သရုပ်ဆောင်အပြင် သီချင်းဆိုတာပါ ကျွမ်းကျင်တဲ့ ကိုရီးယားမင်းသားများ (ရုပ်သံ)

ယောက်ျားလေးတစ်ယောက်ဟာ ချောမောတဲ့အပြင် သီချင်းဆိုပါ ကောင်းတယ်ဆိုရင်တော့ အတော်လေးဆွဲဆောင်မှုရှိတယ်လို့ဆိုရမှာပါ။ ဒီမင်းသားတွေကတော့ အရာရာပြီးပြည့်စုံတာမို့ ပျိုမေတို့ရဲ့အသဲစွဲ ဖြစ်နေတာလံ မဆန်းပါဘူး။ အဆိုတော်ပါလုပ်လို့ရတဲ့ အသံပိုင်ရှင် မင်းသားတွေကတော့

Kim Soo Hyun (သီချင်းရုပ်သံပါဝင်သည်)


ချောမောတဲ့ရုပ်ရည်နဲ့ ဇာတ်လမ်းရွေးချယ်ရိုက်ကူးတတ်မှုကြောင်​့ နာမည်ကျော်တဲ့ Kim Soo Hyun ဟာ သီချင်းဆိုလဲ အရမ်းကောင်းပါတယ်။ Dream High ဇာတ်လမ်းတွဲမှာ သူ့ရဲ့သီချင်းဆိုသံကို ကြားလိုက်ရတဲ့ ပရိတ်သတ်တိုင်း အံ့ဩတကြီးဖြစ်ခဲ့ရတာပါ။

Kang Ha Neul (သီချင်းရုပ်သံပါဝင်သည်)


ဂီတပြဇာတ်တွေနဲ့ အနုပညာခြေလှမ်းစတင်ခဲ့တာမို့ သီချင်းဆိုကောင်းတာ အဆန်းတော့မဟုတ်ပါဘူး။ သူ့ပုံစံလေးလိုပဲ နွေးထွေးလေးနက်တဲ့ အသံလေးဟာ သီချင်းဆိုတဲ့အခါ စီးမြောပြီးပိုင်နိုင်စွာဆိုတာမို့ နားထောင်လို့အရမ်းကောင်းပြီး အဆိုတော်တွေနဲ့တောင် ယှဉ်လို့ရပါတယ်။

Lee Joon Ki (သီချင်းရုပ်သံပါဝင်သည်)


မင်းသားအဖြစ်ရပ်တည်နေပေမယ့် ဂီတကိုရူးသွပ်တဲ့ Lee Joon Ki ဟာ album တွေလဲ ထုတ်ခဲ့ပြီး ပရိတ်သတ်တွေနဲ့တွေ့ဆုံရင်လဲ သီချင်းဆိုပြတတ်ပါတယ်။ သရုပ်ဆောင်တော်ရုံတင်မက အသံအရမ်းကောင်းပြီး ဘယ်လိုသီချင်းမဆို ကျွမ်းကျွမ်းကျင်ကျင်ဆိုနိုင်တဲ့ အဆိုပါရမီရှင်ပါ။

Hyun Bin (သီချင်းရုပ်သံပါဝင်သည်)


အားလုံးရဲ့အချစ်တော် ဗိုလ်ကြီးကလဲ သီချင်းဆိုကောင်းပါတယ်နော်။ Secret Garden ဇာတ်လမ်းတွဲမှာ သူသီဆိုထားတဲ့ ဇာတ်ဝင်သီချင်း That Man ဟာ အရမ်းအောင်မြင်ခဲ့တာပါ။ တည်ငြိမ်ချိုသာတဲ့အသံနဲ့ ပရိတ်သတ်တွေ စီးမြောသွားအောင် သီဆိုနိုင်တာမို့ နားထောင်လို့တောင် မဝနိုင်ပါဘူး။

Lee Min Ho (သီချင်းရုပ်သံပါဝင်သည်)


မလုပ်တတ်တာ ဘာရှိလဲလို့ မေးရလောက်တဲ့အထိ ဘက်စုံထူးချွန်တဲ့ Lee Min Ho ဟာ ဂီတမှာလဲ စွမ်းရည်အပြည့်နဲ့ပါ။ ပရိတ်သတ်တွေအတွက် ရေးဖွဲ့ထားတဲ့ My Everything သီချင်းမှာ သူ့ရဲ့အသံပါဝါကောင်းကောင်းနဲ့ ခံစားသက်ဝင်ပြီး ဆိုခဲ့တာကြောင့် ပရိတ်သတ်တွေ အကြိုက်တွေ့ခဲ့ရပါတယ်။

Park Bogum (သီချင်းရုပ်သံပါဝင်သည်)


