Categories: Celebrity News

ဇူလိုင်လအစပိုင်းမှာစစ်မှုထမ်းရတော့မယ့် Ken

N, Leo, Ken, Ravi, Hong Bin, Hyuk စတဲ့အဖွဲ့ဝင်ခြောက်ယောက်နဲ့ ဖွဲ့စည်းထားတဲ့ VIXX အဖွဲ့မှာ Leo ကယခုလက်ရှိစစ်မှုထမ်းနေပြီး Ken ကလည်းစစ်မှုထမ်းဖို့ နေ့ရက်အတိအကျထွက်လာပြီလို့ပရိတ်သတ်တွေကိုအသိပေးခဲ့ပါတယ်။

သူက ဇူလိုင်လ ၆ရက်နေ့မှာစတင်တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး တာဝန်ထမ်းဆောင်ရမယ့်နေရာနဲ့အချိန်အတိအကျကိုတော့ သူ့ရဲ့ အေဂျင်စီဖြစ်တဲ့ Jellyfish Entertainment ကလုံခြုံရေးကြောင့်မထုတ်ပြန်ထားပါဘူး။

တောင်ကိုရီးယားယောက်ျားလေးတွေအနေနဲ့ တိုင်းပြည်လုံခြုံရေးအတွက် တစ်ထောင့်တစ်နေရာက ပါဝင်ရတာဂုဏ်ယူစရာပါ။ Ken တစ်ယောက်တိုင်းပြည်အတွက်တာဝန်ကျေကျေပွန်ပွန်စစ်မှုထမ်းပြီး VIXX အဖွဲ့ပျော်ပျော်ရွင်ရွှင်ပြန်ဆုံကြမယ့်နေ့ကို တူတူစောင့်ကြရအောင်နော်။

source: allkpop
written: helra

Share