အတိတ်မှာ ဒဏ်ရာတွေ အပြည့်ရှိခဲ့သော တောင်ကိုရီးယားအနုပညာရှင်များ

လူတိုင်းဟာအောင်မြင်နေကြသည့် အနုပညာရှင်များကို အားကျကြမှာပါ။ပြည့်စုံသည့်ဘဝတစ်ခုကို ပိုင်ဆိုင်ထားတယ်၊ ငွေကြေးချမ်းသာတယ်၊ ရုပ်ရည်ချောမောတယ်။ ဒါတွေဟာ လူတိုင်းလိုချင်နေတဲ့ အိမ်မက်ပါ။ သို့သော်ထိုကဲ့သို အောင်မြင်နေသည့်ပုံရိပ်အောက်မှာ ဝမ်းနည်းမှုတွေကို ဖြတ်သန်းခဲ့ရမှာကိုတော့ လူအများကသတိထားမိချင်မှ ထားမိမှာပါ။ခုဖော်ပြပေးမယ့် သူတွေဟာဆိုရင် ဘဝနာခဲ့ရသော၊လောကဓံ၏ လှိုင်းတံပိုးရိုက်ခက်ခံခဲ့ရသည့် အနုပညာရှင်များ ဖြစ်ပါတယ်။

1.Leeteuk (Superjunior)

Leeteuk ကတော့ သူ့အသက်ငါးနှစ်အရွယ်မှာ မိဘတွေ၏ ကွားရှင်ပြတ်ဆဲမှုနှင့်ကြုံတွေ့ခဲ့ရပါတယ်။ သူ့မိဘတွေ အဆင်မပြေဖြစ်သည့် အချိန်တိုင်းမှာ ငါးနှစ်သာအရွယ်သာရှိသည့် Leeteuk ဟာဘာမှနားမလည်နိုင်ခဲ့ပါဘူး။ အဖေကရိုက်တယ်။ ရိုက်တာမှ ဘယ်လောက်ထိရိုက်သလဲဆိုရင် အဖေဆိုတာကိုမေ့သွားပြီး ကြောက်စရာကောင်းသူတစ်ဦးအဖြစ် မှတ်မိနေအောင်ပင် လုပ်နိုင်ခဲ့ပါတယ်လို့ ဆိုခဲ့ပါတယ်။ မိဘတွေအဆင်မပြေမှု၏ သားကောင်ဖြစ်ခဲ့ပါတယ်။ အခုအချိန်အထိ အဲ့ဒီအိမ်မက်ဆိုးဟာ ရှိနေတုန်းပဲလို့ Leeteuk ကပြောပြခဲ့ဖူးပါတယ်။ Leeteuk စစ်မှုထမ်းချိန်မှာတော့ Leeteukရဲ့အဖေဟာ သူ့၏အဖေနှင့်အမေကိုလည်း သတ်လိုက်ပြီး သူ့ကိုယ်သူလည်း အဆုံးစီရင်ခဲ့ပါတယ်။

2.Dara ( 2ne1)

Sandara park ကတော့ Philippines (ဖီလပိုင်)မှာ အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်ခဲ့ဖူးပါတယ်။သို့သော် Dara အဖေဟာ သူမရှာထားသမျှပိုက်ဆံများကို လောင်ကစားနေရာတွင်သုံး၊ လူလိမ်ခံရအောင်လုပ် စသည်တို့ကိုပြုလုပ်ခဲ့ပါတယ်။ မိသားစုအသုံစရိတ်အတွက်ကို Dara ဟာ sesi ကျကျ ဓာတ်ပုံများကို မလုပ်ချင်ပဲ ရိုက်ကူးခဲ့ရပါတယ်။ ထိုကိစ္စများဟာ သူမအောင်မြင်လာသည့်အခါမှာတော့ မလိုသူ များ၏တိုက်ခိုက်စရာ လက်နက်တစ်ခုဖြစ်လာခဲ့ပါတယ်။ သို့သော်ထိုကဲ့သို့တိုက်ခိုက်မှုတွေဟာ Sandara ရဲ့အောင်မြင်မှုတွေကို မရပ်တန့်နိုင်ခဲ့ပါဘူး။ 2ne1 အဖွဲ့ဝင် Sandara Park ဆိုတာဟာ ကမ္ဘာကျော် နာမည်ကြီးတစ်ယောက် ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းတွင်တော့ Dara ၏ဖခင်လည်း အဖမ်းခံလိုက်ရပြီး Daraလည်းသူ့မ၏မိသားစုနှင့်အတူ တောင်ကိုရီးယားတွင် အခြေချ နိုင်ခဲ့ပါတယ်။

 

