Categories: Celebrity News

ယုံကြည်မှုကိုအလွဲသုံးစားလုပ်ခံရဖူးတဲ့ idol တွေရဲ့ နာကျည်းစရာ အဖြစ်များ

ဘယ်လိုပဲငွေကြေးချမ်းသာသူ အောင်မြင်ကြွယ်ဝသူ ဖြစ်ပါစေ ယုံကြည်ထားတဲ့အတွင်းလူဆီကနေ လိမ်လည်ခံရရင်တော့ ဘယ်သူမဆို ယူကြုံးမရဖြစ်ကြမှာပါပဲ။ ဒီ idol တွေကတော့ ယုံကြည်မှုကို အသုံးချပြီး အလွဲသုံးစားလုပ်ပြီး နောက်ကျောဓားနဲ့ထိုးတဲ့ အဖြစ်ဆိုးမျိုးတွေကို ရင်ဆိုင်ခဲ့ရသူတွေပါ။

BLACKPINK’s Lisa


မကြာသေးမီကမှ ဟိုးလေးတကျော်ဖြစ်သွားခဲ့တဲ့ ငွေလိမ်လည်မှုမှာ Lisa ဟာ နစ်နာသူဖြစ်ခဲ့ပြီး နောက်ကျောကိုဓားနဲ့ထိုးတာကတော့ သူအကိုအရင်းလိုခင်မင်ပြီး ယုံကြည်ထားတဲ့မန်နေဂျာပါ။

ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ဘူးလို့ တွက်ထားတဲ့မန်နေဂျာက အိမ်ခြံမြေစီးပွားရေးမှာ ရင်းနှီးမြုပ်နှံပေးမယ်ဆိုလို့ $1 million နီးပါး ပုံအပ်ခဲ့ရာက မန်နေဂျာဟာ လောင်းကစားနဲ့ဖြုန်းပစ်လိုက်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။

IU


အခုချိန်မှာ အချမ်းသာဆုံးအမျိုးသမီးစာရင်းဝင်နေပေမယ့် ငယ်စဉ်က အဖွားဆီမှာ ချို့ချို့တဲ့တဲ့ကြီးပြင်းလာရသူ IU ဟာ အဆိုတော်ဖြစ်ချင်လွန်းလို့ မြေးအဖွားနှစ်ယောက် ကြိုးစားစုထားတဲ့ငွေတွေကို အေဂျင်စီတစ်ခုဆီမှာ ပုံအပ်ခဲ့ရာကနေ အလိမ်ခံခဲ့ရပါတယ်တဲ့။ အိပ်မက်တွေတစ်ပုံကြီးထမ်းပိုးထားတဲ့ ကလေးမလေး Lee Jieun အတွက်တော့ အခက်ခဲဆုံးနေ့ရက်တွေ ဖြစ်ခဲ့မှာပါ။

Girls Day’s Sojin


အောင်မြင်တဲ့ idol တစ်ယောက်ဖြစ်ဖို့ အိပ်မက်ကိုစမက်ခဲ့ချိန် trainee ဘဝမှာ သူမလေ့ကျင့်ခဲ့တဲ့အေဂျင်စီက ဝမ် 2 million ပေးမှ ပွဲဦးထွက်ခွင့်ရမယ်လို့ သွေးဆောင်ခဲ့လို့ ဖြစ်ချင်ဇောကြီးနေတဲ့ Sojin ဟာ မိဘတွေရဲ့ချွေးနဲစာလေးတွေကို ပေးခဲ့ပေမယ့် မန်နေဂျာက ပိုက်ဆံတွေယူပြီး ထွက်ပြေးသွားခဲ့တာမို့ အကြီးအကျယ်စိတ်ဆင်းရဲခဲ့ရပါတယ်။

BLOCK B


ပွဲဦးထွက်စကတည်းက အောင်မြင်တဲ့အဖွဲ့ဖြစ်ခဲ့ပြီး အလုပ်တွေကြိုးစားကာ အေဂျင်စီဟောင်းအတွက် ဝင်ငွေအများကြီးရှာခဲ့ပေးပေမယ့် 2011 ခုနှစ်ကစပြီး သူတို့ကိုလစာမပေးပဲခေါင်းပုံဖြတ်ခံခဲ့တဲ့အပြင သီချင်းတွေထုတ်လုပ်ဖို့ ကုန်ကျစရိတ်ဆိုပြီး သူတို့မိဘတွေဆီက $70000 တောင်းယူခဲ့ပြီး စာရင်းပျောက်ခဲ့ရလို့ အောင်မြင်နေချိန်မှာပဲ အေဂျင်စီနဲ့ တရားရင်ဆိုင်ခဲ့ရပါတယ်။

Son Dambi


2008 ခုနှစ် သူမရဲ့အောင်မြင်မှုအထွတ်အထိပ် ရောက်ချိန်မှာ တစ်လျှောက်လုံးယုံကြည်လာတဲ့ မန်နေဂျာက သူမရဲ့ ပင်ပင်ပန်းပန်းရှာထားရတဲ့ ပိုင်ဆိုင်မှုတွေကို အပိုင်စီးဖို့ကြံတဲ့ အဖြစ်မျိုးကြုံတွေ့ခဲ့ရပါတယ်။ သတင်းတွေအရတော့ မန်နေဂျာဟာ လောင်းကစားကြွေးတွေဝိုင်းနေတာကြောင့် သူမကိုနောက်ကျောဓားနဲ့ထိုးဖို့ကြံစည်ခဲ့တာပါတဲ့။

B.A.P


2012 ခုနှစ်ကစလို့ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီး ထိပ်တန်းအဖွဲ့တစ်ဖွဲ့ဖြစ်ခဲ့ပေမယ့် ပရိတ်သတ်တွေမမြင်ရတဲ့ နောက်ကွယ်မှာ အေဂျင်စီရဲ့ခေါင်းပုံဖြတ်မှုကိုခံနေရတာပါ။

2011 ကစလို့ အဲ့ဒီအေဂျင်စီနဲ့လက်တွဲလုပ်ခဲ့ပေမယ့် 2014 မှသာ သုံးနှစ်စာလုပ်ခအဖြစ် တစ်ယောက်ကို $16000 သာရခဲ့ပါတယ်တဲ့။ သူတို့ရဲ့ တစ်နှစ်စာ album ရောင်းရငွေ concert လက်မှတ်ရောင်းရငွေတွေရဲ့ ဆယ်ပုံတစ်ပုံတောင်မရှိတဲ့ ပမာဏကို သုံးနှစ်စာလုပ်အားအဖြစ် ပေးခဲ့တာပါ။

source: Kpopstarz
written: Dar Dar

Share