Categories: Celebrity News

ကိုယ့်ရဲ့ Giveaway မှာ ကိုယ်တိုင်ပါဝင်ဖို့ လုံးပမ်းရင်း fan တွေကိုပွဲကျစေခဲ့တဲ့ Jackson Wang

GOT7 အဖွဲ့ဝင်ဖြစ်သလို တရုတ်မှာလဲ တစ်ကိုယ်တော်အနုပညာလှုပ်ရှားမှုတွေနဲ့ အောင်မြင်နေတဲ့ Jackson Wang ကတော့ အလုပ်လုပ်နေချိန်မှာ အရမ်းကြိုးစားပြီး seroius ဖြစ်လွန်းပေမယ့် ကျန်တဲ့အချိန်တွေမှာတော့ fan တွေကိုပြုံးရွှင်အောင် လုပ်ပေးနိုင်သူတစ်ဦးပါ။

တစ်ကိုယ်တော်အနုပညာလှုပ်ရှားမှုတွေအတွက် သူကိုယ်တိုင်တည်ထောင်ထားတဲ့ TEAM WANG ဟာ အောင်မြင်မှုတွေနဲ့အတူ သုံးနှစ်ပြည့်မြောက်ခဲ့တဲ့ အထိမ်းအမှတ်အနေနဲ့ သီးသန့်ထုတ်လုပ်ထားတဲ့ keychain လေးတွေကို giveaway ပေးမယ်လို့ ကြေညာခဲ့လို့ ပရိတ်သတ်တွေ အပြိုင်အဆိုင်ပါဝင်ခဲ့ကြပါတယ်။

ပရိတ်သတ်တွေဟာ giveaway ကိုရယူဖို့ အောက်မှာ သူငယ်ချင်း ၃ ယောက်ကို အပြိုင်အဆိုင် tag နေကြတုန်းမှာ သူတို့ရဲ့ပြိုင်ဘက်ထဲ Team Wang ရဲ့ founder ဖြစ်တဲ့ Jackson Wang ကိုယ်တိုင်ပါ ပါဝင်နေခဲ့တာကိုတွေ့ပြီး ရယ်ရခက် ငိုရခက်ဖြစ်ခဲ့ပါတယ်။

Jackson ဟာ giveaway မှာပါဝင်ဖို့ လိုအပ်တဲ့အချက်တွေအကုန်လုံးကို ကြိုးစားပမ်းစား ဆောင်ရွက်ခဲ့ပြီး သူငယ်ချင်း ၃ ယောက်ကို tag ရမယ်ဆိုတဲ့နေရာမှာတဲ့ Team Wang ရဲ့ official အကောင့်ရယ်၊ fashion အကောင့်ရယ် သူ့ကိုယ်သူရယ်ကို mention ခဲ့ပါသတဲ့။

ဒါကိုမြင်တဲ့ပရိတ်သတ်တွေလဲ ပြောစရာစကားမရှိဖြစ်ခဲ့ရပြီး ရယ်ရုံသာတတ်နိုင်ခဲ့ပါတယ်။ ကိုယ့် label ရဲ့ giveaway မှာပါဝင်နိုင်ဖို့ ဒီလောက်ကြိုးစားပမ်းစား လုံးပမ်းနေတဲ့ idol ဆိုလို့လဲ Jackson တစ်ယောက်တည်းသာရှိမယ်လို့ မှတ်ချက်ပြုနေကြပါတယ်။

source: Koreaboo
written: Dar Dar

Share