Categories: Celebrity News

လှပပြီး ကြွယ်ဝထက်မြက်တဲ့ပုံစံကို ဖော်ကျူးခဲ့တဲ့ ကေဒရမ်မာထဲက အမျိုးသမီးဇာတ်ဆောင်များ

လွန်ခဲ့တဲ့နှစ်တွေတုန်းကတော့ အစစအရာရာပြည့်စုံနဲ့ မင်းသားလေးနဲ့ နုံချာတဲ့မင်းသမီးလေးတို့ကြားက အချစ်ဇာတ်လမ်းတွေက ခေတ်စားခဲ့ပေမယ့် ခေတ်ရေစီးကြောင်းပြောင်းလဲလာတာနဲ့အမျှ women empowerment ကိုဖော်ကျူးတဲ့ လှပထက်မြက်တဲ့ အမျိုးသမီးဇာတ်ကောင်တွေကို ကေဒရမ်မာမှာ အသုံးများလာပါတယ်။ အမျိုးသမီးတွေအတွက် အားကျစရာ ဒရမ်မာထဲက လှလှပပသူဌေးမလေးတွေကတော့

Song Hye Kyo (Encounter)


စီးပွားရေးလုပ်ငန်းကြီးတစ်ခုကို အမွေဆက်ခံမယ့် စီးပွားရေးလုပ်ငန်းရှင်မလေးအဖြစ် လှလှပပသရုပ်ဆောင်နိုင်ခဲ့ပါတယ်။ မိသားစုရဲ့လောင်းရိပ်အောက်ကနေ ရုန်းထွက်ပြီး အချစ်စစ်ကိုရှာတွေ့ခဲ့တဲ့ သတ္တိခဲမလေး Cha Suhyun ပါ။ ကျက်သရေရှိပြီး တည်ငြိမ်တဲ့အလှကိုပုံဖော်တဲ့ ဒီဇိုင်နာထုတ်ကုန်တွေကို ထည်လဲဝတ်ဆင်ခဲ့ပါတယ်။

Kim Hee Ae (The World of the Married)


ငွေရှာလဲတော် ပညာလဲထက်မြက်လို့ လူရာဝင်ဆံ့သလို အိမ်ထောင်မှုလဲနိုင်နင်းတဲ့ အမျိုးသမီးဖြစ်တဲ့ ဒေါက်တာဂျီဆွန်းဝူအဖြစ် ဇာတ်ရုပ်ပီပြင်ခဲ့ပါတယ်။ သူမဝတ်တဲ့ကုတ်အင်္ကျီရှည်တွေ လက်ကိုင်အိတ်တွေက အဆင့်အတန်းမြင့်တဲ့ပုံရိပ်ကို ထင်ဟပ်ပြသခဲ့ပါတယ်။

Lee Da Hee (The Beauty Inside)


The Beauty Inside ဇာတ်လမ်းတွဲထဲမှာတော့ Lee Da Hee ဟာ လေကြောင်းလိုင်းကြီးတစ်ခုရဲ့ CEO အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အရာရာမှာပြတ်သားတဲ့ မိန်းမလှလေး Kang Sara အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ သူမရဲ့ဖက်ရှင်နဲ့ အပြင်အဆင်က အားလုံးငေးကြည့်ရအောင် မိုက်ပါတယ်။

Seo Yeji (It’s Okay To Not Be Okay)


လက်ရှိထုတ်လွှင့်ပြသနေတဲ့ ထိပ်တန်းစီးရီးမှာတော့ Seo Yeji ဟာ စိတ်ဒဏ်ရာတွေနဲ့ကြီးပြင်းလာရလို့ သွေးအေးရက်စက်ပေမယ့် ကြောက်ခမန်းလိလိဝင်ငွေရှိပြီး စိတ်ကူးဉာဏ်ကွန့်မြူးတဲ့ ကလေးပုံပြင်စာရေးဆရာမအဖြစ် သရုပ်ဆောင်နေတာပါ။ ကာရိုက်တာနဲ့လိုက်အောင် တန်ဖိုးကြီးဝတ်စုံတွေကို ခမ်းခမ်းနားနားဝတ်ဆင်ပြသူပါ။

