Categories: Celebrity News

‘Monster’ အတွက် teaser ပုံတွေမှာ IRENE ရဲ့အလှကြောင့် အားလုံးရူးသွပ်ခဲ့ရ

Red Velvel အဖွဲ့ရဲ့ ပထမဆုံး sub unit ဖြစ်တဲ့ IRENE & SEULGI ကတော့ မကြာခင်မှာ ‘Monster’ ဆိုတဲ့မီနီအယ်လ်ဘမ်နဲ့ ပွဲဦးထွက်တော့မှာဖြစ်ပြီး ပရိတ်သတ်တွေ ရင်ခုန်စောင့်မျှော်နေကြတာပါ။ ဂျွန်လ ၂၈ ရက်နေ့မှာတော့ Irene ရဲ့ teaser ဓာတ်ပုံတွေက အရင်ထွက်လာခဲ့ပြီး ပရိတ်သတ်တွေကြားမှာ ဆူညံသွားခဲ့ပါတယ်။

အလှနတ်ဘုရားမလေး Irene ဟာ သူ့ရဲ့ သင်္ကေတလို့ပြောလို့ရတဲ့ ရိုးရှင်းပြီး ကျက်သရေရှိသလို ဆွဲဆောင်အားပြင်းတဲ့ ပုံရိပ်တွေနဲ့ တင်စားစရာ စကားလုံးရှာမရအောင်ကို လှပနေတာ တွေ့ရမှာပါ။ Concept ကလဲ ထုံးစံအတိုင်း အမိုက်စားမို့ တကယ်တမ်းထွက်လာခဲ့ရင်လဲ ဘယ်လို slay ကြဦူမလဲ ဆိုတာ ရင်ခုန်စရာပါပဲ။

Album ကတော့ လာမယ့် ဂျူလိုင်လ ၆ ရက်၊ ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီမှာ ထွက်ရှိမှာဖြစ်ပြီးအဖွဲ့ရဲ့အဓိက dancer တွေဖြစ်တဲ့ Irene နဲ့ Seulgi တို့ရဲ့ sub unit မို့ ဆွဲဆောင်မှုရှိရှိနဲ့ သေသပ်လှပတဲ့ ကကွက်တွေကို မြင်ရမှာဖြစ်သလို အလှပဂေးလေးနှစ်ယောက်ရဲ့ ထည်ဝါတောက်ပမှုနဲ့ အသံချိုချိုလေးတွေကို ကြားရဖို့ နီးကပ်နေပါပြီ။

written: Dar Dar

Share