Categories: Celebrity News

‘How You Like That’ သီချင်းနဲ့ ‘BLACKPINK’ မှတ်တမ်းတင်နိုင်ခဲ့တဲ့ စံချိန်များ

ဂျွန်လ ၂၆ ရက်နေ့မှာ ‘How You Like That’ သီချင်းထွက်ရှိခဲ့ပြီး ဂုဏ်ယူစရာ စံချိန်တွေတင်ခဲ့တဲ့ BLACKPINK အဖွဲ့ဟာ သီချင်းသစ်ထွက်ပြီး ပထမဆုံးအနေဲ့ Jimmy Fallon တင်ဆက်တဲ့ ‘The Tonight Show’ အစီအစဉ်မှာပါဝင်ပြီး ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။

သီချင်းသစ်ကို ပထမဦးဆုံးအနေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ရုံတင်မဟုတ်ပဲ BLACKPINK အဖွဲ့ဟာ ဒီ show မှာပထမဦးဆုံးပါဝင်ခွင့်ရရှိတဲ့ kpop မိန်းကလေးအဖွဲ့အဖြစ်လဲ သမိုင်းသစ်ရေးထိုးနိုင်ခဲ့ပါတယ်။ BLACPINK ရေးထိုးထားတဲ့ မော်ကွန်းတွေက ဒါအကုန်တော့မဟုတ်သေးပါဘူး။

‘How You Like That’ သီချင်းဟာ ထွက်ရှိပြီး ၂၄ နာရီမပြည့်ခင်မှာပဲ ကြည့်ရှုသူသန်း ၇၀ ဆိုတဲ့ ကြောက်ခမန်းလိလိအောင်မြင်မှုကို ရရှိခဲ့ပြီး iTunes Chart မှာလဲ ထွက်ရှိချိန်မှာ နားထောင်မှုအများဆုံး girl group သီချင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ Youtube premiere အနေနဲ့ ထုတ်လွှင့်မှုမှာလဲ ကြည့်ရှုသူ ၁.၅၄ သန်း ရှိခဲ့တဲ့ BTS ကိုကျော်ဖြတ်ပြီး ကြည့်ရှုသူအများဆုံးဖြစ်ခဲ့တာပါ။

ဒါ့အပြင် MV ထွက်ပြီး ၂၁ နာရီအတွင်းမှာ ကြည့်ရှုသူသန်း ၇၄ ပြည့်သွားပြီဖြစ်လို့ အချိန်အတိုဆုံးအတွင်းမှာ ကြည့်ရှုသူသန်း ၇၀ ပြည့်ခဲ့တဲ့ ပထမဆုံး kpop အဖွဲ့ MV အဖြစ်ရော ၂၄ နာရီအတွင်း ကြည့်ရှုသူသန်း ၇၀ ကျော်ခဲ့တဲ့ မိန်းကလေးအနုပညာရှင်အဖြစ်ပါ မှတ်တမ်းဝင်ခဲ့တာပါ။ BLINK တွေအတွက်တော့ ဂုဏ်ယူပြီးရင်းဂုဏ်ယူစရာပါပဲ။

source: Soompi, Koreaboo
written: Dar Dar

Share