ပရိတ်သတ်များအရမ်းသဘောကျနေကြသည့် Wonder Girls အဖွဲ့ဝင်ဟောင်း Lim ၏မင်္ဂလာဆောင်ဓာတ်ပုံများ

Wonder Girls အဖွဲ့ဝင်ဟောင်းဖြစ်သည့် Lim ဟာ Shim Mim Cheol နှင့်လက်ထပ်သွားခဲ့ပါပြီ။ သူမတို့၏ Fairy tale ဆန်ဆန်ရိုက်ကူးထားသည့် ဓာတ်ပုံများဟာ အင်တာနက်အသုံးပြုသူများထံ ပျံ့နှံ့သွားခဲ့ပြီး အတော်ပင်ရေပန်းစားခဲ့ပါတယ်။

ဇူလိုင် ၂၄ရက်နေ့မှာတော့ KAMA Studio မှ သူတို့၏ မင်္ဂလာဓာတ်ပုံများ ထုတ်လိုက်ပါတယ်။ KAMA studios ကတော့ wedding နှင့်ပက်သက်သည့် ဓာတ်ပုံstudio တစ်ခုပါ။သူတို့၏ Instagram Acc တွင်အခြားလှပသော စုံတွဲများဓာတ်ပုံများလည်း ရှိပါတယ်။

Lim ဟာပင်ကိုကတည်း ရုပ်ရည်ချောမောသူဖြစ်သည့်အတွက် သူမဝတ်ဆင်ထားသော မင်္ဂလာဝတ်စုံနှင့် သူမဟာအတော်ကို လိုက်ဖက်နေတာပါ။စုစုပေါင်းဝတ်စုံသုံးစုံ ဝတ်ဆင်ခဲ့ပြီး အားလုံးနှင့်လိုက်ဖက်နေတာကို မြင်ရမှာပါ။

KAMA studiosကလက်ရာများကလည်း တော်တော်ကိုမိုက်နေတာပါ။ ပရိတ်သတ်အများစုကတော့ သတို့သမီးဝတ်စုံနှင့် သူမ၏ပုံရိပ်ဟာ မိန်းကလေးတိုင်း စိတ်ကူးယဉ်ထားသည့် ပုံစံမျိုးကွက်တိဖြစ်နေတယ်လို့ ပြောဆိုနေကြပါတယ်။

Fairy tale များထဲက မင်္ဂလာပွဲပုံစံမျိုးကို မြင်နေရမှာပါ။ပရိတ်သတ်ကြီးထဲမှာလည်း မင်္ဂလာဆောင်ခါနီး သတို့သား၊သတို့သမီးလောင်းလေးများရှိနေလျှင် Idea ယူသုံးလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

(Zawgyi) ပရိတ်သတ်များအရမ်းသဘောကျနေကြသည့် Wonder Girls အဖွဲ့ဝင်ဟောင်း Lim ၏မင်္ဂလာဆောင်ဓာတ်ပုံများ






Source: Allkpop
Written: Phoo Phoo

Share