ဒရမ်မာချစ်သူတွေ အကြိုက်တွေ့ခဲ့ရတဲ့ Kdrama တွေထဲက ခမ်းခမ်းနားနား အိမ်ကြီးများ

မင်းသားမင်းသမီး​ ချောချောလှလှလေးတွေအပြင် ကေဒရမ်မာတွေရဲ့ ဆွဲဆောင်မှုနောက်တစ်ခုကတော့ အဓိကဇာတ်ဆောင်တွေနေထိုင်တဲ့ ခမ်းနားလှပတဲ့ အိမ်ကြီးတွေပါပဲ။ ဒီအိမ်တွေကတော့ ကေဒရမ်မာပရိတ်သတ်တွေ ကိုရီးယားရောက်ရင် သွားကြည့်ကိုကြည့်ရမယ့် နေရာတွေထဲမှာ ပါပါတယ်။

၁။ Goblin ထဲကအိမ်ကြီး


Goblin ဇာတ်လမ်းတွဲထဲမှာ ဦးဦးမှင်စာပိုင်တဲ့ အိမ်ကြီးကို အားလုံးပဲသဘောကျ နှစ်ခြိုက်ခဲ့ရမယ်လို့ထင်ပါတယ်။ အပြင်မှာလဲ ရဲတိုက်ကြီးတမျှခမ်းနားပြီး အတွင်းပိုင်းအပြင်အဆင်တွေက လှပလွန်းပါတယ်။

၂။ The Legend of The Blue Sea ထဲကအိမ်ကြီး


သူဌေးလေး Heo Joon Jae ရဲ့အိမ်ကိုလဲ ဒရမ်မာချစ်သူတွေ မကြာခဏ ဓာတ်ပုံသွားရိုက်နေကြပါတယ်။ အပြင်အဆင်လှပသလို indoor ရေကူးကန်ကြီးနဲ့ Namsan တာဝါကိုလှမ်းမြင်နိုင်တဲ့ ဝရံတာကျယ်ကြီးလဲရှိပါတယ်။

၃။ You Who Came From The Star ထဲကအိမ်ကြီး


ဒိုမင်ဂျွန်းလေးနေထိုင်တဲ့ အိမ်ဟာ အိမ်ထဲမှာသစ်ပင်ကြီးတစ်ပင်ရှိနေတာက ထူးခြားမှုပါ။ ခေတ်ဆန်ဆန်အပြင်အဆင်တွေထက် အတွင်းပိုင်းကို အလင်းဖျော့ဖျော့လေးနဲ့ အိပ်မက်ဆန်ဆန်တန်ဆာဆင်ထားပြီး ခမ်းနားတဲ့ စာကြည့်ခန်းကြီးကတော့ အသက်ပါပဲ။

၄။ Shopping King Louis ထဲကအိမ်ကြီး


အိမ်ထက် နန်းတော်ကြီးလို့ပြောရင် ပိုမှန်မယ်ထင်ပါတယ်။ အံ့အားသင့်စရာကောင်းလောက်အောင် ကြွယ်ဝတဲ့ သူဌေးလေးလူဝီရဲ့ မြက်ခင်းကျယ်ကြီးနဲ့အိမ်ကြီးကတော့ ပြင်သစ်နိုင်ငံမှာရှိပြီး အိမ်ကြီးရဲ့ကြီးမားကျယ်ဝန်းမှုနဲ့တင် ဖျားလောက်ပါတယ်။

၅။ Chicago Typewriter ထဲကအိမ်ကြီး


စာရေးဆရာတစ်ယောက်ရဲ့အိမ် ဆိုတဲ့ အငွေ့အသက်မျိုး အပြည့်အဝရအောင် အဆင့်အတန်းမြင့်တဲ့ အနုပညာလက်ရာတွေကိုမြင်ရတဲ့ အိမ်ကြီးပါ။ နံရံအပြည့် စာအုပ်စင်ကြီးကတော့ ကြက်သီးထလောက်အောင် ခမ်းနားပါတယ်။

၆။ Personal Taste ထဲက အိမ်ကြီး


ခမ်းနားကြီးကျယ်တဲ့ ဇိမ်ခံအိမ်ကြီးတွေကြားထဲက ချစ်စရာရိုးရာအိမ်လေးကတော့ ဆွဲဆောင်မှုအရှိဆုံးပါပဲ။ Lee Min Ho နဲ့ Son Yejin အတူနေထိုင်ဖို့ ဖြစ်လာတဲ့ အိမ်ကလေးဟာ လက်မှုပညာလေးတွေနဲ့ အေးချမ်းပြီး နေချင်စရာပါ။

၇။ The Heirs ထဲကအိမ်ကြီး


ထုံးစံအတိုင်း သူဌေးလေး Lee Min Ho ရဲ့ ဇိမ်ခံအိမ်ကြီးပါပဲ။ ခေတ်မှီအပြင်အဆင်နဲ့ တစ်အိမ်လုံးမှန်ချပ်ကြီးတွေနဲ့ ခမ်းခမ်းနားနား ပြင်ဆင်ထားပြီး ပင်လယ်ကမ်းခြေရောက်နေသလို ခံစားချက်မျိုးရစေမယ့် ရေကူးကန်ကျယ်ကြီးကို အိမ်ရှေ့မှာထည့်သွင်းထားပါတယ်။

၈။ Full House ထဲကအိမ်ကြီး


အားလုံးကြိုက်ခဲ့ရတဲ့ ချစ်စံအိမ်ကလေးကတော့ အတွင်းပိုင်းမှာ စိတ်ကြည်နူးစရာ ချစ်စရာ ပြင်ဆင်ထားသလို ခြံဝန်းထဲမှာလဲ ဒန်းကလေးနဲ့ မြေပြင်လေးသဘာဝမြက်လေးတွေနဲ့ စိတ်အေးချမ်းစရာ မြင်ကွင်းလေးရှိပါတယ်။

၉။ Secret Garden ထဲကအိမ်ကြီး


သူဌေးလေး Hyun Bin နေထိုင်တဲ့ ရေကန်အလယ်က အိမ်ပုလေးကတော့ တကယ်ထူးခြားပါတယ်။ ရေကန်လယ်က ရတနာလေးတစ်ခုလို တည်ဆောက်ထားပြီး အိမ်တွင်းမှာတော့ ခေတ်မှီခမ်းနားစွာ တည်ဆောက်ထားပါတယ်။

၁၀။ Boys Over Flowers ထဲကအိမ်ကြီး

F4 ထဲက ကျိကျိတက်ချမ်းသာတဲ့ သူဌေးသားလေး ဂူဂျွန်ဖြိုရဲ့ အိမ်ကြီးကတော့ အားလုံးထဲမှာ အခမ်းနားဆုံးပါပဲ။ ဆင်ဝင်ကအစ မီးဖိုချောင်အဆုံး ကျယ်ဝန်းလှပြီး အစေခံတွေများစွာနဲ့ နန်းတော်ကြီးတမျှ ခမ်းနားလွန်းတာပါ။

source: Soompi
written: Dar Dar

Share