၂၀၂၀ ခုနှစ် မေလ ၂၅ ရက်နေ့ကနေ ဂျွန်လ ၂၆ ရက်နေ့အထိ ရရှိထားတဲ့ brand ranking data တွေအရ တောင်ကိုရီးယားမှာ လက်ရှိ လူကြိုက်အများဆုံးဖြစ်နေတဲ့ group တွေကို koreaboo သတင်းဌာနက ဖော်ပြထားပါတယ်။
၁၀။ NCT
SM ကပွဲထုတ်ပေးထားတဲ့ unit group တွေအများကြီးနဲ့ အရည်အချင်းပြည့်ဝတဲ့ ဒီအဖွဲ့လေးကတော့ ပရိတ်သတ်အင်အားအခိုင်အမာနဲ့ ဒီစာရင်းရဲ့ နံပါတ် (၁၀) နေရာမှာ ရပ်တည်နေပါတယ်။
၉။ Girls’ Generation
အခုချိန်မှာ အဖွဲ့လိုက်လှုပ်ရှားမှုတွေ မရှိတာတောင် လတိုင်းလိုလို top 10 စာရင်းမှာ ပါဝင်လေ့ရှိတဲ့ Girls’ Generation အဖွဲ့ရဲ့ အောင်မြင်မှုကတော့ ဘယ်တော့မှ လျော့ကျသွားမှာ မဟုတ်ပါဘူး။
၈။ Gfriend
မကြာခင်မှာ album သစ်နဲ့ ပရိတ်သတ်တွေဆီပြန်လာတော့မယ့် မိန်းမချောလေးတွေကတော့ ပွဲဦးထွက်ကတည်းက ဖြည်းဖြည်းမှန်မှန်အောင်မြင်လာခဲ့ပြီး ထိပ်တန်းစာရင်းဝင်နေတာ ကြာပါပြီ။
၇။ Oh My Girl
ချစ်စရာကောင်မလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ Oh My Girl ကလဲ တောင်ကိုရီးယားမှာရော ကမ္ဘာအဝှမ်းမှာပါ ရေပန်းစားလျက်ရှိပြီး ပေါ်ပြူလာအဖြစ်ဆုံး နံပါတ် (၇) အဖြစ် ရပ်တည်နေပါတယ်။
၆။ Red Velvet
အများနဲ့မတူတဲ့ concept တွေနဲ့ အမြဲတမ်းထူးခြားဆန်းသစ်တဲ့ Red Velvet ကလဲ ပရိတ်သတ်တွေရဲ့ ချစ်ခင်မှုကို အစဉ်အမြဲရရှိနေပြီး ဒီလမှာတော့ comeback မရှိတာတောင် top 6 ပါ။
၅။ Seventeen
အဖွဲ့ဝင်ဆယ့်သုံးဦးနဲ့ဖွဲစည်းထားပြီး ပြည်တွင်းပြည်ပမှာ ထိပ်တန်းယောက်ျားလေးအဖွဲ့တစ်ဖွဲ့အဖြစ် အသိအမှတ်ပြုခံရတဲ့ Seventeen ကလဲ ဒီစာရင်းမှာအမြဲပါဝင်လေ့ရှိပြီး ဒီလမှာတော့ နံပါတ် (၅) ပါတဲ့။
၄။ IZ*ONE
မကြာသေးခင်ကမှ album အသစ်နဲ့ ပရိတ်သတ်အဟောင်းတွေကိုရော ပရိတ်သတ်အသစ်တွေကိုပါ ဖမ်းစားခဲ့တဲ့ အကျော်အမော်လေးတွေကလဲ အောင်မြင်မှုများစွာနဲ့ နံပါတ် (၄) မှာ ရပ်တည်နေပါတယ်။
၃။ Twice
လူတကာပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ More and More သီချင်းနဲ့ လောလောလတ်လတ်အောင်မြင်မှုတွေ သိမ်းပိုက်ခဲ့တဲ့ Twice ဟာလဲ ထုံးစံအတိုင်း ပေါ်ပြူလာဖြစ်နေပြီး ဒီလတော့ တတိယနေရာမှာ ရောက်ရှိနေတာပါ။
၂။ BLACKPINK
ဂျွန်လ ၂၆ ရက်နေ့ကမှ သီချင်းသစ်နဲ့ စံချိန်တွေဝက်ဝက်ကွဲတင်ခဲ့ပေမယ့် comeback သတင်း စထွက်လာကတည်းက လူထုစိတ်ဝင်စားမှု ခံယူခဲ့ရတာမို့ ဒီစာရင်းရဲ့ ဒုတိယအဖြစ် ရှိနေပါတယ်။
၁။ BTS
ဒီစစ်တမ်းအရတော့ မေလ ၂၅ ရက်နေ့ကနေ ဂျွန်လ ၂၆ ရက်နေ့အထိ ကိုရီးယားပြည်သူတွေကြားမှာ လူပြောအများဆုံး စိတ်ဝင်စားမှုအခံရဆုံးအဖြစ် BTS အဖွဲ့က ဗိုလ်စွဲသွားတာပဲ ဖြစ်ပါတယ်။
ဒီသတင်းဆောင်းပါးကို koreaboo သတင်းဌာနကနေသာ ဘာသာပြန်ဖော်ပြတာဖြစ်ပြီး တောင်ကိုရီးယားရဲ့ brand ranking data ကို အခြေခံထားတာဖြစ်လို့ ပရိတ်သတ်တွေရဲ့ကြိုက်နှစ်သက်မှုနဲ့ အနည်းငယ်ကွဲလွဲမှုရှိခဲ့ရင် နားလည်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။
source: koreaboo
written: Dar Dar