Categories: Celebrity News

Xiao Zhan ပါဝင်ရိုက်ကူးခဲ့တဲ့ အအောင်မြင်ဆုံး ရုပ်ရှင်ဇာတ်လမ်းတွဲများ

X nine အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး The untamed, Oh my emperor တို့နဲ့ သရုပ်ဆောင်လောကမှာအောင်မြင်မှုရနေတဲ့ Xiao Zhan ကိုမသိသူရှိမယ်မထင်ပါဘူး။ လောလောလတ်လတ်လဲ TCCAsia ရဲ့လူထုကိုအလွှမ်းမိုးနိုင်ဆုံးဆုရရှိထားတာမို့ Zhan ge ရဲ့အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်းတွေကို တစ်စုတစ်စည်းထဲဖော်ပြလိုက်ပါတယ်။

၁။ Super Star Academy

၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ Fantasy Romance ဒရမ်မာလေးဖြစ်တဲ့ Super Star Academy မှာ Xiao Zhan က ထူးခြားတဲ့စွမ်းအင်တွေအသီးသီးရှိကြတဲ့ကျောင်းကကျောင်းသားလေး Fang Tian Ze အနေနဲ့ပါဝင်ခဲ့ပါတယ်။

၂။ Oh My Emperor

Luo Fei Fei (Zhao Lusi) ကဒီဘက်ခေတ်ကနေ ရှေးခေတ်ကထူးခြားတဲ့ကမ္ဘာတစ်ခုကိုရောက်သွားတဲ့ ဇာတ်အိမ်လေးပါ။ ရှေးခေတ်ကမ္ဘာရဲ့ Huang Dao တိုင်းပြည်မှာ Bei Tang Yiအုပ်ချုပ်နေတဲ့အချိန်အကြောင်းရိုက်ကူးထားတာ ဖြစ်ပြီး Xiao Zhan က Bei Tang Mo Ram အနေနဲ့ပါဝင်ခဲ့ပါတယ်။

၃။ The Untamed

Boy Love Novel တစ်ခုဖြစ်တဲ့ Mo Dao Zu Shi ကို Bromance ဇာတ်လမ်းတွဲအနေနဲ့အသက်သွင်းထားတာဖြစ်ပြီး Xiao Zhan နဲ့ Wang Yibo ရဲ့ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ဇာတ်လမ်းတွဲတစ်ခုပါ။ Xiao Zhan က Wei Wuxian ရဲ့ကာရိုက်တာကို Lan Wangji (Wang Yibo)နဲ့အချိတ်အဆက်မိမိသရုပ်ဆောင်နိုင်ခဲ့လို့ ပရိတ်သတ်တွေ တစ်ခဲနက်အားပေးခဲ့တဲ့ ဇာတ်လမ်းတွဲပါ။

၄။ Jade Dynasty

Jade Dynasty က ၂၀၁၉ ခုနှစ်ကထွက်ရှိခဲ့တဲ့fantasy ရုပ်ရှင်ဖြစ်ပါတယ်။ မိမိရဲ့ရွာပျက်သွားပြီးနောက် Qingyun လူမျိုးစုဆီရောက်သွားပြီး မထင်မှတ်ပဲစွမ်းအားတွေရရှိခဲ့တဲ့ လူငယ်လေး Zhang Xiaofan အနေနဲ့သရုပ်ဆောင်ခဲ့ပါတယ်။ ရုံဝင်နှုန်း ဒေါ်လာ ၅၆ သန်းတောင်ပြန်လည်ရရှိခဲ့တဲ့ အောင်မြင်ခဲ့တဲ့ရုပ်ရှင်တစ်ခုပါ။

၅။ The Wolf

၂၀၂၀ မှာထွက်ရှိလာမယ့် The Wolf ဇာတ်လမ်းတွဲမှာလည်း Xiao Zhan က Darren Wang, Li Qin စတဲ့နာမည်ကြီးသရုပ်ဆောင်တွေနဲ့အတူပါဝင်သရုပ်ဆောင်ထားပါတယ်။ ငယ်ငယ်ကတည်းကဝံပုလွေတစ်ကောင်နဲ့ နေလာခဲ့သူတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်တည်းကိုပြိုင်တူချစ်မိတဲ့ ကာရိုက်တာမို့ သူ့ရဲ့စွမ်းရည်ကိုအပြည့်အဝမြင်ရမယ့်ဇာတ်လမ်းတစ်ခုဖြစ်လာမှာပါ။

၆။ The Oath of Love

Xiao Zhan နဲ့ Yang Zi နဲ့တွဲပြီးသရုပ်ဆောင်မယ့်ဇာတ်လမ်းမို့ နဂိုတည်းကပရိတ်သတ်စိတ်ဝင်စားမှုခံရတဲ့ ဇာတ်လမ်းတွဲတစ်ခုပါ။ Yang Zi ကဂီတကျောင်းကကျောင်းသူလေးအနေနဲ့သရုပ်ဆောင်မှာဖြစ်ပြီး Xiao Zhan ကခွဲစိတ်ဆရာဝန်အနေနဲ့ပါ။ ဝေဖန်မှုအနည်းငယ်ရှိခဲ့ပေမယ့် အားလုံးကစိတ်ဝင်စားကြတာမို့လို့ စောင့်ကြည့်ရမယ့်ဇာတ်လမ်းတွဲတစ်ခုပါ။

၇။ Douluo Continent

ဝတ္ထုကိုပြန်ရိုက်ကူးမယ့်ဇာတ်လမ်းတွဲဖြစ်ပြီး Xiao Zhan နဲ့ Wu Xuanyi ကအဓိကသရုပ်ဆောင်အနေနဲ့ပါဝင်မှာပါ။ အတည်ပြုထားတာမကြာသေးပဲ နောက်နှစ်မှထုတ်လွှင့်မယ့်ဇာတ်လမ်းပေမယ့် ပိုစတာတွေကအစ အသေးစိတ်လို့ စိတ်ဝင်စားမှုအမြောက်အမြားရထားတဲ့ဇာတ်လမ်းလေးပါ။

၈။ Joy of Life

၂၀၁၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ ရှေးခေတ်ဒရမ်မာလေးဖြစ်ပြီး Xiao Zhan က Yang Bingyun အနေနဲ့ပါဝင်ခဲ့ပါတယ်။ ဇာတ်လမ်းအပိတ်သီချင်းကိုလည်းဆိုပေးခဲ့ပြီး သူ့ရဲ့သရုပ်ဆောင်ပိုင်နိုင်မှုကို သေသေချာချာပြခွင့်ရခဲ့တဲ့ဇာတ်လမ်းလေးပါ။

source: melody’s asian drama stories
written: helra

Share