Idol တွေဟာ သူတို့ရဲ့ချမ်းသာကြွယ်ဝမှုကြောင့်ရော အလုပ်သဘောအရရော နာမည်ကြီးဘရန်းတွေကို ဝတ်ဆင်တတ်ကြပါတယ်။ ဒီ idol တွေကတော့ လူတကာ အံ့ဩရတဲ့အထိ အလုပ်ထဲမှာရော ပြင်ပဘဝမှာပါ တန်ဖိုးကြီးဘရန်းတွေကို ဖောဖောသီသီဝတ်နိုင်ကြတာပါ။
Big Bang’s G-Dragon
ဖက်ရှင်နဲ့ပတ်သတ်ရင်တော့ kpop လောကမှာ G-Dragon ဟာ ဆရာတစ်ဆူပါ။ အကြွယ်ဝဆုံး idol ထဲမှာပါဝင်တာမို့ ဒေါ်လာသောင်းကျော်တန် brand တွေကိုသာဝတ်ရုံတင်မက အကန့်အသတ်နဲ့ရောင်းတဲ့ limited edition တွေလဲ သူ့မှာ အပုံအပင်ပါပဲ။
Hyuna
ဖက်ရှင်ဘုရင်မတစ်ဆူဖြစ်တဲ့ Hyuna ကလဲ Chanel, Carolina Herrari အစရှိတဲ့ သာမာန်လူတွေရဲ့ အိပ်မက် brand က အဝတ်အထည်တွေ များစွာပိုင်ဆိုင်ပြီး အနုပညာလှုပ်ရှားမှုတွေနဲ့ ကိုယ်ပိုင်အချိန်တွေမှာ ဝတ်ဆင်လေ့ရှိပါတယ်။
EXO’s Kai
Gucci ရဲ့ brand ambassador တစ်ဦးဖြစ်တာမို့ တော်ရုံလူအနားမကပ်နိုင်တဲ့ Gucci ကို ထည်လဲဝတ်သလို နာမည်ကျော်တန်ဖိုးကြီး ဒီဇိုင်နာဘရန်းမျိုးစုံကိုလဲ ပေါပေါများများ ဝတ်လေ့ရှိပါတယ်။ သူ့ရဲ့ဝင်ငွေနဲ့ကလဲ ဒီလိုဝတ်စားတာဟာ ဖြုန်းရာမရောက်ပါဘူး။
BLACKPINK’s Jennie
ပွဲဦးထွက်ကတည်းက အမိုက်စားဖက်ရှင်တွေကြောင့် နာမည်ကြီးတဲ့ Jennie ကိုလဲ ဘယ်နေရာမှာမဆို တန်ဖိုးကြီးအဝတ်အထည်တွေနဲ့ပဲ တွေ့ရပါတယ်။ Chanel ရဲ့ ambassador တစ်ဦးဖြစ်ပြီး human Chanel လို့ တင်စားရတဲ့အထိ brand နဲ့ တသားတည်းကျသူပါ။
BTS’ V
V ကလဲ Gucci ရဲ့ အမာခံပရိတ်သတ်တစ်ဦးဖြစ်ပြီး အခြား luxury brand တွေကိုလဲ ပေါပေါများများ ဝတ်ဆင်သူတစ်ဦးပါ။ ထသွားထလာမှာတောင် သူဝတ်တဲ့အဝတ်အစားတွေရဲ့ စျေးနှုန်းတွေက ဖျားလောက်ပါတယ်။
Twice’s Jihyo
Jihyo ကတော့ ဂုဏ်ရှိန်မြင့်တဲ့အမျိုးသမီးတစ်ယောက် အသွင်ကိုဆောင်တဲ့ ဘရန်းတွေကို ဝတ်လေ့ရှိပါတယ်။ အမြဲတော့မဟုတ်ပေမယ့် Feel Special MV ထဲမှာ ဝတ်ခဲ့တဲ့ ဝတ်စုံလေးဆိုရင် ဒေါ်လာ ၃၀၀၀ နီးပါးပါပဲ။
Mamamoo’s Moonbyul
Moonbyul ရဲ့ဘဝကလဲ တကယ်ကိုလူဖြစ်ရကျိုးနပ်ပါတယ်။ နာမည်ကျော်ဒီဇိုင်နာထုတ်ကုန်တွေကိုသာ ပေါပေါများများဝတ်ဆင်နိုင်ရုံမက ဖုန်းဆိုရင်လဲ ဒေါ်လာ ၂၄၀၀ တန် Thom Brown X Sumsung Z Flip ကို သုံးစွဲပါတယ်။
ITZY’s Ryujin
ပွဲဦးထွက်တာမကြာသေးပေမယ့် လျှမ်းလျှမ်းတောက်အောင်မြင်နေတာမို့ စျေးအကြီးဆုံးဆိုတဲ့ ဝတ်စုံတွေကိုဝတ်နိုင်သူပါ။ Icy MV ထဲမှာ သူမဝတ်သမျှတွေဟာ ဒေါ်လာထောင်ကျော်တန်တွေ ပါပဲ။ Airport fashion မှာလဲ တန်ဖိုးကြီးတွေ ဝတ်လေ့ရှိပါတယ်။
G-Idle’s Soojin
ဘာဝတ်ဝတ်လှနေတဲ့ Soojin ရဲ့ အဝတ်အစားလှလှလေးတွေရဲ့ စျေးနှုန်းကိုသိလိုက်ရရင်တော့ အံ့ဩသွားကြပါမယ်။ နာမည်ကြီး brand တွေကို ဖက်ရှင်ကျကျဝတ်တတ်ပြီး ဒေါ်လာသောင်းကျော်တန်တွေအထိ ဝတ်ပါတယ်။
ဒီ idol တွေက လူဖြစ်ရကျိုးနပ်တယ်လို့ဆိုရအောင် တန်ဖိုးကြီးအဝတ်အစားတွေကို ပေါပေါများများပိုင်ဆိုင်ထားတဲ့ ဘောစိတွေဖြစ်ပါတယ်။ ပရိတ်သတ်တွေလဲ ကိုယ့် idol ရဲ့ကြွယ်ဝမှုအတွက် ဂုဏ်ယူနေကြမယ်လို့ ထင်ပါတယ်။
source: kpopstarz
written: Dar Dar