မျှော်လင့်စောင့်စားရကျိုးနပ်တဲ့ BLACKPINK ရဲ့ ‘How You Like That’

ဂျွန်လ ၂၆ ရက် မြန်မာစံတော်ချိန် ညနေ ၃:၃၀ မှာတော့ ပရိတ်သတ်တွေအချိန်အကြာကြီး စောင့်မျှော်ခဲ့ရတဲ့ BLACKPINK ရဲ့ ‘How You Like That’ MV ဟာ ထွက်ရှိလာပါပြီ။ တစ်နှစ်ကျော်ကြာပြီးမှ သီချင်းသစ်နဲ့ပြန်လာခဲ့တာမို့ အားလုံးစိတ်လှုပ်ရှားစွာ စောင့်မျှော်ခဲ့ရတဲ့ comeback ပါ။

BLACKPINK ကတော့ ထုံးစံအတိုင်း သီချင်း၊ကကွက်၊ ဖက်ရှင် ဘက်စုံထောင့်စုံက ပြီးပြည့်စုံအောင်ပြင်ဆင်ထားတာကို တွေ့ရပါတယ်။ နားစွဲလွယ်တဲ့ သီချင်းမြူးမြူး ခက်ခဲသလိုလှပလွန်းတဲ့ ကကွက်တွေနဲ့ member တွေရဲ့ ဖက်ရှင်နဲ့မိတ်ကပ်အပြင်အဆင်ဟာ ရူးလောက်အောင် မိုက်လွန်းပါတယ်။

သီချင်းဟာစတင်ထွက်ရှိပြီး တစ်နာရီမပြည့်ခင်မှာပဲ အင်တာနက်သုံးစွဲသူတွေကြားမှာ လူပြောများခဲ့ပြီး တစ်နာရီအတွင်းမှာ လူအများဆုံးနားထောင်တဲ့ girl group သီချင်းတစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။

ပရိတ်သတ်ကိုဘယ်တော့မှ စိတ်မပျက်စေခဲ့တဲ့ BLACKPINK ကတော့ ‘How You Like That’ နဲ့ဘယ်လို စံချိန်တွေထပ်ချိုးဦးမလဲဆိုတာတော့ ဂုဏ်ယူစွာနဲ့ စောင့်ကြည့်ရဦးမှာပါ။

written : Dar Dar

Share