Categories: Celebrity News

Lee Sung Kyung မှ Once Again ဇာတ်လမ်းတွဲတွင် ဧည့်သည့်သရုပ်ဆောင်အဖြစ် ပါဝင်မည်

KBS ရုပ်သံလိုင်းမှ ထုတ်လွှင့်နေသော Once Again ဇာတ်လမ်းတွဲတွင် Lee Sung Kyung မှဧည့်သည့်သရုပ်ဆောင်အဖြစ် ပါဝင်မှာပဲဖြစ်ပါတယ်။ Once Again ဆိုသည့် ဇာတ်လမ်းတွဲဟာ လတ်တလောတွင် ကြည့်ရှုသူများနေသည့် drama တစ်ခုလည်း ဖြစ်ပါတယ်။

ထိုဇာတ်လမ်းတွဲမှာတော့ Lee Sung Kyung မှ နာမည်ကြီး မော်ဒယ်တစ်ဦးအဖြစ် သရုပ်ဆောင်မှာပဲ ဖြစ်ပါတယ်။ မင်းသား Lee Sang Yi၊ မင်းသမီး Lee Cho Heeတို့နှင့် တွေ့ဆုံသည့်အခန်းပဲ ဖြစ်ပါတယ်။

Lee Sung Kyung နှင့် Lee Sang Yi တို့စကားလက်ဆုံကျနေတာကို ချစ်သူဖြစ်သည့် Lee Cho Hee အနေနှင့် သဝန်တိုရမည့် အခန်းလည်းဖြစ်ပါတယ်။ ထိုနောက်မှာတော့ ချစ်သူနှစ်ဦး ရန်ဖြစ်ကြမှာပဲ ဖြစ်ပါတယ်။

ရိုက်ကူးရေးအပိုင်းမှလည်း “ကျွန်တော်တို့ မင်းသမီး Lee Sung Kyung ကိုအခုလိုမျိုး စိတ်ပါလက်ပါကူညီပေးတာကို ကျေးဇူးတင်ပါတယ်။ သူမကြောင့်လည်း ရိုက်ကွင်းတစ်ခုလုံး တက်ကြွခဲ့ပြီး ပျော်စရာကောင်းသည့် အချိန်တွေလည်း ရရှိခဲ့ပါတယ်။

ဒါကြောင့် သရုပ်ဆောင်သုံဦးလုံးရဲ့ chemistry ကိုစောင့်ကြည့်အားပေးပါဦးနော်”လို့ ပြောခဲ့ပါတယ်။အဆိုပါအပိုင်းကိုတော့ ဇွန်လ 27 ရက်နေ့တွင် ထုတ်လွှင့်မှာပဲ ဖြစ်ပါတယ်။ပရိတ်သတ်ကြီးလည်း ကြည့်ရှူ အားပေးလိုက်ကြ ပါဦးနော်။

Source: Soompi
Written: Phoo Phoo

Share