Categories: Celebrity News

၂၀၂ဝခုနှစ်၏ အနုပညာကြေးအမြင့်ဆုံး မင်းသား (သို့မဟုတ်) Kim Soo Hyun

Kim Soo Hyun ဟာ ဇူလိုင်လတွင် စစ်မှုထမ်းမှုပြီးစီးပြီးနောက်ပိုင်းတွင် အနုပညာအလုပ်များကို ဆက်တိုက်ဆိုသလို လုပ်လာခဲ့ပါတယ်။ သူ့၏သူငယ်ချင်းဖြစ်သော IU ၏ Hotel Del Luna ဇာတ်လမ်းတွဲတွင်လည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်အားဖြည့်ပေးခဲ့ပါတယ်။

ထို့အပြင် Crash Landing On You ဇာတ်လမ်းတွဲတွင်လည်း Cameo အဖြစ်ပါဝင်ပေးခဲ့ပါတယ်။ ယခုလတ်တလောတွင်တော့ It’s Okay To Not Be Okay ဇာတ်လမ်းတွဲတွင်တော့ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ထားပါတယ်။

ဖေဖေါ်ဝါရီလ 7 ရက်နေ့မှာ Kim Soo Hyun ဟာ TVN မှတုတ်လွှင့်မည့် It’s Okay To Not Be Okay တွင်ပါဝင်မည်ဟု သတင်းထုတ်ပြန်ခဲ့ပါတယ်။ It’s Okay To Not Be Okay တွင့် Kim Soo Hyun ရရှိမည့် အပိုင်းတစ်ခုစာအတွက် အနုပညာကြေးမှာ $167000 ( မြန်မာငွေသိန်းပေါင်း နှစ်ထောင်သုံးရာကျော်) ရရှိမှာပဲ ဖြစ်ပါတယ်။

အဆိုပါအနုပညာကြေးမှာ တောင်ကိုရီးယားတွင်တော့ အမြင့်ဆုံးပင် ဖြစ်ပါတယ်။ 2018 ခုနှစ်တွင် Mr.sunshine ဇာတ်လမ်းတွဲဖြင့် မင်းသား Lee Byung Hun ဟာဆိုရင် အပိုင်းတစ်ခုုစာအတွက် $126000(သိန်ပေါင်း တစ်ထောင့်ခုနှစ်ရာကျော်) ရရှိခဲ့ပါတယ်။

ယခုဆိုလျှင်တော့ Kim Soo Hyun ဟာအဆိုပါနှုန်းကိုပင် ကျော်၍ရရှိခဲ့ပါတယ်။ မင်းသားကတော့ အခုလိုအနုပညာကြေးများစွာ ရရှိတာဟာ Netflix ၏ Licensing Fee နှင့် drama ဇာတ်လမ်းတွဲထဲတွင်ထည့်သွင်းသည့် ကုန်ပစ္စည်းများ၏ ကြော်ငြာကြေးတို့ကြောင့်လည်း ဖြစ်ပါတယ်။

It’s Okay To Not Be Okay ဇာတ်လမ်းတွဲဟာ အပတ်စဉ် စနေ၊တနင်္ဂနွေ နေ့များတွင် ထုတ်လွှင့်တာပဲ ဖြစ်ပါတယ်။လက်ရှိတွင်လည်း လူကြည့်အများဆုံး ဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်နေပါတယ်။ ပရိတ်သတ်ကြီးလည်း Kim Soo Hyun ၏ဇာတ်လမ်းတွဲအသစ်ကို အားပေးလိုက်ကြပါဦးနော်။

Source: allkpop
Written: Phoo Phoo

Share