Categories: Celebrity News

တိုက်တိုက်ဆိုင်ဆိုင် တူညီတဲ့နာမည်တွေရှိနေကြတဲ့ ကိုရီးယားအနုပညာရှင်များ

ကိုရီးယားလူမျိုးအများစုဟာ နာမည်ကို surname နဲ့ စာလုံးနှစ်လုံးသာ အပေးများတာမို့ နာမည်တူတွေ အမြောက်အများရှိပါတယ်။ ဒီအနုပညာရှင်တွေကတော့ တိုက်တိုက်ဆိုင်ဆိုင် နာမည်တွေတူနေကြတဲ့အပြင် မျိုးရိုးနာမည်တွေပါ ကွက်တိတူနေကြတာပါ။

၁။ Lee Min Ho, Stray Kids’ Lee Know နဲ့ Boom


နာမည်ကျော်မင်းသား Lee Min Ho နဲ့ kpop ရဲ့ထွန်းတောက်လာတဲ့ Stray Kids အဖွဲ့ဝင် Lee Know ပြီးတော့ အစီအစဉ်တင်ဆက်သူ rapper Boom တို့ကတော့ နာမည်သုံးလုံးစလုံးကွက်တိတူပါတယ်။ ဒါပေမယ့် Lee Min Ho သုံးယောက်မှာ နှစ်ယောက်က Lee Know, Boom စတဲ့နာမည်တွေနဲ့ပွဲဦးထွက်ခဲ့တာမို့ လူမှားတဲ့ပြဿနာမရှိပါဘူး။

၂။ BLACKPINK’s Jisoo နဲ့ မင်းသား Jisoo


BLACKPINK ရဲ့အလှပဂေးလေးနဲ့ နာမည်ကျော်မော်ဒယ် သရုပ်ဆောင်လေးဟာလဲ နှစ်ယောက်လုံး Kim Jisoo ပါပဲ။ နှစ်ယောက်လုံးက နာမည်အရင်းနဲ့သာ ပွဲဦးထွက်ခဲ့သလို ကိုယ့်နယ်ပယ်မှာကိုယ် အောင်မြင်ကြသူတွေမို့ actor Jisoo နဲ့ BLACKPINK Jisoo ရယ်လို့ ခွဲထားရပါတယ်။

၃။ GOT7’s Jinyoung နဲ့ JYP


သရုပ်ဆောင်လဲဖြစ်တဲ့ GOT7 အဖွဲ့ဝင်နဲ့ JYP ကလဲ နှစ်ယောက်လုံး Park Jin Young ပါပဲ။ ရယ်ရတာတစ်ခုက GOT7 က JYP ရဲ့ လက်အောက်ခံအဖွဲ့ပါ။ CEO နဲ့နာမည်တူနေတဲ့ Jinyoung ကို JR, Junior စတဲ့နာမည်တွေပေးခဲ့ပေမယ့် နောက်ဆုံးတော့ Park Jinyoung ပဲဖြစ်လာတာမို့ JYP မှာ JYP နှစ်ယောက်ဖြစ်သွားပါပြီ။

၄။ BTS’ Jimin နဲ့ Jamie


Jimin ဆိုတဲ့နာမည်ကတော့ ကိုရီးယားမှာ အသုံးများတဲ့နာမည်ပါ။ မင်းသမီး Han Jimin နဲ့ AOA က Shin Jimin ဟာသသရုပ်ဆောင် Kim Jimin တို့လဲရှိပြီး BTS ရဲ့ Jimin နဲ့ 15& နဲ့ပွဲဦးထွက်ခဲ့တဲ့ Jimin တို့ကတော့ Park မျိုးနွယ်ဖြစ်တာချင်းပါ တူပါတယ်။ အခုတော့ မိန်းကလေး Park Jimin က အနုပညာအမည်ကို Jamie လို့ပြောင်းထားပါတယ်။

၅။ Kim Mingyu သုံးယောက်


Seventeen အဖွဲ့က Mingyu, I Can See Your Voice ကနေရုပ်ရည်ချောမောမှုကြောင့် နာမည်ကြီးလာတဲ့ မင်းသား Mingyu နဲ့ Produce X 101 မှာ ပရိတ်သတ်အချစ်ခံရတဲ့ Mingyu တို့သုံးယောက်ကလဲ Kim Mingyu ဖြစ်တာချင်း တူတဲ့အပြင် အရမ်းချောမောကြတာလဲ တူကြပါတယ်။

၆။ EXO’s Xiumin နဲ့ Kim Min Seok


Xiumin လို့လူသိများတဲ့ EXO အဖွဲ့ရဲ့ အစ်ကိုကြီးရဲ့ အမည်ရင်းဟာ Kim Min Seok ဖြစ်ပြီး အဲ့ဒီနာမည်နဲ့ နာမည်ကျော်မင်းသားတစ်လက်လဲ ရှိပါသေးတယ်။ သူတို့နှစ်ယောက်ဟာ Kim Min Seok ချင်းတူတဲ့အပြင် မွေးသက္ကရာဇ်လဲတူ အသက် ၃၀ လို့မထင်ရအောင် နုတာချင်းလဲတူပါတယ်။ ခုတော့ Kim Min Seok နှစ်ယောက်လုံး စစ်မှုထမ်းနေတာပါ။

written: Dar Dar

Share