Categories: Celebrity News

သွားလေသူ ကျန်ရှိတဲ့အမွေတွေကို ခက်ခဲနေတဲ့ကလေးတွေကို ကူညီဖို့အသုံးပြုမယ်ဆိုတဲ့ Goo Hara ရဲ့အစ်ကို

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကမှ ကွယ်လွန်သွားပြီဖြစ်တဲ့ Goo Hara ရဲ့စိတ်ဒဏ်ရာတွေရဲ့ အစပထမဖြစ်တဲ့ ကလေးဘဝအတွက် အစ်ကိုဖြစ်သူဟာ ရင်အနာကြီးနာခဲ့ပုံပါပဲ။ သူတို့မောင်နှမဟာ မိဘတွေရဲ့စွန့်ပစ်ခြင်းကိုခံရပြီး ဆွေမျိုးတွေရဲ့အိမ်မှာ မျက်နှာငယ်ငယ်နဲ့ ကပ်နေခဲ့ရတာမို့ သူတို့လိုအခြေအနေမျိုးနဲ့ကြုံတွေ့နေတဲ့ ကလေးတွေကို လှူဒါန်းဖို့စဉ်းစားနေတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့မောင်နှမက ကလေးဘဝတည်းက အမျိုးတွေအိမ်မှာပဲ သိမ်ငယ်ပြီးနေခဲ့ရတယ်။ ကျွန်တော်တို့အတွက် ကိုယ်ပိုင်အိမ်လေးရှိဖို့ အိပ်မက်မက်ခဲ့တာပေါ့။ Hara လေးကတော့ အရမ်းကို နာကျင်ခဲ့ရပြီးအချစ်ငတ်ခဲ့တာ” လို့ရင်ဖွင့်ခဲ့ပြီး အမွေတွေနဲ့ပတ်သတ်လို့တော့ အခုလိုပဲ ပြောကြားခဲ့ပါတယ်။

“ဘာမှသေချာမဆုံးဖြတ်ရသေးပေမယ့် သူ့လိုခက်ခဲတဲ့အခြေအနေတွေကို ရင်ဆိုင်နေရတဲ့ကလေးငယ်တွေကို ကူညီဖို့ကတော့ ကျွန်တော့်ညီမလေးရဲ့ ဆန္ဒဖြစ်မယ်ထင်တယ်။

လင်မယားကွာရှင်းပြီး ကလေးကိုမထောက်ပံ့တဲ့သူတွေ၊ ပြိုကွဲနေတဲ့မိသားစုကြောင့် ခက်ခဲနေတဲ့ ကလေးငယ်လေးတွေကို ထောက်ပံ့ချင်တယ်။ ဒါကျွန်တော့ညီမလေး အထီးကျန်နေတဲ့ကြားက ကြိုးကြိုးစားစားရှာထားတဲ့ ပိုက်ဆံပါ။ လိုအပ်နေသူတွေအတွက်ပဲ သုံးပါမယ်” လို့ ဖွင့်ဟထားပါတယ်။

ငယ်စဉ်ကတည်းက စွန့်ပစ်ခဲ့တဲ့မိခင်ဖြစ်သူဟာ Hara သေဆုံးမှ အမွေတွေကိုပိုင်ဆိုင်ခွင့်ရဖို့ကြိုးစားခဲ့တာဖြစ်ပြီး တရားရင်ဆိုင်ခဲ့ကာ နောက်ဆုံးမှာတော့ Hara အရမ်းချစ်တဲ့အစ်ကိုဖြစ်သူက အမွေတွေကို ထိန်းသိမ်းခွင့်ရခဲ့တာမို့ ပရိတ်သတ်တွေ စိတ်အေးခဲ့ရတာပါ။

source : allkpop
written : Dar Dar

Share