အမေရိကန်နိုင်ငံကတောင် remake ပြန်လည် ရိုက်ကူးရတဲ့ Hotel Del Luna ရဲ့ အောင်မြင်မှု

tvN ရဲ့ 2019 ခုနှစ်ထွက်ဇာတ်လမ်းတွဲတွေထဲမှာ အကျော်ကြားဆုံးဖြစ်ခဲ့တဲ့ IU နဲ့ Yeo Jin Goo ရဲ့ Hotel Del Luna ကတော့ ထုတ်လွှင့်ပြသနေစဉ်မှာ ကြောက်ခမန်းလိလိအောင်မြင်မှုတွေ ရရှိခဲ့တာပါ။ တမူထူးခြားပြီး ဆန်းသစ်တဲ့ ဇာတ်ကွက်ကို အမေရိကန်ထုတ်လုပ်သူတွေကတောင် မျက်စိကျသွားပုံပါပဲ။

ပီးခဲ့တဲ့ ဖေဖော်ဝါရီလက Hotel Del Luna ရဲ့မူရင်း ထုတ်လွှင့်ခဲ့တဲ့ ကုမ္ပဏီဖြစ်တဲ့ CJ ENM နဲ့ Studio Dragon တို့ဟာ Hollywood မှ ထုတ်လုပ်ရေးကုမ္ပဏီ တစ်ခုဖြစ်တဲ့ Sky Dance Media နဲ့ လက်တွဲလုပ်ကိုင်ဖို့အတွက် စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

Sky Dance Studio ဆိုတာကတော့ ကမ္ဘာအဝှမ်း ကျော်ကြားတဲ့ ရုပ်ရှင်တွေဖြစ်တဲ့ Terminator, Mission Impossible အစရှိသည်တို့ကို မွေးထုတ်ပေးခဲ့တဲ့ ကုမ္ပဏီပါ။ ဂျွန်လ ၂၆ ရက်နေ့မှာတော့ Hotel Del Luna ကိုရိုက်ကူးထုတ်လုပ်ခဲ့တဲ့ CJ ENM နဲ့ Studio Dragon က အမေရိကန် ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုဖြစ်တဲ့ SkyDance Media နဲ့ ပူးပေါင်းပြီး အမေရိကန်ဗားရှင်းကို တွဲဖက်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

SkyDance ဟာ Mission Impossible, Taminator 6 လို နာမည်ကြီးရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့တာဖြစ်ပြီး အခု Hotel Del Luna ကို ပြန်လည်အသက်သွင်းတဲ့အခါမှာလဲ သူတို့ကဦးဆောင်မှာမို့ ဆန်းသစ်တဲ့အပြင်အဆင်တွေနဲ့ တွေ့ရဖို့မျှော်လင့်ရနိုင်ပါတယ်။

Hotel Del Luna ရဲ့ American Version ကို ဇာတ်ညွှန်းရေးသားသွားမယ့်သူကတော့ Alison Schapker ပါ။ သူမဟာ Netflix ရဲ့ Altered Carbon 2nd season ထုတ်လုပ်သူအဖြစ် လူသိများပါတယ်။

မူရင်း ကိုရီးယား version မှာလည်း လူကြိုက်များ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ “Hotel Del Luna” ကို နိုင်ငံ နှစ်နိုင်ငံပေါင်းပြီး ဘယ်လို American remake အဖြစ်အသက်သွင်းသွားကြမလဲ ဆိုတာကတော့ စိတ်ဝင်စားဖို့ အရမ်းကောင်းနေပါပီ။

အခုထိတော့ စာချုပ်ချုပ်ဆိုပြီးကာစသာရှိပြီး ပါဝင်မယ့်သရုပ်ဆောင်တွေကို အတည်ပြုထားခြင်း မရှိသေးတာကြောင့် ပရိတ်သတ်တွေကတော့ ရင်ခုန်စရာပါ။ IU နဲ့ Yeo Jin Goo ရဲ့သရုပ်ဆောင်မှုကို သဘောကျခဲ့ရတဲ့ ပရိတ်သတ်တွေလဲ အမေရိကန် remake ကို စောင့်မျှော်နေကြမယ်လို့ ထင်ပါတယ်။

source: Kpopstarz, Koreaboo
written: Dar Dar & Gyi Gyi

Share