ဒီနေ့ ဇွန်လ ၂၇ ရက်နေ့ကတော့ The Untamed ( ချန်ချင်းလင် (ခေါ်) အားလင်) ရဲ့ စတင်ထုတ်လွှင့်ပြသမှု တစ်နှစ်ပြည့်တဲ့နေ့ပါ။ လန်ဝမ့်ကျီး နှင့် ဝေ့ဝူရှန့် ဆိုတဲ့ လူသားနှစ်ယောက်ကို Live Action အနေနဲ့ စတင်မြင်ခဲ့ရတဲ့ တစ်နှစ်ပြည့်ပေါ့။
ဒါ့ကြောင့်လည်း တစ်နှစ်ပြည့်တဲ့ အားလင်ရဲ့ မွေးနေ့လေးမှာ ၂၀၁၉ ရဲ့ နွေရာသီလေးကို ပြန်လည် လွမ်းဆွတ် ကြရအောင်နော်။ The Untamed ဆိုတာကတော့ စာရေးဆရာမ Mo Xiang Tong Xiu ရဲ့ Mo Dao Zu Shi ဝတ္ထုကို အသက်ပြန်သွင်းထားတာပါ။
၂၀၁၉ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ကစလို့ ဩဂုတ်လ ၂၀ ရက်နေ့အထိ တရုတ်နိုင်ငံ Tencent Video ကနေ အပိုင်း (၅၀) ထုတ်လွှင့်ပြသခဲ့ပါတယ်။ ဝေ့ဝူရှန့် အနေနဲ့ Xiao Zhan ၊ လန်ဝမ့်ကျီး အနေနဲ့ Wang Yi Bo တို့မှ အကောင်းဆုံး ပုံဖော်ပေးနိုင်ခဲ့ကြပြီး မရေမတွက်နိုင်တဲ့ ပရိသတ်အများအပြားရဲ့ နှလုံးသားတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ကျန့်ကောနဲ့ ပေါ်တိ မဟုတ်တဲ့ ဝေ့ဝူရှန့်နဲ့ လန်ဝမ့်ကျီးကို တွေးတောင် မတွေးနိုင်ပါဘူး။ ဒီလို ပရိသတ်အများအပြားရဲ့ အချစ်တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ The Untamed ဘယ်လိုအောင်မြင်မှုတွေ ဘယ်လို ဆုပေါင်းများစွာကို သိမ်းပိုက်နိုင်ခဲ့တာလဲ ဆိုတာ တစ်နှစ်ပြည့် လေးမှာ ပြန် ကြည့်ကြရအောင်နော်။
The Untamed ဟာ တရုတ်နိုင်ငံရဲ့ အရှိန်အဝါကြီးမားတဲ့ Douban website မှာ Rating 8.3 ရခဲ့ပြီး တရုတ် ဇာတ်လမ်းတွဲထဲမှာ အများဆုံး review ပမာဏကို ရခဲ့ပါတယ်။ #Series ဟာ ၂၀၂၀ မေလအထိ စာရင်းများအရ Tencent မှာ ကြည့်ရှုနှုန်း ၂ ဘီလီယံရှိထားပါတယ်။
Film Daily ကလည်း The Untamed ကို ” Global Phenomenon” အဖြစ် သတ်မှတ်ပေးပြီး ယဉ်ကျေးမှု မတူညီမှုတွေကို ချိုးဖောက်ပေးနိုင်ခဲ့တဲ့ ဇာတ်လမ်းတွဲအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။
The Untamed ဟာ Viki မှာ rating 9.8 နဲ့ MyDramaList မှာ rating 9.4 ရရှိထားပြီး ဒါဟာ တရုတ်ဇာတ်လမ်းတွေထဲမှာ အမြင့်ဆုံး စံချိန်ပါ။ Tumblr ရဲ့ ၂၀၁၉ အတွက် ထိပ်တန်း Live Action စာရင်းမှာ ၃၆ အနေနဲ့ ရပ်တည်နိုင်ခဲ့ပြီး ဒီမှတ်တမ်းဟာ တရုတ် ဇာတ်လမ်းတွဲ အနေနဲ့ ပထမဆုံး ဒီ စာရင်းမှာ ပါဝင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
The Untamed ဟာ ၂၀၁၉ ရဲ့ အမြတ်ငွေကြေး အများဆုံး ရခဲ့တဲ့ ဇာတ်လမ်းတွဲ လို့ဆိုကြပြီး ၂၀၁၉ ဩဂုတ်လ ထိ စာရင်းများအရ တရုတ်ယွမ် ၉၇.၈၇ သန်းကျော် အမြတ်ကြေးငွေ ရရှိခဲ့ပါတယ်တဲ့။
The Untamed ရဲ့ အဓိက ဇာတ်ဆောင်တွေဖြစ်တဲ့ Xiao Zhan နဲ့ Wang Yi Bo တို့ပါဝင်ခဲ့တဲ့ Bazaar မဂ္ဂဇင်းဟာလည်း ၁.၁ သန်းကျော် ရောင်းချနိုင်ခဲ့ပါတယ်။ ဒါတွေကတော့ The Untamed ရဲ့ အောင်မြင်မှုများထဲမှ အချို့ပဲ ရှိပါသေးတယ်။ ဘယ်လို ဆုတွေကို သိမ်းပိုက်နိုင်ခဲ့တယ် ဆိုတာလဲ ဆက်ကြည့်ရအောင်နော်။
The Untamed ရဲ့ အောင်မြင်မှုတွေနဲ့ Member တွေရဲ့ ဆုတွေကတော့ ပြောမကုန်ပါပဲနော်။ ၂၀၁၉ ရဲ့ Untamed နဲ့အတူ ရှိခဲ့တဲ့ နွေရာသီလေးဟာ ဘယ်တော့မှ မေ့လို့မရနိုင်အောင်ပါပဲ။ ဝေ့ဝူရှန့် နဲ့ လန်ဝမ့်ကျီးတို့လည်း ကမ္ဘာလောကရဲ့ တနေရာရာမှာ အတူတူပျော်ပျော်ရွှင်ရွှင် ရှိနေစေချင်ပါတယ်။
ဝေ့ဝူရှန့်နဲ့ လန်ဝမ့်ကျီးတို့ကို အကောင်းဆုံး ပုံဖော်ပေးနိုင်ခဲ့တဲ့ ကျန့်ကော နဲ့ ပေါ်တိ တို့လည်း ဒီ့ထက်မကတဲ့ အောင်မြင်မှုတွေနဲ့အတူ အမြဲပျော်ရွှင်နေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Written: Gyi Gyi