Music show တွေမှာ win အများဆုံးရရှိထားတဲ့ kpop idol များ

Kpop idol တွေအနေနဲ့ သီချင်းသစ်တွေထွက်ပြီဆိုရင် music show တွေမှာ မအားမလပ်ရအောင်ကို သွားရောက်ဖျော်ဖြေရပါတယ်။ အဲ့ဒီ music show တွေက chart တွေမှာ အပတ်စဉ်ဗိုလ်စွဲနိုင်တာကလဲ အောင်မြင်မှုအတွက် အဓိကသော့ချက်ပါပဲ။ Win အများဆုံးရထားတဲ့ idol တွေက ဘယ်သူတွေလဲဆိုတာတော့ ကြည့်လိုက်ရအောင်

၁၀။ SHINHWA


အဖွဲ့သက်တမ်းအနေနဲ့ ၂၂ နှစ်ရှိပြီဖြစ်တဲ့ SHINHWA ဟာ kpop ခေတ်ဦးမှာ ကြောက်ခမန်းလိလိအောင်မြင်ခဲ့ပြီး ပွဲဦးထွက်စတည်းက အခုချိန်ထိ 62 wins နဲ့ စံချိန်တင်နေပါတယ်။

၉။ IU


တစ်ကိုယ်တော်အဆိုတော်မလေး IU ကတော့ ချိုသာတဲ့အသံလေးနဲ့ သီချင်းကောင်းများစွာကို ပရိတ်သတ်တွေအတွက် တင်ဆက်ပေးခဲ့ပြီး အနုပညာသက်တမ်းတစ်လျှောက် 65 wins ရရှိခဲ့တာပါ။

၈။ Gfriend


အသံလေးတွေလဲကောင်း ခက်ခဲတဲ့ကကွက်တွေကိုလဲ ကျွမ်းကျင်တဲ့ ချစ်စရာအဆိုတော်မလေးတွေရဲ့ အဖွဲ့ကတော့ အနုပညာသက်တမ်း ငါးနှစ်အတွင်း 66 wins တောင် ရရှိပြီးပါပြီ။

၇။ Red Velvet


ဒီဘက်ခေတ်ရဲ့ ထိပ်တန်း girl group တွေထဲ အပါအဝင်ဖြစ်တဲ့ Red Velvet အဖွဲ့ကလဲ သီချင်းအမျိုးအစားပေါင်းစုံနဲ့ 73 wins ရရှိခဲ့ပြီး ဒီစာရင်းရဲ့ နံပါတ် ၇ နေရာမှာ ရပ်တည်နေပါတယ်။

၆။ Cho Young Pil


မျိုးဆက်သစ်တွေစံထားလေးစားရတဲ့ ဂန္ထဝင်အဆိုတော်ကြီး Cho Young Pil ကလဲ music show တွေစတင်ရိုက်ကူးခဲ့ကတည်းက အကြိမ်ပေါင်း 80 ဗိုလ်စွဲခဲ့တာပါ။

၅။ Big Bang


ထွက်သမျှသီချင်းတိုင်း ဝက်ဝက်ကွဲအောင်မြင်တဲ့ Big Bang အဖွဲ့ရဲ့အရှိန်အဝါကတော့ သီချင်းတွေမကြာခဏမထွက်တာတောင် 87 wins ရရှိထားပါတယ်။ ဒါတောင် အဖွဲ့ဝင်တွေရဲ့ solo သီချင်းတွေ မပါသေးပါဘူး။

၄။ BTS


ကမ္ဘာနှင့်အဝှမ်းအောင်မြင်မှုတွေ ရရှိနေတဲ့ BTS ဟာ ကိုရီးယား Music show တွေကိုလဲ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ I Need You သီချင်းနဲ့ 1st win ခဲ့ရာကစလို့ ယနေ့အထိ 90 wins ရပြီးပါပြီ။

၃။ Girls’ Generation


ယနေ့ခေတ် girl group တွေအတွက်ရော kpop လောကအတွက်ရော ရှေ့ဆောင်လမ်းပြဖြစ်တဲ့ Girls’ Generation ကတော့ အားလုံးကြိုက်နှစ်သက်ကြတဲ့သီချင်းတွေနဲ့ 100 wins ရရှိထားပါတယ်။

၂။ Twice


လူတကာပါးစပ်ဖျားမှာ ရေပန်းစားတဲ့ သီချင်းလေးတွေရဲ့ အဆိုရှင်ဖြစ်တဲ့ Twice ကတော့ မကြာသေးမီကမှ 101 ကြိမ်မြောက် win ကိုရရှိခဲ့ပြီး ဒုတိယနေရာကို ဂုဏ်ယူဖွယ်ကောင်းစွာ ရောက်ရှိလာတာပါ။ အခုထိတော့ 106 wins ရရှိထားပါတယ်။

၁။EXO

တောင်ကိုရီးယား music show တွေမှာ win အများဆုံးအဖြစ် စံချိန်တင်နေတာကတော့ EXO ပါပဲ။ အနုပညာသက်တမ်း ၈ နှစ်အတွင်းမှာ အဖွဲ့လိုက်အနေနဲ့ 117 ကြိမ်တောင် win ခဲ့တာပါ။ တယ်ကိုဂုဏ်ယူစရာပါပဲ။

source : kpopstarz
written : Dar Dar

Share