တောင် ထင်ခဲ့ရတဲ့ Kdrama ထဲက စုံတွဲများ

ရုပ်ရှင်ဇာတ်လမ်းတွဲတစ်ခုကို ကြည့်တဲ့အခါ ဇာတ်လမ်းကောင်းဖို့ သရုပ်ဆောင်တွေပီပြင်ဖို့အပြင် အရေးကြီးတဲ့အချက်က ဇာတ်ကောင်တွေအချင်းချင်း အချိတ်အဆက်မိပြီး လိုက်ဖက်မှုရှိဖို့ပါ။ ဒီမင်းသားမင်းသမီးတွေကတော့ chemistry မိလွန်းလို့ အပြင်မှာတကယ်ချစ်သူတွေလို့တောင် ထင်ခဲ့ရပါတယ်။

Park Seo Joon နဲ့ Park Min Young


What’s Wrong With Secretary Kim ဇာတ်လမ်းတွဲမှာ ဒုဥက္ကဌနဲ့ အတွင်းရေးမှူးမလေးအဖြစ် အရမ်းရိုအောင် သရုပ်ဆောင်ခဲ့ကြပြီး အတွဲညီညီနဲ့ကြည့်ကောင်းလွန်းလို့ တွဲနေပြီဆိုတဲ့သတင်းတွေတောင် ထွက်ခဲ့ပေမယ့် နှစ်ဖက်လုံးက အတည်မပြုခဲ့တာကြောင့် ကောလဟာလအဖြစ်သာ ပြီးဆုံးခဲ့ရပါတယ်။

Hyun Bin နဲ့ Son Ye Jin


မြောက်ပိုင်းဗိုလ်ကြီးနဲ့ တောင်ပိုင်းကအပျိုကြီးမမတို့အတွဲကလဲ အလွန်လိုက်ဖက်တာမို့ ပရိတ်သတ်တွေ သဘောတူခဲ့ကြတာပါ။ ၂၀၁၈ ခုနှစ် The Negotiation အတူရိုက်ကူးကတည်းက ရင်းနှီးခဲ့ကြပြီး Crash Landing On You ထဲမှာ အချစ်ခန်းတွေကို တကယ်အသက်ပါပါသရုပ်ဆောင်ခဲ့ကြတာမို့ တွဲနေကြပြီလို့ သတင်းတွေထွက်ခဲ့ပေမယ်​့ ငြင်းဆိုခဲ့ကြပါတယ်။

Park Hyung Sik နဲ့ Park Bo Young


မင်မင်နဲ့ဘုံဘုံလို့ ပရိတ်သတ်တွေသိကြတဲ့ Strong Woman Do Bong Soon ထဲက အတွဲလေးပါ။ အရပ်မြင့်မြင့်နဲ့ချောမောတဲ့ Park Hyung Sik နဲ့ ပုပုသေးသေး ချစ်စဖွယ်လေးဖြစ်တဲ့ Park Bo Young တို့ကြားက အရွယ်အစားကွာဟမှုက တွဲမြင်လိုက်တာနဲ့ အရမ်းချစ်စရာကောင်းခဲ့တာမို့ အပြင်မှာပါ ပရိတ်သတ်တွေ သဘောတူခဲ့ကြပါတယ်။

Park Shin Hye နဲ့ Lee Jong Suk


Pinocchio ဇာတ်လမ်းတွဲထဲမှာ အပေးအယူမျှမျှ သရုပ်ဆောင်ခဲ့ပြီး နှစ်ယောက်လုံး ချောမောလွန်းတာမို့ လူတကာအားကျရတဲ့ စုံတွဲလေးလို လိုက်ဖက်မှုရှိခဲ့ပါတယ်။ နှစ်ယောက်သား ကောလဟာလတွေထွက်ခဲ့ပေမယ့် တကယ်မတွဲဖြစ်ခဲ့ပဲ မင်းသမီး Park Shin Hye က မင်းသား Choi Tae Joon နဲ့ချစ်သူဖြစ်ခဲ့ပြီး Lee Jong Suk က အချစ်ရေးသတင်းမကြားရသေးပါဘူး။

source: kpopstarz
written: Dar Dar

Share