Jung So Min နှင့် Lee Joon တို့လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်းအတည်ပြု

မင်းသမီး Jung So Min နှင့် မင်းသား Lee Joon တို့ဟာ Father is strange ဆိုသည့် ဇာတ်လမ်းတွဲရိုက်ကူအပြီးမှာ ချစ်သူတွေဖြစ်ခဲ့တာပါ။သူတို့နှစ်ဦးဟာ လိုက်ဖက်လွန်းလှသည့်အတွက် လူအများအားကျရလောက်သည့် အတွဲတစ်တွဲလည်း ဖြစ်ခဲ့ပါတယ်။

2017မှာစတင်ခဲ့သည့် သူတို့၏ချစ်သူဆက်ဆံရေးကတော့ ယခုလိုသုံးနှစ်အကြာမှာတော့ ရပ်ဆိုင်းလိုက်ပါပြီ။ ဇွန်လ ၂၆ရက်နေ့မှာ Dispatch သတင်းငှါန၏ ထုတ်ပြန်ချက်အရ Jung So Min နှင့် Lee Joon တို့ဟာလမ်းခွဲ လိုက်ကြပါပြီ။

ထုတ်ပြန်ချက်ကတော့ “သူတို့နှစ်ဦးက လမ်းခွဲလိုက်ပါပြီ။ဒါပေမဲ့ ကောင်းမွန်သည့် ဆက်ဆံရေးအနေနှင့်တော့ အချင်းချင်းအားပေး၍ ဆက်ရှိနေအုန်းမှာပါ”ဟု ထုတ်ပြန်ခဲ့ပါတယ်။

နှစယောက်စလုံး၏ အေဂျင်စီများကလည်း သူတို့နှစ်ဦးလမ်းခွဲလိုက်ပြီဆိုတာကို အတည်ပြုလိုက်ပါပြီ။ Lee Joon ၏အေဂျင်စီဖြစ်သည့် Prain TPC ကတော့ “Lee Joon နှင့် Jung So Min တို့ကလမ်းခွဲလိုက်ပါပြီ။ မကြာခင်မှာလည်း မင်းသား Lee Joon အနေနှင့် ပရိတ်သတ်ထံကို ကောင်းမွန်သည့်အနုပညာလက်ရာအသစ်တွေ ချပြတော့မှာပါ”လို့ဆိုခဲ့ပါတယ်။

Jung So Min ၏ အေဂျင်စီဖြစ်သော Blossom entertainment ကလည်း “သူတို့နှစ်ဦးဟာ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေ အဖြစ်တော့ ဆက်လက်ရှိနေဦးမှာပါ”ဟုပြောခဲ့ပါတယ်။ Dispatch ကတော့ “သူတို့နှစ်ဦး ဆက်ဆံရေးဟာ အေးခဲနေတာကြာခဲ့ပါပြီ။

နှစ်ဦးစလုံးကလည်း အလုပ်များနေသည့်အတွက် တစ်ယောက်နှင့်တစ်ယောက် အချိန်မပေးနိုင်တော့သည့်အတွက် လမ်းခွဲလိုက်ကြတာပါ။ ပရိတ်သတ်များကတော့ သူတို့နှစ်ဦး၏ ဆုံးဖြတ်ချက်ကို လေးစားကြပုံထောက်ပါတယ်။ မည်ကဲ့သိုတစ်စုံတစ်ရာ မှတ်ချက်များ ပေးခြင်းတော့မရှိသေးပါ။

Source: Soompi
Written: Phoo Phoo

Share