Sehun လို့ပြောလိုက်ရင်တော့ အရပ်မြင့်မြင့်နဲ့ လည်ပြန်ငေးရအောင် ချောမောလွန်းသူဆိုတာ EXO-L မဟုတ်တဲ့သူတွေပါ အသိအမှတ်ပြုရပါတယ်။ သူ့ရဲ့ရုပ်ဆင်းသွင်ပြင်ဟာ ဘယ်နိုင်ငံရဲ့ အလှအပစံနှုန်းနဲ့ကြည့်ကြည့် အပြစ်ပြောစရာ တစ်ကွက်မှမတွေ့ရပါဘူး။
သူ့ရဲ့ချောမောတဲ့ရုပ်ရည်ကို မြင်လိုက်ရသူတိုင်းလဲ မလွန်ဆန်နိုင်တာကိုတော့ ဒီဖြစ်ရပ်တွေက သက်သေပါပဲ။ အခမ်းအနားတွေကို အခြား idol တွေနဲ့အတူ တက်ရောက်တဲ့အခါ အခြား idol တွေရဲ့ fansite တွေဟာ Sehun ကိုမြင်တာနဲ့ အလိုလို မှင်သက်မိကြောင်း ဝန်ခံထားကြပါတယ်။
အခြားနာမည်ကျော် boy group အဖွဲ့ဝင်တွေရဲ့ fansite တွေကို အပြင်မှာမြင်ဖူးတဲ့အထဲ ဘယ် idol ကအချောဆုံးလဲလို့မေးရင် EXO ရဲ့ Sehun လို့ ဖြေကြတာများပါတယ်။ fansite တွေမှမဟုတ်ပါဘူး။ သူ့ရဲ့ Agency ဖြစ်တဲ့ SM ကလဲ Sehun ရဲ့ ချောမောမှုကို သဘောကျခဲ့လို့ casting လုပ်ခဲ့တာပါ။
ရုပ်ရည်နဲ့ပတ်သတ်ရင် ကံကောင်းလွန်းတဲ့ Sehun ကတော့ ရုပ်တင်ချောတာမဟုတ်ပဲ ဂီတမှာလဲထူးချွန်သလို အခုဆို The Pirates 2 လို အောင်မြင်တဲ့ ရုပ်ရှင်မှာတောင် နာမည်ကျော်သရုပ်ဆောင်တွေနဲ့ ရင်ဘောင်တန်းပြီး သရုပ်ဆောင်တော့မှာပါ။
source: koreaboo
written: Dar Dar