Box-Office Queen လို့တင်စားရတဲ့ Son Ye Jin ရဲ့အောင်မြင်ခဲ့တဲ့ရုပ်ရှင်များ

Crash Landing on you, Personal Taste စတဲ့ဇာတ်လမ်းတွဲတွေနဲ့ လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ Son Ye Jin ကရုပ်ရှင်လောကအတွက်လည်း အားထားရတဲ့မင်းသမီးတစ်လက်ပါ။ Box-office queen လို့ခေါ်ရလောက်အောင် ရုံဝင်နှုန်းကောင်းခဲ့တဲ့သူမ ပါဝင်တဲ့ရုပ်ရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ The Pirates


၂၀၁၄ ခုနှစ်ကထွက်ရှိခဲ့ပြီး ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ ၆၄ သန်းကျော်ပြန်ရခဲ့တဲ့ ရုပ်ရှင်ပါ။ သူမက ပင်လယ်ဓားပြခေါင်းဆောင် Yeowol အနေနဲ့သရုပ်ဆောင်ခဲ့ပါတယ်။ သူမဟာဒီရုပ်ရှင်နဲ့ပဲ ၅၁ကြိမ်မြောက် Grand Bell Awards မှာ အကောင်းဆုံးမင်းသမီးဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်။

၂။ The Last Princess


၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ ရှေးခေတ်ဇာတ်ကားလေးဖြစ်ပြီး ဝင်ငွေပေါင်းအမေရိကန်ဒေါ်လာသန်း ၄၀ ကျော်ပြန်ရခဲ့ပါတယ်။ ဂျိုဆွန်းမင်းဆက်ရဲ့နောက်ဆုံးမင်းသမီး Deokhye ဂျပန်နိုင်ငံကိုအတင်းစေလွှတ်ခံရပြီး ရုန်းကန်ခဲ့ရတဲ့ အကြောင်းရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီး သူမက Princess Deokhye အနေနဲ့ပါဝင်ခဲ့ပါတယ်။ ဒီရုပ်ရှင်နဲ့လည်း သူမဟာအကောင်းဆုံးမင်းသမီးဆု ၃ ဆုနဲ့ Popularity award တစ်ဆု သိမ်းပိုက်ခဲ့ပါတယ်။

၃။ The Tower


The tower ကတော့ ဇိမ်ခံတိုက်အမြင့်ကြီးတစ်တိုက်မီးလောင်ပျက်စီးတဲ့အကြောင်း ရိုက်ကူးထားတဲ့ သည်းထိပ်ရင်ဖိုဇာတ်လမ်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃၆ သန်းနီးပါးပြန်ရခဲ့တဲ့ရုပ်ရှင်ပါ။ ဒီရုပ်ရှင်က အနောက်နိုင်ငံတွေထိပါအောင်မြင်ခဲ့ပြီး အင်္ဂလန် ဂျာမဏီစတဲ့ နည်းပညာအသားပေးရှပ်ရှင်တွေရိုက်ကူးတဲ့ နိုင်ငံတွေကပါဝယ်ယူခဲ့ပါတယ်။

၄။ A Moment to Remember


ဂျပန်ဇာတ်လမ်းတွဲ Pure Soul ကိုပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်လေးဖြစ်ပြီး Su Jin နဲ့ Chul Soo တို့ရဲ့အချစ်ကို Son Ye Jin နဲ့ Jung Woo Sung တို့ကအကောင်းဆုံးပုံဖော်နိုင်ခဲ့ပါတယ်။ ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာသန်း ၂၀ ရရှိခဲ့ပြီး အကောင်းဆုံးမင်းသမီးဆုတွေလည်း ထပ်မံရရှိခဲ့ပါတယ်။

၅။ Be With You


၂၀၁၈ မှာထွက်ရှိခဲ့တဲ့ ကြည်နူးစရာအချစ်ဇာတ်လမ်းလေးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၉ သန်းကျော်ပြန်ရခဲ့တဲ့ ရုပ်ရှင်လေးပါ။ Son Ji Sub နဲ့အတွဲညီညီသရုပ်ဆောင်ခဲ့ပြီး ဒီရုပ်ရှင်နဲ့နောက်ထပ်အကောင်းဆုံးမင်းသမီးဆုတစ်ဆုသိမ်းပိုက်ခဲ့ပါတယ်။

၆။ The Negotiation


သူမနဲ့ Hyun Bin က ၂၀၁၈ ခုနှစ်ကတည်းကအလုပ်တူတူတွဲလုပ်ပြီးအောင်မြင်မှုတွေသိမ်းကြုံးယူခဲ့တယ်ဆိုတာ ဒီဇာတ်လမ်းကသက်သေပြနေပါတယ်နော်။ The Negotiation ကမှုခင်းသည်းထိပ်ရင်ဖိုဇာတ်လမ်းတစ်ခုဖြစ်ပြီး ဒီဇာတ်လမ်းအပြီးတုန်းကလည်း သူမနဲ့ Hyun Bin တွဲနေပါတယ်ဆိုတဲ့ ကောလဟာလတွေကြားခဲ့ရပါသေးတယ်။

၇။ Blood and Ties


Blood and Ties ကလည်း ၂၀၁၈ ကထွက်ရှိခဲ့တဲ့ မှုခင်းရုပ်ရှင်ပါ။ မတရားစွပ်စွဲခံရတဲ့ဖခင်တစ်ဦးရဲ့သမီးအနေနဲ့ သရုပ်ဆောင်ခဲ့ပြီး အမေရိကန် ၊ ကနေဒါ စတဲ့နိုင်ငံတွေမှာပါရုံတင်ခဲ့တဲ့ အောင်မြင်တဲ့ရုပ်ရှင်လေးပါ။ သူမဟာဒီရုပ်ရှင်နဲ့ပဲ ၃၅ ကြိမ်မြောက် Blue Dragon Film Awards မှာလည်း အကောင်းဆုံးမင်းသမီးဆုအတွက်လျာထားခြင်းခံခဲ့ရပါတယ်။

source: Kdramakpop fanatiz
written: Helra

Share