Categories: Celebrity News

မိမိ၏အိမ်မွေးခွေးအား ပစ်ထားသည်ဟူ၍ အဝေဖန်ခံနေရသော G-Dragon

Big Bang အဖွဲ့ခေါင်းဆောင် G-Dragon လို့ပြောလိုက်တာနှင့် ဘယ်သူလဲဆိုတာ လူတိုင်းသိမှာပါ။ G-Dragon ဟာမကြာသေးမီကပင် စစ်မှုထမ်း၍ ပြီးစီးခဲ့တာပဲ ဖြစ်ပါတယ်။ လက်တလောမှာတော့ Online အသုံးပြုသူကြားထဲမှာ G-Dragon နှင့်ပက်သက်ပြီး ဝေဖန်မှုများရှိနေပါတယ်။

လူအများက G-Dragon၏ မိဘအိမ်တွင်တွေ့ရသော GD ၏ခွေးကလေး Gaho ၏ဓာတ်ပုံကြောင့်ပဲ ဖြစ်ပါတယ်။ သူတို့ပြောဆိုနေကြတာကတော့ အိမ်မွေးခွေး၏ ခြေသည်းလက်သည့်များဟာ ရှည်နေပြီး ကောင်းမွန်စွာပြုစုစောက်ရှောက်မှုမရှိဘူး ဆိုပြီးပြောဆိုနေကြတာပါ။

တောင်ကိုရီးယားတွေဟာ အိမ်မွေးခွေးတွေနှင့် ပက်သက်၍ အလွန်ပင်အလေးထားကြပါတယ်။ မကြာသေးမီကလည်း Online ပေါ်တွင် အိမ်မွေးကိုပစ်ထားမိသောပိုင်ရှင်တစ်ယောက်ကို အပြင်းအထန်ပြစ်တင် ပြောဆိုကြပါသေးသည်။

ထို့ကြောင့်လည်း နာမည်ကြီး Cele တစ်ယောက်ဖြစ်သည့် GDမှ ပိုမို၍ ပြစ်တင်ဝေဖန်ခံရခြင်းပဲ ဖြစ်ပါတယ်။ သူတို့ပြောတာတွေက်တော့ “သူကစစ်တပ်ထဲကထွက်လာရင်လည်း ကိုယ့်ခွေးကိုယ်ပြန်စောင့်ရှောက်သင့်တယ်လေ။

ဘာလို့ခွေးလေးရဲ့ ခြေသည်း၊လက်သည်းတွေကို ပစ်ထားတာလဲ။ သူကသူ့ကြောင်ကိုကျတော့ ပြန်ခေါ်ပြီး ခွေးလေးကျတော့ ပစ်ထားတယ်။”စသည်ဖြင့် ပြောဆိုနေကြတာပါ။

ပိုပြီးဝေဖန်ရသည့်အကြောင်းအရင်းကတော့ GD ဟာသူစစ်မှုထမ်းပြီးနောက်မှာ သူ့၏အိမ်မွေးကြောင်လေးကိုတော့ ပြန်ခေါ်ထားပြီး၊ ခွေးလေးကိုတော့ ပစ်ထားတယ်ဆိုပြီးပဲ ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော ထိုကိစ္စနှင့်ပက်သက်ပြီး ဘယ်လိုမြင်လဲမသိဘူးနော်။အဆိုပါကိစ္စဟာ အဲ့လောက်ထိဝေဖန်ပြောဆိုခံသင့်သည့် အကြောင်းအရာလား။

Source: Allkpop
Written: Phoo Phoo

Share