အနောက်နိုင်ငံက တန်ဖိုးကြီးတဲ့ Luxury Brand တွေကသူတို့နိုင်ငံကအနုပညာရှင်ကိုပဲ Brand ambassador အဖြစ်ရွေးချယ်လေ့ရှိပါတယ်။
ယခုဖော်ပြပေးသွားမှာတော့ ထူးထူးခြားခြားအာရှအနုပညာရှင်တွေကို ambassador အဖြစ်ခန့်အပ်အောင်မြင်နေတဲ့ တံဆိပ်တွေပါ။ ဒီ idol တွေက kpop ကလည်းနိုင်ငံတကားစျေးကွက်ကိုထိုးဖောက်နိုင်တယ်ဆိုတာကို သက်သေပြပေးနေသူတွေပါ။
၁။ EXO’s Kai for Gucci
တောင်ကိုရီးယားက ထိပ်တန်းဖက်ရှင်မဂ္ဂဇင်းတွေတော်တော်များများရဲ့ မျက်နှာဖုံးမှာမြင်တွေ့ရတဲ့ Kai ကို နာမည်ကြီးတံဆိပ်တစ်ခုဖြစ်တဲ့ Gucci ကမျက်စိကျပြီး ambassador အဖြစ်ခန့်အပ်ခဲ့တာ ၂ နှစ်တောင်ရှိသွားပါပြီ။ ပိုပြီးဂုဏ်ယူစရာကောင်းတဲ့အချက်က Kai က Gucci ကခေါ်ယူခဲ့တဲ့ ပထမဆုံးကိုရီးယားအနုပညာရှင်ပါတဲ့။
၂။ Kris Wu for Louis Vuitton
မကြာသေးခင်ကမှ Louis Vuitton ကသူတို့ရဲ့ weibo စာမျက်နှာမှာ ambassador အသစ်ကိုချပြခဲ့ပါတယ်။ သူကတော့ အားလုံးရဲ့အချစ်တော် Kris Wu ပါ။ သူ့ရဲ့မြင့်မားတဲ့အရပ်နဲ့ ခန္ဓာကိုယ် အချိုးအစားက ဒီလိုbrand နဲ့လိုက်ဖက်နေပြီးသားပါ။
၃။ Kris Wu for Burberry
Kris ကို brand ambassador အနေနဲ့အခုမှပထမဆုံးတွေ့ရတာမဟုတ်ပါဘူးနော်။ သူက ၂၀၁၇ ခုနှစ်ထဲက Burberry ရဲ့ ambassador အနေနဲ့ဆောင်ရွက်ပေးခဲ့ပြီး သူ့ရဲ့ကိုယ်ပိုင်ဒီဇိုင်းနဲ့ ပစ္စည်းတွေလည်း ထုတ်လုပ်ခဲ့ပါသေးတယ်။
၄။ BLACKPINK’s Jennie for Chanel
Jennie လို့ပြောလိုက်ရင် Chanel ကိုပြေးမြင်ရလောက်အောင် brand နဲ့တစ်သားတည်းဖြစ်တဲ့ ambassador တစ်ယောက်ပါ။ သူမရဲ့ ဖက်ရှင်အမြင်က လူငယ်ပရိတ်သတ်ကိုကောင်းကောင်းဆွဲဆောင်နိုင်လို့ brand ကအားထားရသူတစ်ယောက်ပါ။
၅။ BLACKPINK’s Jisoo for Dior
Jisoo ရဲ့လူတွေကြားမှာထင်းနေတဲ့အလှအပကို Dior ကသတိပြုမိပြီး သူတို့ရဲ့ Dior Beauty အလှကုန်အတွက် ambassador ခန့်အပ်ခဲ့ပါတယ်။
၆။ GOT7’s Jackson for Armani
Got7 အဖွဲ့ရဲ့ Jackson က Armani Brand ကထုတ်လုပ်တဲ့ ရေမွှေးအတွက် ကြောငြာပေးခဲ့ဖူးပါတယ်။ ဒီကြော်ငြာတွေပြီးနောက် ဒီနှစ်ဆန်းထဲမှာ သူ့ကို တရားဝင် Brand Ambassador အဖြစ်သူတို့ရဲ့ weibo စာမျက်နှာမှာကြေငြာခဲ့ပါတယ်။
၇။ BLACKPINK’s Rośe for Yves Saint Laurent
Saint Laurent က ၅၉နှစ်တိုင်တိုင်သူတို့နယ်ပယ်ကမဟုတ်တဲ့သူကို ambassadorအဖြစ် ခန့်အပ်ခြင်းမရှိခဲ့တဲ့ တံဆိပ်တစ်ခုပါ။ သူတို့စောင့်ထိန်းလာခဲ့တဲ့ဒီရိုးရာက ဖျက်သိမ်းရလောက်အောင် လှပလွန်းတဲ့ Rośeကို Ambassadorအဖြစ် ထိုက်ထိုက်တန်တန်ခန့်အပ်ခဲ့ပါတယ်။
၈။ BLACKPINK’s Lisa for Prada
Blackpink အဖွဲ့ရဲ့ ထိုင်းမလေး Lisa ကို Prada က Brand Ambassador အဖြစ်နှစ်စပိုင်းကရွေးချယ်ခဲ့ပါတယ်။ သူမရဲ့အောင်မြင်မှုနဲ့အလှအပက အားလုံးသိကြတဲ့အတိုင်းပဲမို့ prada ရဲ့ရွေးချယ်မှုက အမျှော်အမြင်ရှိလှပါတယ်နော်။
source : kpopstarz
written : helra