Categories: Celebrity News

ဆက်ဆံရေးကောင်းလွန်းလို့ အေဂျင်စီဝန်ထမ်းတွေနဲ့ ပရိတ်သတ်တွေချီးကျူးတာပါခံခဲ့ရတဲ့ K Idol များ

တောင်ကိုရီးယား Idol တွေဟာသူတို့ရဲ့ ချောမောတဲ့ရုပ်ရည်ကြောင့်သာမကပဲ ရည်မွန်တဲ့ပေါင်းသင်းဆက်ဆံရေးကြောင့်ပါ အသိအမှတ်ပြုခံကြရပါတယ်။အခုကတော့ ထူးထူးခြားခြားပေါင်းသင်းဆက်ဆံရေးကောင်းလွန်းလို့ Kpopper မဟုတ်တဲ့သူတွေဆီကပါ ချီးကျူးခံရတဲ့ k-idol တွေအကြောင်းတင်ဆက်ပေးလိုက်ပါတယ်။

၁။ BTS (RM, Jungkook, J-Hope)


BTS ကသူတို့ရဲ့ဖော်ရွေပွင့်လင်းတဲ့ဆက်ဆံရေးကြောင့် အမြဲလူချစ်လူခင်ပေါသူတွေပါ။ ဒီထဲမှာမှJungkook နဲ့ J hope ကတွေ့သမျှ စီနီယာတွေ၊ပရိတ်သတ်တွေ နဲ့အေဂျင်စီကဝန်ထမ်းတွေကို ဦးညွတ်နှုတ်ဆက်ဖို့မမေ့တတ်လို့ချီးကျူးခဲ့ရပြီး RM အနေနဲ့လည်း အဖွဲ့ခေါင်းဆောင်ပီပီသသ ဆက်ဆံရေးအလွန်ကောင်းလွန်းလို့အသိအမှတ်ပြုခံရသူပါ။

၂။ EXO (Suho)


Suho ကလည်း EXO အတွက်အဖွဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ရုံသာမက စစ်မှုထမ်းနေချိန်မှာလည်း ဆက်ဆံရေးကောင်းလွန်းပြီးတပ်သားကောင်းတစ်ယောက်ပီသတယ်လို့ သူနဲ့တူတူစစ်မှုထမ်းနေသူတစ်ဦးကပြောပြခဲ့ပါတယ်တဲ့။ Fan တွေပို့တဲ့စာတွေကို ပရင့်ထုတ်ပေးရတဲ့လုပ်ဖော်ကိုင်ဖက်အတွက် စဉ်းစားပေးပြီး fan တွေကို သူစစ်မှုထမ်းပြီးချိန်မှ တိုးပို့ပါဆိုပြီးတောင် မေတ္တာရပ်ခံခဲ့ပါသေးတယ်။

၃။ ASTRO (Cha Eun Woo)


Astro အဖွဲ့က Cha Eun Woo ကလည်းဆက်ဆံရေးကောင်းတဲ့နေရာမှာနာမည်ကြီးပြီး သူကတော့အထူးသဖြင့် ကျားမမခွဲခြားပဲတန်းတူကောင်းကော်းမွန်မွန်ဆက်ဆံတတ်လို့ချီးကျူးခံရပါတယ်။

၄။ GOT7’s Jackson


လူမျိုးကွဲ idol ဆိုပေမယ့် ဖော်ရွေပြီးသဘောကောင်းတဲ့ Jackson ကလည်း idol တွေအားလုံးနီးပါးနဲ့ခင်မင်ရင်းနှီးပါတယ်။ ခင်မင်ဖို့ကောင်းတဲ့သူ့ကို အေဂျင်စီကဝန်ထမ်းတွေကလည်းတစ်ညီတစ်ညွတ်တည်း သဘောကျကြပြီး နောက်ထပ်ချီူကျူးစရာတစ်ချက်က လူတိုင်းကိုရင်းရင်းနှီးနှီးဆက်ဆံတတ်ပေမယ့် လေးစားမှုလည်းတစ်စက်မှုမလျော့သွားစေတာပါတဲ့။

၅။ GIRLS’ GENERATION (Yoona)


Yoona ကတော့ရုပ်ကလေးလှသလောက် စိတ်သဘောလည်းကောင်းတဲ့ အနုပညာရှင်အဖြစ်သွားလေရာ သတင်းမွှေးတဲ့သူပါ။ အလှုရေစက်လက်နဲ့မကွာ လှူဒါန်းတတ်သူလေးဖြစ်ပြီး သူမပရိတ်သတ်တွေကိုလည်းအမြဲကောင်းကောင်းဆက်ဆံတတ်လို့ အချစ်ပိုနေရတာပါ။

၆။ Red Velvet (Irene)


Red Velvet အဖွဲ့ရဲ့အစ်မကြီး Irene ကလည်း အပြင်ပိုင်းဘာသိဘာသာနေတတ်ပေမယ့် သဘောကောင်းတဲ့သူပါတဲ့။ သူမဘေးနားကဝန်ထမ်းတွေကိုလည်း စေတနာပါပါဆက်ဆံတတ်လွန်းလို့ ချီးကျူးခံရသူပါ။

၇။ IU


ရိုက်ကွင်းမှာရော ပွဲတွေဆိုရင်ရော အမြဲပရိတ်သတ်တွေ ဝန်ထမ်းတွေနဲ့ ပြုံးပြုံးရွှင်ရွှင်နေတတ်တဲ့ IU ကိုလည်းချန်ထားခဲ့လိုမဖြစ်ပါဘူး။ သူမဟာ သူမမန်နေဂျာအပေါ်ခင်တွယ်သဘောကောင်းသူဖြစ်ပြီး ၂၀၂၀ နှစ်စက သူမနဲ့အတူ ၁၂ နှစ်လောက်အလုပ်တွဲလုပ်လာတဲ့အရင်မန်နေဂျာတည်ထောင်ထားတဲ့အေဂျင်စီနဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

၈။ BLACKPINK (Jisoo)


Jisoo ဟာအထက်တန်းကတည်းကအားလုံးနဲ့တည့်အောင်ပေါင်းတတ်ပြီး အမြဲရယ်မောပြီးစကားပြောတတ်တဲ့ ချစ်စရာကျောင်းသူလေးတစ်ယောက်ပါလို့ သူမရဲ့အတန်းဖော်တစ်ယောက်ကပြောပြဖူးပါတယ်။ idol ဖြစ်လာတော့လည်း အမြဲအကောင်းမြင်တတ်တဲ့စိတ်လေးနဲ့ သူမရဲ့ပွင့်လင်းတဲ့
အပြုံးလေးကြောင့် အချစ်ခံနေရသူပါနော်။

source: kpopstarz
written: helra

Share