Categories: Celebrity News

နာမည်ကြီး Yves Saint Laurwnt (YSL) ၏ Global Ambassador ဖြစ်လာသည့် Blackpink အဖွဲ့ဝင် Rosé

Blackpink အဖွဲ့ဟာ အခုဆိုလျှင် How You Like that ဆိုသည့် သီချင်းအသစ်ဖြင့် Comeback ထွက်လာခဲ့ပါပြီ။ How You Like that ဟာလည်း လတ်တလောတွင် အောင်မြင်မှုများစွာရရှိနေပါတယ်။

အဖွဲ့လိုက်လည်း အောင်မြင်သလို Blackpink အဖွဲ့ဝင် တစ်ဦးချင်းစီအလိုက်လည်း အောင်မြင်မှုတွေ ရရှိနေပါတယ်။ ယခုဆိုလျှင်လည်း Rosé ဟာနာမည်ကြီး ပြင်သစ် brand တစ်ခုဖြစ်သည့် YSL ၏ global ambassador ဖြစ်သွားပါပြီ။

ဇွန်လ ၂၉ရက်နေ့တွင် YSL မှ Blackpink အဖွဲ့ဝင် Rosé အားသူတို့၏ Global ambassador အဖြစ်ကြိုဆိုကြောင်းကို YSL ၏ official Instagram တွင် ပိုစ့်တင်ခဲ့ပါတယ်။

ယခုနှစ်အစပိုင်းကလည်း Rose ဟာ YSL ၏ 2020 spring/summer collection ဖက်ရှင်ရှိုးပွဲမှာ လူစိတ်ဝင်စားမှုအခံရဆုံး အနုပညာရှင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ Rosé ဟာဆိုရင်တော့ Elle korea အတွက်လည်း YSL ၏ဝတ်စုံများကို ဝတ်ဆင်၍ ဓာတ်ပုံရိုက်ကူးပေးခဲ့ပါတယ်။

ယခုဆိုလျှင် Blackpink အဖွဲ့ဝင် အားလုံးဟာ နာမည်ကြီး brand များ၏ Global ambassador ဖြစ်နေကြပါပြီ။ Lisa ဆိုလျှင်တော့ Celine, Jennie ဆိုလျှင်တော့ Channel နှင့် Jisoo ဆိုလျှင်လည်း Dior တို့၏ Global ambassador များဖြစ်ကြပါတယ်။

အခု Rosé ပါအပါအဝင် YSL ၏ brand ambassador ဖြစ်ခဲ့ပါပြီ။ Blackpink အဖွဲ့ဝင်များ၏ အောင်မြင်မှုကတော့ လုံးဝကိုလိုက်မမှီနို်င်တော့ပါဘူး။ Blackpink အဖွဲ့၏ အသစ်ထွက်ရှိထားသော How You Like that MV ကိုလည်း အားပေးကြည့်ရှုဖို့ မမေ့ကြပါနဲ့ဦးနော်။

Source: Allkpop
Written: Phoo Phoo

Share