တောင်ကိုရီးယား၏ နာမည်ကျော်မင်းသား Lee Min Ho ကိုတော့ လူတိုင်းသိကြမှာပါ။ သူဟာတောင်ကိုရီးယားတွင်သာမက နိုင်ငံတကာတွင်ပါ ပရိတ်သတ်အခိုင်အမာရှိထားသည့် အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ထိုကဲ့သို့ အောင်မြင်ကျော်ကြားသော မင်းသားတစ်ဦးအနေနှင့် သူ့၏အချစ်ရေးနှင့် ပက်သက်၍ အထူးထလည်စိတ်ဝင်စားခြင်း ခံရပါတယ်။
ဇာတ်လမ်းတွဲတစ်ခုရိုကပြီးတိုင်းလည်း တွဲဖက်သရုပ်ဆောင်မင်းသမီးများနှင့် တွဲနေတယ်လို့ သတင်းများလည်း မကြာခဏဆိုသလို ကြားဖူးခဲ့မှာပါ။အဆိုပါသတင်များထဲမှာမှ အမှန်များလည်းရှိခဲ့သလို ကောလဟာလအဖြစ်နှင့်သာ ပြီးဆုံးသွားသော သတင်းများစွာလည်း ရှိပါတယ်။
1.Park Min Young
Park Min Young ကတော့ Lee Min Ho နှင့်တွဲခဲ့သည့် မင်းသမီးတစ်ဦးပါ။သူတို့နှစ်ဦးဟာ ၂၀၁၁ခုနှစ်မှာ City Hunter ဆိုသည့် ဇာတ်လမ်းတွဲရိုက်ကူးရင်း ချစ်သူတွေဖြစ်ခဲ့ကြတာပါ။ ထိုအချိန်ကသူတို့နှင့် နီးစပ်သူများ၏ ပြောကြားချက်အရ သူတို့နှစ်ဦးဟာ ရိုက်ကွင်းတွင် အမြဲနီးနီးကပ်ကပ်နေလေ့ရှိပြီး တစ်ယောက်နှင့်တစ်ယောက် အတော်ပင် ဂရုစိုက်ကြတယ်လို့ သိရပါတယ်။
သို့သော်ဇာတ်လမ်းတွဲရိုက်ကူးပြီး သိပ်မကြာခင်မှာတော့ သူတို့နှစ်ဦး၏ အချစ်ဇာတ်လမ်းဟာ တစ်ခန်းရပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးဟာ ထိုနောက်ပိုင်းတွင်လည်း အဆက်အသွယ်ရှိခဲ့သေးသည်ဟု သတင်းများထွက်ခဲ့ပါတယ်။
ထိုအချိန်က မင်းသမီး Park Min Young ၏သူငယ်ချင်းတစ်ဦး ပြောကြားချက်အရ သူတို့နှစ်ဦးဟာ လမ်းခွဲပြီးနောက်ပိုင်းမှာပင် တစ်ယောက်နှင့်တစ်ယောက် ချစ်နေကြသေးတယ်လို့ သိရပါတယ်။သို့သော် နောက်ပိုင်းတွင်တော့ Lee Min Hoနှင့် Park Min Young တို့၏ Relationship ဟာလုံးဝ အဆုံးသတ်ခဲ့ပါတယ်။
2.Seolhyun (AOA)
AOA အဖွဲ့ဝင်တစ်ဦးဖြစ်သည့် Seolhyun ကတော့ မင်းသား Lee Min Ho နှင့်တွဲနေတယ်ဆိုပြီး သတင်းထွက်ခဲ့ရသည့် သူတစ်ယောက်ပါ။ ၂၀၁၄ခုနှစ်မှာတော့ Lee Min Ho ဟာ Seolhyun နှင့်အတူ “Gangnam 1970” ဆိုသည့် ရုပ်ရှင်ရိုက်ကူးခဲ့ပါတယ်။
အဆိုပါဇာတ်လမ်းရိုက်ကူးရာတွင် Lee Min Ho မှသူအပျော်ဆုံးအချိန်ဟာ Seolhyun နှင့်အတူရိုက်ကူးရေး လုပ်ရသည့်အချိန်များပင် ဖြစ်ပါတယ်လို့ ဖြေကြားခဲ့ပါတယ်။ များမကြာခင်မှာတော့ သူတို့နှစ်ဦးတွဲနေပြီဆို၍ သတင်းများထွက်ခဲ့ပါတယ်။သို့သော် အဆိုပါသတင်းများဟာ အမှန်မဟုတ်ကြောင်း၊ သူတို့နှစ်ဦးတွဲနေတယ်ဆိုသည်မှာ ကောလဟာလသာဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။
3. Bae Suzy
Suzy ကတော့ မင်းသား Lee Min Ho ၏ရည်းစားဟောင်း တစ်ဦးပဲ ဖြစ်ပါတယ်။ Lee Min Hoနှင့်တွဲနေသည်ဟူ၍ သတင်းအမှန်ထွက်ခဲ့သော မင်းသမီးတစ်ဦးလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ 2017 ခုနှစ်တွင် Lee Min Ho စစ်မှုထမ်းချိန်တွင် လမ်းခွဲခဲ့တာပဲ ဖြစ်ပါတယ်။
Suzy နှင့် Lee Min Ho တို့၏ချစ်သူ သက်တမ်းဟာ ၃နှစ်ခန့်ကြာမြင့်ခဲ့ပါတယ်။ ၂၀၁၅ခုနှစ်တွင် စတင်တွဲခဲ့ပြီး Lee Min Ho မှ Suzy အားမိတ်ဆက်ပေးရန် သူငယ်ချင်းများအား အကူအညီတောင်းခဲ့သည်ဟု ဆိုပါတယ်။ သူတို့နှစ်ဦး လမ်းခွဲရသည့် အကြောင်းအရင်းကတော့ များပြားလှသည့် အလုပ်တာဝန်များကြောင့် တစ်ဦးနှင့်တစ်ဦး အချိန်မပေးနိုင်သောကြောင့်ဟု ဆိုပါတယ်။
4.Park Shin Hye
မင်းသမီး Park Shin Hye ဟာလည်း Lee Min Hoနှင့်သတင်းထွက်ခဲ့သည် နောက်ထပ်မင်းသမီးတစ်ဦးပါ။ သူတို့နှစ်ဦးဟာ The Heirs ဇာတ်လမ်းတွဲရိုက်ကူးအပြီး ထိုကဲ့သို့ သတင်းများထွက်ခဲ့တာပါ။
တရုတ်media တစ်ခုကဆို ထိုအချိန်တုန်းက သူတို့နှစ်ဦးချစ်သူဖြစ်နေတာ နှစ်လခန့်ပင်ရှိနေပြီဟု သတင်းများထုတ်ခဲ့ပါတယ်။သို့သော် Lee Min Ho ၏အေဂျင်စီမှ အဆိုပါသတင်းဟာ လုံးဝမမှန်ကြောင်း၊ ကောလဟာလသက်သက်သာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
Source: Celebstats, Channel-Korea
Written: Phoo Phoo