Categories: Celebrity News

Vocal အားနည်းသည်ဆို၍ ဝေဖန်ခံရသော Kpop Idol များ

ရုပ်ချောရမယ်၊ အကကျွမ်းကျင်ရမယ်၊ အသံကောင်းရမယ် စသည့်စံချိန်စံနှုန်းများဟာ Kpop idol တစ်ဦးမှာရှိကိုရှိရမည်ဟူ၍ သတ်မှတ်ထားကြပါတယ်။ သို့သော် အဖွဲ့အချိုကိုတော့ အသံမကောင်းဖူးဆိုပြီး ဝေဖန်ပြောဆိုမှုများရှိခဲ့ပါတယ်။ ထိုသို့ပြောဆိုခံခဲ့ရသည့် Idol အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

1. Lia (ITZY)


ITZY အဖွဲ့ဝင်ဖြစ်ပြီး Main Vocalist လည်းဖြစ်သည့် Lia ဟာအသံမကောင်းဘူးဆိုသည့် တိုက်ခိုက်မှုများကို ခံခဲ့ရပါတယ်။အချိုတွေကတော့ အဖွဲ့တစ်ဖွဲ့၏ Main Vocalist တစ်ယောက်ဟာ ဒီထက်ပို၍ အသံကောင်းအောင်၊တိုးတက်အောင် လုပ်သင့်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။

2.Suho (EXO)


EXO အဖွဲ့၏ခေါင်းဆောင်ဖြစ်သည့် Suho ကလည်း ထိုကဲ့သိုဝေဖန်တိုက်ခိုက်သူများ၏ စက်ကွင်းမှ ပြေးမလွတ်ခဲ့ပါဘူး။ သို့သော်အချိန်ကြာလာသည့်ေနောက်ပိုင်း Suho ဟာသူ့၏ အဆိုစွမ်းရည်တိုးတက်လာသည်ကို ပရိတ်သတ်များကို ချပြနိုင်ခဲ့ပါတယ်။

3.Irene (Red Velvet)


Kpop လောက၏ Queen of the visual လို့တင်စားခံရသည့် Irene ကတော့ အဆိုပိုင်းနှင့်ပက်သက်၍ အပြောအဆိုခံခဲ့ရဖူးပါတယ်။အခြားအဖွဲ့ဝင်များထက်စာရင် Irene ဟာအဆိုပိုင်း အရမ်းအားပျော့တယ်ဆိုပြီး အပြောခံရတာပါ။သို့သော် Rap အပိုင်းမှာတော့ တော်တော်ကောင်းတယ်လို့ ပြောဆိုကြပါတယ်။

4.Jimin (BTS)


Jimin ဟာ BTS အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး အကကျွမ်းကျင်သည်ဆိုပြီး နာမည်ပိုကြီးပါတယ်။သို့သော် လွန်ခဲ့သောနှစ်များတုန်းက အဆိုပိုင်းအားနည်းတယ်လို့ ဝေဖန်ခံခဲ့ရဘူးပါတယ်။

Jiminဟာထိုနောက်ပိုင်းမှ ပိုမိုကြိုးစားခဲ့ပြီး ယခုဆိုလျှင်တော့ သူ့၏အဆိုစွမ်းရည်ကို လူတိုင်းကလက်ခံသဘောကျ နေပြီပဲဖြစ်ပါတယ်။ သူ့၏ Solo track များဖြစ်သည့် Lie, Serendipity, နှင့် Promise တို့ထွက်ရှိပြီးနောက်ပိုင်း သူဟာအဆိုပိုင်းပါထူးချွန်သည့်သူတစ်ဦးဆိုတာကို အားလုံးကလက်ခံခဲ့ကြပါတယ်။

5.Park Bom (2ne1)


အောင်မြင်ကျော်ကြားခဲ့သော မိန်းကလေးအဆိုတော်အဖွဲ့တစ်ခုဖြစ်သည့် 2ne1 အဖွဲ့ဝင် Park Bom ဟာလည်း Vocal ပိုင်းနှင့်ပက်သက်၍ ဝေဖန်ခံခဲ့ရပါတယ်။ သူမ၏အသံစွမ်းရည်ဟာ အားနည်းတယ်၊မကောင်းဘူး စသည်ဖြင့် ဝေဖန်ပြောဆိုခဲ့ကြပါတယ်။သို့သော် Park Bom ကတော့ သူမရဲ့အဆိုစွမ်းရည်ကို 2ne1၏သီချင်းများတွင်သာမက၊ Solo များတွင်ပါ အကောင်းဆုံးချပြနိုင်ခဲ့ပါတယ်။

6.BoA


အဆိုတော် BoA ကိုတော့ သီချင်းသီဆိုရမှာ နှာခေါင်းသံအရမ်းများတယ်ဆိုပြီး ဝေဖန်တိုက်ခိုက်ခံခဲ့ရပါတယ်။ သို့သော် BoAဟာ သူမ၏ Ballads သီချင်းများဖြင့် အောင်မြင်ကျော်ကြားခဲ့ပြီး လူအများ၏ချီးကျူးခံရမှုကိုလည်း ရရှိခဲ့ပါတယ်။

ဒါ့အပြင် BoA ဟာအကပိုင်းတွင်လည်း ထူးချွန်သူဖြစ်သည့်အတွက် Kpop Wave ကို နိုင်ငံတကာတွင် စတင်မိတ်ဆက်ပေးနိုင်ခဲ့သော Idol တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

တချိန်က Vocal အားနည်းတယ်လို့ဝေဖန်ခံရသည့် Idol များဟာ ယခုအချိန်မှာတော့ အောင်မြင်နေကြသည့် Kpop Idol များဖြစ်နေကြပါပြီ။တိုက်ခိုက်မှုများကြားမှ ကိုယ့်ကိုယ်ကို တိုးတက်အောင်ကြိုးစားခဲ့ကြပြီး ယခုအချိန်မှာတော့ နိုင်ငံတကာမှပင် လက်ခံရသည့် အဆိုတော်များပင် ဖြစ်နေကြပါပြီ။

Source: kpopstarz
Written: Phoo Phoo

Share