၈။ Are You Human Too?
Seo Kang Joon, Gong Seung Yun တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Sci-fi အမျိုးအစား ဒရမ်မာတစ်ခုပါ။ ထူးခြားတဲ့ဇာတ်အိမ်လေးနဲ့ ဒီဇာတ်လမ်းတွဲကို ရိုက်ကူးဖို့အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ၉.၃ သန်းတောင်အကုန်ခံခဲ့ပြီး နံပါတ် (၈) နေရာမှာရပ်တည်နေပါတယ်။
၇။ Descendants of the sun
Song Joong Ki နဲ့ Song Hye Kyo တို့ရဲ့ DOTSကတော့ နံပါတ် (၇)နေရာမှာပါ။ စစ်ပွဲအကြောင်းရိုက်ချက်တွေအပြင် နိုင်ငံခြားအထိပါသွားရောက်ရိုက်ကူးမှုတွေကြောင့်အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ကုန်ကျခဲ့ပါတယ်။
၆။ Goblin
ပရိတ်သတ်တွေရဲ့အသည်းစွဲဖြစ်ခဲ့ပြီး Gong Yoo နဲ့ Kim Go Eun တို့ပါဝင်ခဲ့တဲ့ Goblin ကစုစုပေါင်းကုန်ကျငွေ ၁၃.၂ ဒေါ်လာနဲ့ နံပါတ် (၆)နေရာကရပ်တည်နေပါတယ်။ ဒီဇာတ်လမ်းတွဲက tvN သက်တမ်းတစ်လျှောက် အရောင်းရဆုံးမှတ်တမ်းဝင်ခဲ့လို့ ကုန်ကျရကျိုးနပ်တယ်လို့ဆိုရမယ့် ဇာတ်လမ်းတွဲလေးပါ။
၅။ Moon Lovers (Scarlet heart : Ryeo)
Lee Jun Ki, IU နဲ့ Kang Ha Neul တို့အဓိကပါဝင်ခဲ့တဲ့ Moon Lover ဇာတ်လမ်းတွဲကလည်း လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတစ်ခုပါပဲနော်။ Goryeo ခေတ်ကိုအခြေခံထားတဲ့ time travel အကြောင်းဒရမ်မာဖြစ်ပြီး ဒေါ်လာသန်းပေါင်း ၁၃.၆ သန်းကုန်ကျခံခဲ့ပါတယ်။
၄။ Kingdom
Zombie ဇာတ်လမ်းတွေတစ်ခေတ်ထလာတဲ့အချိန်မှာ တောင်ကိုရီးယားကရိုက်ကူးခဲ့တဲ့ Zombie ဇာတ်လမ်းတွဲပါ။ Jun Ji Hoon နဲ့ Bae Doo Na တို့ပါဝင်ခဲ့ပြီး ထူးထူးခြားခြား ဂျိုဆွန်းခေတ်က Zombie တွေအဖြစ်ဖန်တီးရိုက်ကူးထားပြီး လူအင်အားလည်းများများသုံးထားတာမို့ ကုန်ကျစရိတ်အနေနဲ့ ဒေါ်လာ၁၈.၅ သန်းတောင်ရှိခဲ့ပါတယ်။
၃။ The Legend of the Blue Sea
Lee Minho, Jun Ji Hyun စတဲ့နာမည်ကြီးအနုပညာရှင်တွေပါဝင်တဲ့ ဒီဇာတ်လမ်းတွဲကလည်း ကုန်ကျငွေပေါင်း ဒေါ်လာသန်း ၂၀ နဲ့တတိယနေရာကရပ်တည်နေပါတယ်။ ရေသူမအကြောင်းဇာတ်လမ်းဖြစ်တာကြောင့် ပင်လယ်ကြီးကိုလည်းလှလှပပရိုက်ကူးခဲ့ပြီး Jun Ji Hyun ကိုလည်းအလှဆုံးတွေပဲဆင်ယင်ခဲ့ပါတယ်။
၂။ Vagabond
Lee Seung Gi, Bae Suzy တို့ရဲ့ အက်ရှင်ဒရမ်မာတစ်ခုဖြစ်တဲ့ Vagabond ကကုန်ကျငွေပေါင်း ၂၃.၂ ဒေါ်လာနဲ့ ဒုတိယနေရာကရပ်တည်နေပါတယ်။ အက်ရှင်ဇာတ်လမ်းတစ်ခုလည်းဖြစ်ပြီး ကားတွေကအစအမိုက်စားသုံးထားတာမို့ ကုန်ကျစရိတ်နဲ့ထိုက်ထိုက်တန်တန်အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုပါ။
၁။ Mr Sunshine
ပထမနေရာမှာရပ်တည်နေတာက အမေရိကန်ဒေါ်လာသန်းပေါင်း ၂၇.၈ သန်းကုန်ကျခံရိုက်ကူးခဲ့တဲ့ Mr Sunshine ပဲဖြစ်ပါတယ်။ Lee Byung Hun နဲ့ Kim Min Jung တို့အဓိကပါဝင်ခဲ့ပြီး ၁၈၀၀ ပြည့်နှစ်ဝန်းကျင် ကိုရီးယားနိုင်ငံရဲ့အခြေအနေကိုဇာတ်အိမ်တည်ထားတဲ့ဇာတ်လမ်းလေးတစ်ခုပါ။ သူ့ရဲ့ကုန်ကျစရိတ်ကကိုရီးယား ဒရမ်မာသမိုင်းမှာအများဆုံးပါတဲ့။
source: spikuasia stars
written: helra