3.Jaejoong

Jaejoong ဟာငယ်ငယ်လေးနှင့် သူ၏မိခင်အရင်းမှ ငွေကြေးမတတ်နိုင်တော့သဖြင့် သူများထံတွင် မွေးစားခြင်းကို ခံခဲ့ရပါတယ်။အသက် ၁၅ နှစ်မှာတော့ Seoul မြို့ကို သူ့၏အိမ်မက်တွေကို အကောင်အထည်ဖော်ရန် တက်လာခဲ့ပါတယ်။ SM entertainment မှပြုလုပ်သည့် လူရွေးပွဲမှာ ဝင်ပြိုင်ခဲ့ပါတယ်။ ထိုအချိန်တုန်းက Jae Joong ဟာ နေစရာနေရာ၊စားစရာပင်မရှိခဲ့ပါဘူး။ များပြားလှသည့် အချိန်ပိုင်းအလုပ်များစွာကို လုပ်မှ နောက်ဆုံး နေစရာလေးတစ်နေရာနှင့် စားစရာပုံမှန်ရှိခဲ့ပါတယ်။ ရုပ်ရှင်တွေမှာ ဖြတ်လျှောက်နေရာတွင်သရုပ်ဆောင်၊ နောက်ဆုံး သွေးလက်ခံသည့် blood bank တွေမှာပါ သွေးရောင်းခဲ့ဖူးတယ်လို့ သိရပါတယ်။

 

4.Lee Hyori

တောင်ကိုရီးယား၏ နာမည်ကျော် Lee Hyori ဟာလည်း ဘဝနာခဲ့ရသည့် သူတစ်ယောက်ပါ။ သူမဟာဆင်းရဲသည့် မိသားစုမှာမွေးဖွားခဲ့ပြီး ငယ်ငယ်တုန်းက အရမ်းပင်ပန်းဆင်းရဲမှုဒဏ်ကြောင့် မိဘများကိုပင် မုန်းတီးခဲ့ဖူးသည်ဟု ပြောဖူးပါတယ်။ ဘယ်လောက်ထိ ဆင်းရဲခဲ့သလဲဆိုရင် သူမကိုမိဘများက လူအများတတ်နိုင်သည့် မှုကြိုပင် မထားခဲ့နိုင်ပါဘူးတဲ့။ သို့ပင်မဲ့ ယခုမှာတော့ တောင်ကိုရီးယား၏ အချမ်းသာဆုံး အနုပညာရှင်တစ်ဦးတောင် ဖြစ်နေပါပြီ။

5.Yoona

Yoona ကတော့ ငယ်ငယ်လေးနှင့် မိတကွဲ၊ဖတကွဲ နေခဲ့ရတာပါ။သူမ၏မိဘများဟာ ကွာရှင်းခဲ့ပြီး သူမကိုတော့ ဖခင်ဖြစ်သူကပဲ ပြုစုပျိုးထောင်ခဲ့ပါတယ်။ ဒါကြောင့်မိခင်နှင့် ပက်သက်၍ အမှတ်ရစရာ သိပ်မရှိလှပါဘူး။ Yoona ဟာ မိသားစုနှင့်ပက်သက်၍ ပြောလေ့ပြောထ ရှိသည့်သူတစ်ယောက်တော့မဟုတ်ပါ။ Dear Mom ဆိုသည့် သီချင်းဆိုရာတွင်လည်း Yoona၏မျက်နှာပေါ်တွင် နာကျင်နေသည့်အရိပ်တွေ တွေ့ခဲ့ရပါတယ်။ မိခင်နှင့်ပက်သက်ပြီး စိတ်ဒဏ်ရာ တော်တော်ကြီးခဲ့ပုံရပါတယ်။ ဆုရစဉ်တုန်းကလည်း Yoona ဟာသူမ၏ ဖခင်ကိုသာ ကျေးဇူးတင်စကားပြောခဲ့ပါတယ်။

လူတိုင်းမှာ အားလုံးတော့ ပြည့်စုံနေမှာမဟုတ်ပါ။ အပြုးံ တွေ၏ နောက်ကွယ်မှာတော့ နာကျင်မှုတွေ ရှိကြစမြဲပါ။ ဆင်းရဲ့သည့်မိသားစုမှ မွေးဖွားလာသည်ဆိုတာဟာ ကိုယ့်အမှားမဟုတ်ပါ၊ အသေအချာသိရမှာကတော့ မိမိသေဆုံးတော့မည့်အချိန်မှာတော့ အတိုင်းအတာတစ်ခုအထိ ပြည့်စုံနေရန်လိုအပ်ပါတယ်။ ယခုဖော်ပြပေးလိုက်တာကတော့ ဒဏ်ရာအပြည့်နှင့် ဘဝကိုဖြတ်သန်းခဲ့ရသော်လည်း လက်ရှိမှာတော့ တောင်ကိုရီးယား၏ အောင်မြင်သည့် အနုပညာရှင်တွေ ဖြစ်နေကြပြီပဲ ဖြစ်ပါတယ်။ ဘဝကိုအရှုံးမပေးဘဲ ကြံကြံခိုင်ဖြတ်သန်းလာနိုင်သည့် စိတ်ဓာတ်များကတော့ အတော်ပင်လေးစားစရာ ကောင်းလှပါတယ်။

Source: ReelRundown
Written: Phoo Phoo

Share