ထိုင်းနိုင်ငံဖွား k idol ငယ်သူငယ်ချင်းနှစ်ယောက် အတူရိုက်ကူးခဲ့တဲ့ကြော်ငြာ

ငယ်စဉ်ကတည်းက သူငယ်ချင်းတွေဖြစ်ခဲ့ပြီး အခုအခါမှာ kpop လောကမှာ အောင်မြင်မှုအသီးသီးရရှိနေကြတဲ့ ဒိတ်ဒိတ်ကြဲ ထိုင်းလူမျိုး idol နှစ်ဦးဖြစ်တဲ့ Bam Bam နဲ့ Lisa ကတော့ သူတို့နှစ်ယောက်ကို အတူတူထပ်တွေ့ချင်သေးတယ်ဆိုတဲ့ ပရိတ်သတ်တွေရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးလိုက်ပါပြီ။

သူတို့နှစ်ဦးဟာ နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ ‘AIS Moblie’ နဲ့ အလုပ်တွဲလုပ်နေကြတာဖြစ်ပြီး ဒီတစ်ခါတော့ ထိုင်းနိုင်ငံရဲ့ပထမဆုံး 5G data အတွက်ကြော်ငြာ ဗီဒီယိုရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်။နှစ်ယောက်လုံးရဲ့ ချောမောလှပမှုကတော့ ကြည့်ရှုသူပရိတ်သတ်တိုင်းကို မှင်သက်သွားစေခဲ့တာပါ။

AIS Mobile ကတော့ ဒီနှစ်ယောက်နဲ့ ကြော်ငြာရိုက်ကူးခဲ့တာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ပါပဲ။ ထိုင်းနိုင်ငံနဲ့ kpop လောကရဲ့ အဖိုးတန်ရတနာလေးနှစ်ယောက်ကို ချစ်ကြတဲ့ ပရိတ်သတ်တွေလဲ ကြော်ငြာလေးကိုမကြည့်ရသေးရင် ကြည့်လိုက်ပါဦးနော်။

source: allkpop
written: Dar Dar

Share