Kwon Nara နဲ့ Kim Myung Soo ပါဝင်လာဖို့ရှိတဲ့ နန်းတွင်းနောက်ခံ ဇာတ်လမ်းတွဲသစ်

Idol ကနေ သရုပ်ဆောင်လောကကိုခြေချလာကြတဲ့ အကျော်အမော် မင်းသားနဲ့မင်းသမီးနှစ်လက်ဖြစ်တဲ့ Kwon Nara နဲ့ Kim Myung Soo တို့ဟာ နန်းတွင်းနောက်ခံရှေးခေတ်ဇာတ်လမ်းတွဲဖြစ်တဲ့ ‘New Secret Royal Inspector’ မှာ ပါဝင်ဖို့ ကမ်းလှမ်းခံထားရတယ်လို့ သိရပါတယ်။

ဇာတ်လမ်းတွဲကတော့ ဂျိုဆွန်းခေတ်က ဘုရင်ကိုယ်တိုင်ခန့်အပ်ထားတဲ့ တော်ဝင်စစ်ဆေးရေးအရာရှိတွေရဲ့ နန်းပြင်မှာ လျှို့ဝင်အသွင်ယူပြီး သာမာန်ပြည်သူတွေဆီက အကျင့်ပျက်ခြစားမှုနဲ့ပတ်သက်တဲ့ သတင်းတွေကို လိုက်ထောက်လှမ်းရပုံကို စိတ်ဝင်စားဖွယ်ရိုက်ကူးပြမှာ ဖြစ်ပါတယ်။

Ilgan Sports သတင်းဌာနက ထွက်ရှိလာတဲ့ သတင်းတွေအရတော့ Kwon Nara သာပါဝင်ဖို့အတည်ပြုခဲ့ရင် အပြုံးလေးတစ်ပွင့်နဲ့တောင် ယောက်ျားသားတွေကို မိန်းမောသွားအောင်ဆွဲဆောင်နိုင်တဲ့ ကချေသည်မိန်းမလှလေး Hong Da In အဖြစ် ပါဝင်သွားမယ်လို့ ခန့်မှန်းရပါတယ်တယ်။

ကမ်းလှမ်းခံထားရတဲ့ မင်းသားဖြစ်တဲ့ Kim Myung Soo နဲ့ မင်းသမီး Kwon Nara ကလဲ ကာရိုက်တာပေါင်းစုံကို နာမည်ကြီးဒရမ်မာတွေမှာ ပီပြင်စွာသရုပ်ဆောင်ခဲ့တာ ပရိတ်သတ်တွေတွေ့မြင်ပြီးသား ဖြစ်သလို ဇာတ်လမ်းကလဲ စိတ်ဝင်စားဖွယ်ကောင်းလွန်းတာကြောင်​့ ပရိတ်သတ်တွေကတော့ ကမ်းလှမ်းချက်ကို လက်ခံဖို့မျှော်လင့်နေကြပါတယ်။

(Zawgyi) Kwon Nara နဲ႔ Kim Myung Soo ပါဝင္လာဖို႔ရွိတဲ့ နန္းတြင္းေနာက္ခံ ဇာတ္လမ္းတြဲသစ္

Idol ကေန သ႐ုပ္ေဆာင္ေလာကကိုေျခခ်လာၾကတဲ့ အေက်ာ္အေမာ္ မင္းသားနဲ႔မင္းသမီးႏွစ္လက္ျဖစ္တဲ့ Kwon Nara နဲ႔ Kim Myung Soo တို႔ဟာ နန္းတြင္းေနာက္ခံေရွးေခတ္ဇာတ္လမ္းတြဲျဖစ္တဲ့ ‘New Secret Royal Inspector’ မွာ ပါဝင္ဖို႔ ကမ္းလွမ္းခံထားရတယ္လို႔ သိရပါတယ္။

ဇာတ္လမ္းတြဲကေတာ့ ဂ်ိဳဆြန္းေခတ္က ဘုရင္ကိုယ္တိုင္ခန႔္အပ္ထားတဲ့ ေတာ္ဝင္စစ္ေဆးေရးအရာရွိေတြရဲ့ နန္းျပင္မွာ လၽွို႔ဝင္အသြင္ယူၿပီး သာမာန္ျပည္သူေတြဆီက အက်င့္ပ်က္ျခစားမႈနဲ႔ပတ္သက္တဲ့ သတင္းေတြကို လိုက္ေထာက္လွမ္းရပုံကို စိတ္ဝင္စားဖြယ္ရိုက္ကူးျပမွာ ျဖစ္ပါတယ္။

Ilgan Sports သတင္းဌာနက ထြက္ရွိလာတဲ့ သတင္းေတြအရေတာ့ Kwon Nara သာပါဝင္ဖို႔အတည္ျပဳခဲ့ရင္ အျပဳံးေလးတစ္ပြင့္နဲ႔ေတာင္ ေယာက္်ားသားေတြကို မိန္းေမာသြားေအာင္ဆြဲေဆာင္နိုင္တဲ့ ကေခ်သည္မိန္းမလွေလး Hong Da In အျဖစ္ ပါဝင္သြားမယ္လို႔ ခန႔္မွန္းရပါတယ္တယ္။

ကမ္းလွမ္းခံထားရတဲ့ မင္းသားျဖစ္တဲ့ Kim Myung Soo နဲ႔ မင္းသမီး Kwon Nara ကလဲ ကာရိုက္တာေပါင္းစုံကို နာမည္ႀကီးဒရမ္မာေတြမွာ ပီျပင္စြာသ႐ုပ္ေဆာင္ခဲ့တာ ပရိတ္သတ္ေတြေတြ႕ျမင္ၿပီးသား ျဖစ္သလို ဇာတ္လမ္းကလဲ စိတ္ဝင္စားဖြယ္ေကာင္းလြန္းတာေၾကာင္​့ ပရိတ္သတ္ေတြကေတာ့ ကမ္းလွမ္းခ်က္ကို လက္ခံဖို႔ေမၽွာ္လင့္ေနၾကပါတယ္။

source: Soompi
written: Dar Dar

Share