Categories: Celebrity News

နာမည်မထင်ရှားသော အနုပညာရှင်တစ်ဦးဘဝမှ ပရိတ်သတ်အချစ်တော်ဖြစ်လာခဲ့သည့် Lee Kwang Soo

တောင်ကိုရီးယား အနုပညာရှင် Lee Kwang Soo ဟာပရိတ်သတ်များ၏ အချစ်တော်celeတစ်ဦး ဖြစ်ပါတယ်။ ပရိတ်သတ်များသာမက အနုပညာရှင်များ၏ ချစ်ခြင်းကိုခံရသူတစ်ဦးလည်း ဖြစ်တယ်။

သူရဲ့ကူညီတတ်သည့်စိတ်ဓာတ်၊ တဖက်သားအပေါ်လေးစားမှုရှိမှု၊ ဟာသညဏ်ရွှင်မှုတို့ဟာ ပရိတ်သတ်များ သူ့ကိုချစ်ရသည့် အကြောင်းအရင်းတစ်ခုလည်း ဖြစ်ပါတယ်။

Lee Kwang Soo ဟာ သူရဲ့အနုပညာအလုပ်များ စတင်လုပ်ကိုင်စဉ်အချိန်က အောင်မြင်မှုများကို ချက်ချင်းမရရှိခဲ့သေးပါ။ မော်ဒယ်တစ်ဦးအဖြစ် အနုပညာလောကထဲသို့ ဝင်ရောက်လာခဲ့ပြီး နောက်ပိုင်းမှ ဇာတ်လမ်းတွဲ၊ရုပ်ရှင်များတွင် ပါဝင်သရုပ်ဆောင်ခဲ့တာပါ။

IT companyတစ်ခု၏ ကြော်ငြာတွင်ပါဝင်ပြီး သူ၏သရုပ်ဆောင်ခရီးလမ်းကို စတင်ခဲ့ပါတယ်။ထိုနောက်ပိုင်းတွင်တော့ သရုပ်ဆောင်အဖြစ်စတင်ခဲ့ပြီး သူ့၏ထူးခြားသောရုပ်ရည်၊အရပ်အမောင်းတို့ကြောင့် ပရိတ်သတ်များစတင် သတိထားမိခဲ့ပါတယ်။

နောက်ပိုင်းတွင်တော့ Lee Kwang Soo ဟာ ဟာသ သရုပ်ဆောင်အဖြစ် အနုပညာလှုပ်ရှားမှုများစွာကို လုပ်ခဲ့ပါတော့တယ်။ ထိုimage များကြောင့် Lee Kwang Soo အားပရိတ်သတ်များက မင်းသားတစ်လတ်ဆိုသည်ထက်၊ ဟာသသရုပ်ဆောင်တစ်ဦးအဖြစ် လက်ခံလာကြပါတယ်။

သို့သော်ထိုဟာသဇာတ်ရုပ်များမှလည်း သူဟာအောင်မြင်မှုများစွာကို ပိုင်ဆိုင်ရရှိလိုက်ပါတယ်။ သူ့ရဲ့အောင်မြင်မှုကို ထိပ်ဆုံးရောက်အောင် တွန်းပို့ပေးလိုက်တာကို Running Man အစီအစဉ်တွင် ပုံမှန်အဖွဲ့ဝင်အဖြစ် ပါဝင်ပြီးနောက်ပိုင်းပဲ ဖြစ်ပါတယ်။

နိုင်ငံတကာတွင်ပါ ပရိတ်သတ်အမြောက်အများရရှိခဲ့ပြီး Prince of Asia ဆိုသည့် Nick name ကိုပင်ရရှိခဲ့သည်။ Running Man အစီအစဉ်ဟာ Lee Kwang Soo ၏စိတ်ဓာတ်နှင့် ဟာသညဏ်၊ စီနီယာအကိုအမများအပေါ် လေးစားတက်မှုစသည်တို့ကို ပရိတ်သတ်သိအောင် လုပ်ပေးလိုက်နိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း Lee Kwang Soo ၏အနုပညာကြေးများလည်း အရင်အခြေအနေများထက် ပိုမိုရရှိခဲ့ပါတယ်။ Lee Kwang Soo သရုပ်ဆောင်အဖြစ် စတင်စဉ်က ကြော်ငြာတစ်ခု၏ ရိုက်ကူး၍ရရှိသည့် ငွေကြေးမှာ $658 သာရရှိခဲ့ပါတယ်။ သို့သော် ၂၀၁၃ခုနှစ်တွင်တော့ သူဟာကြော်ငြာတစ်ခုအတွက် $164531 အထိရရှိခဲ့ပါတယ်လို့ ဆိုပါတယ်။

Lee Kwang Soo ဟာတောင်ကိုရီးယားနိုင်ငံတွင်သာမက နိုင်ငံအရပ်ရပ်တွင်ပါ ပရိတ်သတ်များ ချစ်ခင်ရသည့် အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ သူ့ကိုအားလုံးချစ်ရသည့်အကြောင်းအရင်းကတော့ Lee Kwang Soo ဟာစိတ်ရင်းလည်း ကောင်းမွန်ပြီး၊ ကူညီတတ်သည့် စိတ်ထားရှိသူ ဖြစ်သောကြောင့်လည်း ဖြစ်ပါတယ်။

ယခုလက်ရှိတွင်လည်း Lee Kwang Soo ဟာ ဆုပေါင်းများစွာ ကို ထိုက်ထိုက်တန်တန် ပိုင်ဆိုင်ရရှိထားသော အနုပညာရှင်တစ်ဦးလည်း ဖြစ်နေပါပြီ။ ၂၀၂ဝခုနှစ်တွင်လည်း Lee Kwang Soo ပါဝင်ရိုက်ကူးမည့် ဇာတ်လမ်းတွဲ၊ရုပ်ရှင်များစွာလည်း ရှိနေပါတယ်။ Lee Kwang Soo၏ အနုပညာလက်ရာအသစ်များ ထွက်ရှိလာလျှင်လည်း အားပေးကြရအောင်နော်။အချိန်ပေးပြီး ဖတ်ရှုမှုကို ကျေးဇူးတင်ပါတယ်။

Source: Koreaboo
Written: Phoo Phoo

Share