Categories: Celebrity News

၂၀၂၀ ပထမနှစ်ဝက်အတွင်း google မှာ search အများဆုံးဖြစ်နေတဲ့ Jungkook

BTS အဖွဲ့ရဲ့အငယ်ဆုံးလေး Jungkook က ၂၀၂၀ မှာလည်းအောင်မြင်မှုနောက်တစ်ခုကိုထပ်မံသိမ်းပိုက်လိုက်ပြန်ပါပြီနော်။ ဒါကတော့ ၂၀၂၀ ရဲ့ပထမနှစ်ဝက် ဇန်နဝါရီကနေ ဇွန်လအတွင်း Google မှာ လူထုရဲ့အရှာဖွေဆုံးခေါင်းစဉ်က Jungkook ဖြစ်နေတာပါ။

သူ​ရဲ့အောင်မြင်မှုက ဒါပဲမဟုတ်သေးပါဘူး။ TikTok မှာလည်းပထမဦးဆုံး ကြည့်ရှုသူ ၁၀ ဘီလီယံရခဲ့တဲ့တစ်ဦးတည်းသော ယောက်ျားလေးအဆိုတော်ဖြစ်ပြီး Youtube မှာလည်းအများဆုံးရှာဖွေခံရသူတစ်ယောက်ပါ။

BTS တစ်ဖွဲ့လုံးရဲ့အောင်မြင်မှုရော အဖွဲ့ဝင်တစ်ယောက်ချင်းစီရဲ့အောင်မြင်မှုတွေကရော အားရကျေနပ်ဖွယ်ကောင်းလှပါတယ်။ ဒီလိုအောင်မြင်မှုတွေဆင့်ကဲသိမ်းပိုက်နိုင်တဲ့ သူတို့တွေအတွက်ဂုဏ်ယူပါတယ်နော်။

source: allkpop
written: helra

Share