Categories: Celebrity News

Idol Trainer တစ်ယောက်မှ ရွေးချယ်ခဲ့သည့် Kpop လောကရဲ့ မျိုးဆက်သစ် အက ကြယ်ပွင့်များ

Professional K-Pop idol trainer တစ်ယောာက်ဖြစ်တဲ့ In Ji Woong ဟာ သူ့ရဲ့ Youtube channel မှာ Kpop လောကကို နောင်တစ်ချိန်မှာ အက ပိုင်းအတွက် ဦးဆောင်လာနိုင်တဲ့ မျိုးဆက်သစ် ၃ ယောက်ကို ရွေးချယ်သွားခဲ့ပါတယ်။ သူကတော့ ဒီရွေးချယ်မှုဟာ သူ့အကြိုက်ပေါ်မှာသာ အခြေခံထားတဲ့အတွက် ကွဲပြားနိုင်ကြောင်းလည်း ပြောသွားခဲ့ပါတယ်။

1. Yeonjun (TXT)


Trainer ကတော့ Yeonjun ဟာ Spotlight-stealer ကော Team-player တစ်ယောက်ပါ ဖြစ်တယ်လို့ ချီးကျူးသွားပါတယ်။ ဆိုလိုတာကတော့ Yeonjun ဟာ ဘယ်အချိန်မှာ သူ့ရဲ့ အရည်အချင်းတွေကို ပေါ်ထင်အောင် ထုတ်ဖော်ပြသနိုင်တယ်။

ဘယ်အချိန်မှာတော့ အဖွဲ့နဲ့ တသားတည်းဖြစ်အောင် ကပြရမယ် ဆိုတာကို ကောင်းစွာ သိသူဖြစ်ပါတယ်တဲ့။ ကကွက်တိုင်းကိုလည်း တိကျစွာအချိန်ကိုက် ကပြနိုင်သလို သူ့ရဲ့ ပင်ကိုယ်ပုံစံကို ထည့်သွင်းပြသနိုင်တဲ့ ထူးချွန်တဲ့ သူတစ်ယောက် ဖြစ်ပါတယ်။

2. Hwanwoong ( ONEUS)


နောက်ထပ် K-Pop dancer Kingdom ကို ဦးဆောင်လာနိုင်ခြေရှိသူကတော့ ONEUS ရဲ့ Hwanwoong ပါ။ Trainer ကတော့ Hwanwoong ဟာ ငြိမ့်ငြောင်း ပြေပြစ်စွာနဲ့ ကကွက်တွေကို ကပြသွားနိုင်ပါတယ် လို့ထောက်ပြသွားပါတယ်။

ဒီလို ငြိမ့်ငြောင်းစွာ ကပြနိုင်တာဟာ အကြိမ်ပေါင်းများစွာ လေ့ကျင့်မှုကရလာတဲ့ ယုံကြည်မှုနဲ့မှ ကပြနိုင်တာ ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။ ဒါ့ကြောင့် Hwanwoong ဟာလည်း နောင်တချိန်မှာ K-Pop ပရိသတ် အများအပြားကို ဖမ်းစားလာနိုင်ကြောင်း ပြောကြားထားပါတယ်။

3. Jisung (NCT)


နောက်ထပ် Trainer ရွေးချယ်ထားတာကတော့ NCT ရဲ့ Jisung ပါ။ Jisung ဟာ သူ့ရဲ့ ကကွက်တိုင်းကို အသေးစိတ်ကျကျနဲ့ စနစ်တကျ ကပြသူလို့ သုံးသပ်ထားပါတယ်။ အမြဲ ပြီးပြည့်စုံအောင် လုပ်နေတဲ့ သူဖြစ်ပြီး Stage ပေါ်မှာ တချက်ပင်အလွတ်မခံ ကြိုးစားသူဖြစ်ပါတယ်တဲ့။

Jisung ဟာ Interview တစ်ခုမှာ သူ့ရဲ့ ကကွက် ပိုကောင်းအောင် ဆံပင်ကို ဘယ်လိုလှုပ်ခါရမယ်ဆိုတာကအစ စဉ်းစားပါတယ်လို့ ပြောဖူးပါတယ်။ ဒါ့ကြောင့် Jisung ဟာလည်း Kpop လောကရဲ့ အကဘုရင်နေရာကို ယူလာနိုင်ခြေရှိတဲ့ သူတစ်ယောက်လို့ သုံးသပ်ထားပါတယ်။

Source: Koreaboo
Written:Gyi Gyi

Share