NU’EST အဖွဲ့ဝင် Minhyun နှင့် Jung Da Bin တို့ JTBC မှထုတ်လွှင့်မည့် ဇာတ်လမ်းတွဲအသစ်တွင် ပါဝင်မည်

ဇွန်လ ၂၆ရက်နေ့ Playlist Studio နှင့် JTBC Studio တို့မှ “Live on” ဆိုသည့် ဇာတ်လမ်းတွဲအသစ်ကို ရိုက်ကူးမည်ဟု ထုတ်ပြန်လိုက်ပါတယ်။ ခေါင်းဆောင်သရုပ်ဆောင်များအဖြစ် Minhyun နှင့် Jung Da Bin တို့မှ ပါဝင်သရုပ်ဆောင်မှာပဲ ဖြစ်ပါတယ်။

အဆိုပါဇာတ်လမ်းတွဲကိုတော့ နှစ်ကုန်ပိုင်းတွင် ထုတ်လွှင့်မည်ဟု ရည်ရွယ်ထားပါတယ်။ “Live on” ဟာ Baek Ho Rang ဆိုသည့်ကျောင်းသူလေးနှင့် Go Eun Taek ဆိုသည့် ကျောင်းသားလေးကြားမှ အချစ်ဇာတ်လမ်းတွဲလေးကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

Baek Ho Rang ဟာ ကျောင်းသား၊ကျောင်းသူတွေကြားထဲမှာ နာမည်ကြီးသော ကျောင်းသူတစ်ယောက်ပါ။ Go Eun Taek ကတော့ broadcasting club ရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။

တနေ့မှာတော့ Baek Ho Rang ဟာသူမရဲ့ အတိပ်မှဖြစ်ရပ်တစ်ခုကို ဖုံးကွယ်ချင်သဖြင့် Go Eun Taek ထံအကူအညီတောင်းရန် ကြိုးပမ်းခဲ့ရပါတယ်။တစ်ယောက်ကိုတစ်ယောက်ဖေးမကူညီရင်း သူတို့နှစ်ဦးကြား အချစ်တွေဖြစ်ပေါ်လာခဲ့တာပါ။

ယခုရိုက်ကူးမည့်ဇာတ်လမ်းတွဲဟာ Jung Da Bin ၏လက်တလောထွက်ရှိထားသော Netflix မှရိုက်ကူးသည့် Extracurricular ဇာတ်လမ်းတွဲအပြီး ချက်ချင်း လက်ခံလိုက်သည့် အလုပ်တစ်ခုလည်းဖြစ်ပါတယ်။

Minhyunအတွက်ဆိုရင်တော့ ဒါဟာပထမဆုံး သရုပ်ဆောင်အဖြစ် ခြေလှမ်းသစ်တစ်ခု ဖြစ်ပါတယ်။ရိုက်ကူးမည့် ဒါရိုက်တာကလည်း Extraordinary You ဇာတလမ်းတွဲကို ရိုက်ကူးထားသည့် သူပဲဖြစ်ပါတယ်။ 2020 နှစ်ကုန်ပိုင်းတွင်တော့ ဇာတ်လမ်းတွဲကို ကြည့်ရတော့မှာပါ။

JTBC ကဲ့သို့ ထုတ်လုပ်ရေးအကြီးစားတစ်ခုအနေနှင့် မျက်နှာသစ် သရုပ်ဆောင်များကို ပွဲထုတ်မည် ဖြစ်သည့်အတွက် လူအများကလည်း စိတ်ဝင်စားနေပါတယ်။ဇာတ်လမ်းတွဲ ထွက်ရှိလာလျှင်တော့ စောင်မျှော်အားပေးကြရအောင်နော်။

Source: Soompi
Written: Phoo Phoo

Share