Categories: Celebrity News

စစ်မှုထမ်းကင်းလွတ်ခွင့်ရခဲ့ပေမယ်လည်း တိုင်းပြည်တာဝန်မလစ်ဟင်းချင်လို့မရမနေ တာဝန်ထမ်းဆောင်ခဲ့တဲ့ Kim Jong Kook

တောင်ကိုရီးယားမှာ အမျိုးသားတိုင်းအသက်ပြည့်ရင် မဖြစ်မနေစစ်မှုထမ်းရပါတယ်။ ဒါပေမဲ့ဒီမဖြစ်မနေဆိုတဲ့စကားမှာ ချွင်းချက်တစ်ချို့တော့ရှိပါတယ်။ ဥပမာ အိုလံပစ်ပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင်တွေဆို နိုင်ငံတော်အဆင့်ကင်းလွတ်ခွင့်အနေနဲ့ တာဝန်မထမ်းဆောင်လို့ရပါတယ်။

Running Man အဖွဲ့ဝင်အနေနဲ့ လူသိများတဲ့ Kim Jong Kook ကလည်းဒီလိုကင်းလွတ်ခွင့်ရဖို့အခွင့်အရေးရှိခဲ့ပါတယ်။ သူ့ရဲ့ဖခင်က ဗီယက်နမ်စစ်ပွဲအတွင်းက စစ်မှုထမ်းဟောင်းတစ်ယောက်ဖြစ်တာကြောင့် သားတွေကို စစ်မှုထမ်းကင်းလွတ်ခွင့်ပေးဖို့တောင်းဆိုလို့ရပါတယ်။

အခြားသူသာဆို ဒီအခွင့်အရေးကိုမလွတ်တမ်းအသုံးချမှာပေမယ့် တာဝန်သိတဲ့ Jong Kookတို့ညီအစ်ကိုကတော့ ၂၁လပြည့်အောင် ကျေကျေနပ်နပ်တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။ ဒါတောင်ငယ်ငယ်ကတည်းက ခွဲစိတ်မှုတွေပြုလုပ်ခဲ့ရတဲ့ သူ့ရဲ့နောက်ကျောရိုးဒဏ် ကြောင့်စစ်မှုထမ်းရာမှာ အခက်အခဲအနည်းငယ်ရှိခဲ့ပါတယ်။

Running Man အပိုင်းတစ်ချို့မှာ သူ့ရဲ့ကျောရိုးဒဏ်ရာကို သတိပြုမိတဲ့ပရိတ်သတ်အချို့ကတော့ ဒဏ်ရာရှိတာတောင်တာဝန်ကျေအောင် ဆောင်ရွက်ခဲ့တယ်ဆိုပြီး ချီးကျူးခဲ့ကြပါတယ်။

source : koreaboo
written : helra

Share