Categories: Celebrity News

‘How You Like That’ MV ထဲမှာ BLACKPINK အဖွဲ့ဝင်တွေ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံတွေရဲ့တန်ဖိုး

BLACKPINK ရဲ့ ‘How You Like That’ MV ကတော့ ထွက်ရှိပြီး ၂၄ နာရီမအတွင်းမှာပဲ ကြောက်ခမန်းလိလိအောင်မြင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းကပရိတ်သတ်တွေ အကြိုက်တွေ့ခဲ့ကြပါတယ်။

ထုံးစံအတိုင်း သူတို့ရဲ့ခမ်းနားထည်ဝါလှတဲ့ဝတ်စုံတွေကလဲ လူပြောများခဲ့ပါတယ်။ MV ထဲမှာအဖွဲ့ဝင်တွေဝတါဆင်ခဲ့တဲ့ဝတ်စုံတွေရဲ့ တန်ဖိုးကိုသိချင်ရင်တော့ ဆက်ဖတ်ကြည့်ပေးပါနော်။

ပရိတ်သတ်တွေအကြိုက်တွေ့ခဲ့ကြတဲ့ Jisoo ဝတ်ဆင်ခဲ့တဲ့ ရဲရဲစိုနေတဲ့ ဝတ်စုံအနီလေးကတော့ Alexendra Mcqueen ကဖြစ်ပြီး တန်ကြေးအနေနဲ့ $2886 (မြန်မာငွေ သိန်းလေးဆယ်နီးပါး) ရှိပါတယ်။

အတောင်ပံနဲ့တသားတည်းဖြစ်သွားတဲ့ အနက်ရောင်နတ်မိမယ်လေး Rosè ရဲ့ ဆန်းပြားလှပတဲ့ဒီဇိုင်းနဲ့ ဂါဝန်ရှည်လေးကတော့ ကိုရီးယားရဲ့ထိပ်တန်းဖက်ရှင်လုပ်ငန်း Bridal Kong ကဖြစ်ပြီး ကိုရီးယားဝမ် သိန်းသုံးရာ့ငါးဆယ်တန်ပါတယ်။

Chanel ရဲ့ ambassador တစ်ဦးဖြစ်တဲ့ Jennie ကတော့ MV ထဲမှာပါ Chanel ကိုအသားပေးဝတ်ဆင်ခဲ့ကာ necklace လေးတစ်ခုကတင် $1625 (မြန်မာငွေ သိန်း ၂၀) ကျော်ပြီး top အဖြူလေးကလဲ Chanel ရဲ့ Mètiers D’Art 2020 colletion ထဲကပါ။

ဖြူစင်တဲ့အလှနဲ့ အားပြင်းတဲ့ဆွဲဆောင်မှုကို ပေါင်းစပ်ထားတဲ့ Jisoo ရဲ့အပြင်အဆင်ကို ပံ့ပိုးပေးတာကတော့ Dior က ဟောင်ကောင်ဒေါ်လာ 30000 (မြန်မာငွေ သိန်း ၅၄ ကျော်) တန် Hooded top လေးပါပဲ။ တန်ကြေးအရမ်းကြီးတဲ့ ဝတ်စုံပါ။

Chorus မှာ အားလုံးကခုန်နေကြချိန် Lisa ကလဲ အဖြူရောင် အဝတ်အထည်တွေနဲ့ လှပနေခဲ့ပါတယ်။ သူဝတ်ဆင်ခဲ့တာတွေကတော့ $199 တန် vest လေးနဲ့ 1105 ယူရို (မြန်မာငွေ ၁၆ သိန်းကျော်) တန် ဘောင်းဘီအရှည်ပွလေးပါ။

အားလုံးသဘောကျခဲ့ရတဲ့ Jennie ရဲ့ intro အပိုဒ်မှာ သူ့ဆံပင်ပေါ်က ငွေမျှင်တန်ဆာလေးတွေကို သတိထားမိကြမယ်ထင်ပါတယ်။ အဲ့ဒီ hairpiece လေးကတော့ $450 (မြန်မာငွေ ၆ သိန်းကျော်) တောင် တန်ပါတယ်တဲ့။

အဲ့ဒီအပိုင်းမှာပဲ Jennie ဝတ်ဆင်ထားတဲ့ ဂျာကင်လေးဟာ Bell & Noveau ကနေ Jennie အတွက် အထူးချုပ်လုပ်ပေးခဲ့တာဖြစ်ပြီး တန်ဖိုးအနေနဲ့တော့ $29157 (မြန်မာငွေ သိန်းသုံးရာကျော်) တောင် ရှိပါတယ်တဲ့။

Lisa ရဲ့ rap part မှာ သူဝတ်ဆင်ထားတာတွေရဲ့ အသေးစိတ်ကို အားလုံးစိတ်ဝင်စားခဲ့ရတာပါ။ သူကိုင်ထားတဲ့ ဂျာကင်ကတော့ သူ့အတွက်သီးသန့်ချုပ်ထားပေးတာမို့ စျေးမသိရပါဘူး။ ရတနာစိန်ကျောက်တွေနဲ့ ပြည့်နေတဲ့ top လေးကတော့ DOLCE & GABBANA ကပါ။

အားလုံးကိုရူးခါသွားအောင် ပြုလုပ်နိုင်ခဲ့တဲ့ ဆံပင်အတိုလေးနဲ့ Jennie ရဲ့ ကိုရီးယားရိုးရာ ပန်းရောင်အပေါ်ထပ်လေးကတော့ ကိုရီးယားပြည်တွင်းဖက်ရှင်လုပ်ငန်းဖြစ်တဲ့ Danha ကဖြစ်ပြီး $433 (မြန်မာငွေ ၆ သိန်းဝန်းကျင်) ကျသင့်ပါတယ်။

သီချင်းပြီးဆုံးခါနီးမှာ အားမာန်အပြည့်နဲ့ လျှောက်လှမ်းလာတဲ့ Rosè လေးရဲ့ တစ်ကိုယ်လုံးမှာလဲ Danha ကရိုးရာထည်တွေသာ ဆင်မြန်းထားပြီး top လေးက $117 အပေါ်ရုံလေးက $722 (မြန်မာငွေ 10 သိန်းကျော်) စျေးရှိပါတယ်။

source: Blackpink closet
written: Dar Dar

Share