လတ်တလော Kdrama ဇာတ်လမ်းတွဲကြိုက် ပရိတ်သတ်တွေ ကြားမှာ ရေပန်းစားနေသည့် Character တစ်ခုနှင့် မိတ်ဆက်ပေးပါရစေ။ အဲ့ဒါကတော့ It’s Okay To Not Be Okay မှ Go Moon Young ဇာတ်ကောင်ကို ပီပြင်စွာ သရုပ်ဆောင်ထားသည့် မင်းသမီး Seo Ye Ji ပဲ ဖြစ်ပါတယ်။
Go Moon Young ဟာ အေးစက်သည့်စရိုက်ရှိသူ၊ တခါတလေမိမိစိတ်ထင်ရင်စိတ်ထင်သလိုလုပ်တဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ငယ်ငယ်ရွယ်ရွယ်လေးနှင့် အောင်မြင်ကျော်ကြားနေသော ကလေးစာရေးဆရာမတစ်ဦး ဖြစ်တယ်။
လူအများအမြင်မှာ အောင်မြင်မှုတွေကိုရနေသည့်သူတစ်ယောက်ဖြစ်ပေမဲ့ အဆိုပါမျက်နှာဖုံး၏နောက်ကွယ်မှာ ရင်နာစရာကောင်းတဲ့ အတိတ်တွေရှိနေတာကို ဘယ်သူမှသတိမထားမိကြပါဘူး။ သူမကိုတော့ သာမန်ထက်ပိုထူးခြားနေသော Psychopath တစ်ဦးအဖြစ်သာ လူအများကသတ်မှတ်ထားကြပါတယ်။
ထိုကဲ့သို့ Cold & Chic ဖြစ်သည့် Character မျိုးနှင့် လိုက်ဖက်အောင် ဝတ်ဆင်ထားသည့်ဝတ်စုံ၊ မိကပ်အပြင်အဆင် စသည့်တို့ဟာ လက်ဖျားခါလောက်အောင်ကို လိုက်ဖက်လှပါတယ်။ သူမ၏ဇာတ်ရုပ်ကို ပိုမိုပီပြင်အောင် တွန်းပို့ပေးခဲ့သော ဖက်ရှင်အပြင်အဆင်များပဲ ဖြစ်ပါတယ်။
ချမ်းသာကြွယ်ဝပြီး ဘဝဒဏ်ရာကိုဖုံးကွယ်ထားသည့် အထီးကျန်အမျိုးသမီးတစ်ဦး၏ ပုံရိပ်ကိုလည်းပုံဖော်ထားနိုင်ပါတယ်။ တဆက်တည်းမှာပင် ရဲရင့်ပြီး၊ဘာမဆို လုပ်ရဲကိုင်ရဲသူတစ်ဦး မိန်းကလေးအဖြစ်နှင့်လည်း ပရိတ်သတ်တွေကို မြင်တွေ့စေခဲ့ပါတယ်။
မိန်းကလေးများ တူယူစရာကောင်းသည့် Strong ဖြစ်သည့်ဇာတ်ရုပ်တစ်ခုလည်း ဖြစ်ပါတယ်။ ထိုဇာတ်လမ်းတွဲကိုတော့ အပတ်စဉ် စနေ၊တနင်္ဂနွေ နေ့များတွင်ထုတ်လွှင့်တာပဲ ဖြစ်ပါတယ်။
Source:metro.style
Written:Phoo Phoo