မင်းသားလုပ်ဖို့မဆုံးဖြတ်ခင်က Big 3 ရဲ့ခက်ခဲတဲ့ လူရွေးပွဲတွေကို အဆိုပညာနဲ့ ကျော်ဖြတ်အောင်မြင်ခဲ့တာမို့ အဆိုပိုင်တာကတော့ အံ့မခန်းပါပဲ။ စန္ဒာရားလဲတီးတတ်ပြီး ကြည်လင်ချိုမြနေတဲ့ အသံလေးနဲ့ သီချင်းဆိုပြလိုက်တိုင်း မိန်းကလေးတွေပစ်ကြွေရသူတစ်ဦးပါ။

Jo Jung Suk (သီချင်းရုပ်သံပါဝင်သည်)


သူပါဝင်တဲ့ ဇာတ်လမ်းတွဲတွေအတွက် ဇာတ်ဝင်တေးများစွာ သီဆိုခဲ့ပြီး Hospital Playlist ထဲမှာ သူပြန်လည်သီဆိုထားတဲ့ Aloha သီချင်းဟာ အထူးရေပန်းစားခဲ့ပါတယ်။ ဂီတကိုချစ်မြတ်နိုးလွန်းပြီး အသံပါရမီကလဲ အဆိုတော်တွေထက်တော့ မလျော့ပါဘူး။

Yoon Shi Yoon (သီချင်းရုပ်သံပါဝင်သည်)


သရုပ်ဆောင်မလုပ်ပဲ idol လုပ်ခဲ့ရမှာလို့ ပရိတ်သတ်တွေ တညီတညာတည်းမှတ်ချက်ပြုရလောက်တဲ့ အထိ အဆိုကျွမ်းကျင်ပါတယ်။ Hit The Top ဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်ခန်းအတွက် စင်မြင့်ပေါ်မှာ သီဆိုကပြခဲ့တုန်းက တကယ့်ပရော်ဖက်ရှက်နယ် idol တစ်ယောက်လိုပါပဲ။

Ji Chang Wook (သီချင်းရုပ်သံပါဝင်သည်)


အက်ရှင်ကားတွေ အရိုက်များပြီး အမြဲလိုလို တိုက်ခိုက်နေတဲ့ဇာတ်ဝင်ခန်းတွေနဲ့ တွေ့နေရလို့ သီချင်းမဆိုတတ်ဘူး ထင်ရင် မှားသွားပါလိမ့်မယ်။ သူ့ရဲ့ကာရိုက်တာတွေနဲ့ ကွဲပြားတဲ့ အသံချိုချိုလေးဟာ သီချင်းအေးလေးတွေနဲ့အရမ်းလိုက်ဖက်ပြီး နားထောင်လိုက်တိုင်း ရင်ထဲအေးသွားစေမှာပါ။

Jang Geun Suk (သီချင်းရုပ်သံပါဝင်သည်)


ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာ အဆိုတော်အဖြစ်သရုပ်ဆောင်ဖူးတဲ့ Jang Geun Suk ဟာ ပြင်ပဘဝမှာလဲ ဂီတကိုဝါသနာကြီးသူဖြစ်ပြီး သီချင်းခွေတွေထုတ်ဖူးတဲ့အပြင် နာမည်ကြီးဇာတ်ဝင်တေးတွေကိုလဲ ကိုယ်တိုင်သီဆိုခဲ့ပါသေးတယ်။ အဆိုတော်တဖြစ်လဲ မင်းသားလေးပါ။

Lee Kwang Soo (သီချင်းရုပ်သံပါဝင်သည်)


အမြဲတမ်း ဘာမှမလုပ်တတ်သလိုပုံစံနဲ့ ဟာသတွေလုပ်ပြီး ပရိတ်သတ်တွေကိုရယ်မောစေတဲ့ ဂွမ်ဆူကတော့ Running Man ပရိတ်သတ်တွေ့ဆုံပွဲမှာ အတည်ပေါက်နဲ့သီချင်းဆိုပြလိုက်တဲ့အခါမှာတော့ ပရိတ်သတ်တွေအားလုံး ပါးစပ်အဟောင်းသားဖြစ်ခဲ့ရပါတယ်။

Myanmar Cele Bar ပရိတ်သတ်တွေလည်း ကိုယ်ချစ်ခင်အားပေးတဲ့မင်းသားက သီချင်းဆိုကောင်းလို့ ဂုဏ်ယူနေကြပြီလို့ထင်ပါတယ်။ ဒီမင်းသားတွေထဲက ဘယ်သူ့ရဲ့အသံကို အကြိုက်ဆုံးလဲဆိုတာ ပြောပြပေးသွားပါဦးနော်။

source : koreaboo
written : Dar Dar

Share