Son Ye Jin (Crash Landing on You)


Crash Landing on You မိသားစုရဲ့အရေးပေးခြင်းကို မခံရတာတောင် အစ်ကိုနှစ်ယောက်ထက် အမျှော်အမြင်ရှိပြီး အလှကုန်လုပ်ငန်းတစ်ခုကို ကိုယ်ထူကိုယ်ထတည်ထောင်ထားတဲ့ အပျိုကြီးမမလှလှဇာတ်ကောင်အနေနဲ့ ပါဝင်ထားပါတယ်။ တန်ကြေးများလွန်းတဲ့ လက်ကိုင်အိတ် အဝတ်အစားတွေများစွာ ဝတ်ဆင်ခဲ့ပါတယ်။

Im Soo Hyang (Graceful Family)


Graceful Family မှာ ဂုဏ်ရှိန်မြင့်တဲ့မိသားစုကဆင်းသက်လာပြီး ကိုယ့်ကိုစနစ်တကျအကွက်ချယုတ်မာသူတွေကို ပါးပါးနပ်နပ်လေးရှောင်ပြေးနိုင်လောက်အောင် တွေးခေါ်တတ်တဲ့ မမလေးနေရာနဲ့ အတော်လေး လိုက်ဖက်ပါတယ်။ ဇာတ်ကောင်နဲ့လိုက်ဖက်နဲ့ ခမ်းနားမှုကိုဖော်ကျူးတဲ့ အပြင်အဆင်မျိုးလဲ ပြုလုပ်ခဲ့ပါတယ်။

Jung Eun Chae (The King: Eternal Monarch)


အပြိုင်စကြာဝဠာနှစ်ခုရဲ့ ဘုရင့်နိုင်ငံမှာ ငယ်ရွယ်လှပပြီးထက်မြက်တဲ့ အမျိုးသမီးဝန်ကြီးချုပ် Goo Seo Rynug အနေနဲ့ ပါဝင်ခဲ့ပါတယ်။ သူ့ရဲ့ လေးနက်တည်ကြည်တဲ့အသွင်အပြင်နဲ့ ဖက်ရှင်တွေဟာ အရမ်းမိုက်ပါတယ်။ သူဝတ်ဆင်ခဲ့တဲ့ ဝတ်စုံတွေရဲ့စျေးနှုန်းကတော့ အံ့မခန်းပါပဲ။

IU (Hotel Del Luna)


တမလွန်သွားမယ့် ဝိဉာဉ်တွေတည်းခိုဖို့ ဇိမ်ခံဟိုတယ်ကြီးရဲ့ ပိုင်ရှင်အဖြစ် ခန့်အပ်ခံထားရပြီး ငွေကိုဘယ်နေရာကရှာရမလဲဆိုတာပဲ စဉ်းစားနေတတ်သလို အသုံးအဖြုန်းလဲကြီးတဲ့ သူဌေးမလေး Jang Man Wol ပါ။ သူ့ရဲ့မိတ်ကပ်ပြင်ဆင်ပုံနဲ့ လက်ဝတ်ရတနာတွေဟာ အထူးရေပန်းစားခဲ့ပါတယ်။

Seo Ji Hye (Crash Landing On You)


ဒုတိယမင်းသမီးအနေနဲ့သာ ပါဝင်ခဲ့ပေမယ့် နိုင်ငံရပ်ခြားမှာ ပညာသွားရောက်သင်ယူခဲ့ပြီး မြောက်ကိုရီးယားထိပ်တန်းသူဌေးမကြီးရဲ့ တစ်ဦးတည်းသောသမီးချောလေး Seo Dan အဖြစ် ပရိတ်သတ်အားပေးမှုရရှိခဲ့ပါတယ်။ မာနကြီးတဲ့ မိန်းမပျိုလေးအသွင် ကျော့ရှင်းလှပနေအောင် အသေးစိတ်ဂရုစိုက်ခဲ့သူပါ။

source : annyeongoppa
written : Dar Dar

Share