Categories: Celebrity News

တောင်ကိုရီးယားရိုးရာဝတ်စုံများ(Hanboks) နှင့်ခန့်ညားလိုက်ဖက်လှသော မင်းသားများ (Part-1)

ရှေ့ခေတ်နန်းတွင်းဇာတ်လမ်းတွဲများမှာဆိုရင်တော့ တောင်ကိုရီးယားမင်းသားများကို သူတို့၏ ရိုးရာဝတ်စုံများ(Hanboks) နှင့် တွေ့မြင်ရမှာပါ။ Hanboks ဟာများသောအားဖြင့် အရောင်ရင့်ရင်နှင် တောက်ပသောပိုးထည် အမျိုးအစားပဲ ဖြစ်ပါတယ်။ယခုဖော်ပြပေးမှာကတော့ Hanboks နှင့်လိုက်ဖက်သော တောင်ကိုရီးယား မင်းသားအချို့ပဲ ဖြစ်ပါတယ်။

1.Kim Soo Hyun


မင်းသား Kim Soo Hyun ကိုတော့ The Moon Embracing The Sun ဇာတ်လမ်းတွဲမှာ မင်းကြီးတစ်ဦး အနေနှင့် တွေ့ခဲ့ရပါတယ်။ဘုရင်တစ်ယောက်ဖြစ်သည့်အတိုင်း သူ့၏ဝတ်ပုံစားပုံနှင့် နေပုံထိုင်ပုံမှာခန့်ငြားလှပါတယ်။ ခန့်ငြားသော Hanbok ကိုဝတ်ဆင်ပြီး ဝံ့ဝံကြွားကြွားရှိနေသည့် သူ့၏အသွင်မှာ ဘုရင်အစစ်တစ်ပါးကဲသို့ ပရိတ်သတ်ကိုခံစားစေခဲ့ပါတယ်။

2.Lee Seung Gi


Lee Seung Gi ဟာ နန်းတွင်းဇာတ်လမ်းတွဲ အတော်မျညးများ ရိုက်ကူးဖူးပါတယ်။ သူဟာ နဂိုကတည်းက မျကနှာချိုသည့် မင်းသားတစ်လတ်ဖြစ်သည့်အတွက် ရိုးရာဝတ်စုံ ဝတ်လိုက်သောအခါမှာတော့ အလွန်ပင်ချစ်စရာကောင်းလှပါတယ်။ သူရိုက်ကူးခဲ့သော Gu Family Book ဇာတ်လမ်းတွဲတွင် Lee Seung Gi ၏ချစ်စရာကောင်းသေား အမူအကျင့်လေးနှင့် ဝတ်ပုံစားပုံကို တွေ့ရပါတယ်။

3.Lee Joon Ki


မင်းသား Lee Joon Ki ဟာလည်း သမိုင်းနောက်ခံရှေ့ခေတ် ဇာတ်လမ်းတွဲမျိုးကို တစ်ကားထက်မက ရိုက်ကူးဖူးပါတယ်။ ယခုခေတ် ဇာတ်လမ်းတွဲများထက်စာရင် ရှေးခေတ်ဇာတ်လမ်းတွဲများနှင့်ပင် ပိုမိုလိုက်ဖက်သည်ဟု ပရိတ်သတ်များက မှတ်ချက်ပြုထားကြတာလည်း ရှိပါတယ်။ IU နှင့်အတူ တွဲဖက်သရုပ်ဆောင်သည့် Scarlet Heart:Ryeo မှာတော့ ဆံပင်အရှည်နှင့် Hanbok တို့ဟာ Lee Joon Ki ၏ချောမောမှုကို ပိုမိုထင်သာအောင် ပြနိုင်ခဲ့ပါတယ်။

4. Lee Min Ho


Lee Min Ho ဆိုသည်မှာလည်း ဘာဝတ်ဝတ်ကြည့်ကောင်းသည့် မင်းသားတစ်လတ် ဖြစ်ပါတယ်။ ရိုးရာဝတ်စုံနှင့်ဖြစ်စေ၊ ခေတ်ပေါ်အကျီင်္များနှင့်ဖြစ်စေ ကြည့်ကောင်းနေပြီး အမြဲစမတ်ကျနေသူတစ်ယောက်ပါ။ သူရိုက်ကူးခဲ့သော Faith, Legend of blue sea တွင်လည်း Lee Min Ho ဟာရိုးရာဝတ်စုံကို ခန့်ခန့်ညားညား ဆင်မြန်းနိုင်ခဲ့ပါတယ်။ သူဟာ Hanbok နှင့်လည်း အာမတန်လိုက်ဖက်သူ ဖြစ်ကြောင်းပရိတ်သတ်ကို သတ်သေပြလိုက်နိုင်ပါတယ်။

5.Park Bo Gum


Park Bo Gum ကတော့ Love in the moonlight ဇာတ်လမ်းတွဲမှာ အိမ်ရှေ့စံ မင်းသားတစ်ပါးအဖြစ် ပါဂင်သရုပ်ဆောင်ခဲ့ပါတယ်။ တော်ဝင်မိသားစုမျိုးနွယ်ဖြစ်သည့်အတွက် ဝတ်ဆင်ရသော Hanbok မှာလည်း အဆင့်အတန်းမြင်မားလှပါတယ်။ Park Bo Gum ကလည်း အိမ်ရှေ့စံတစ်ယောက်ဆိုသည့်အသွင်ကို သူ့၏ခန့်ငြားသော Hanbok နှင့် ပြောပုံဆိုပုံ၊မျက်နှာထားတို့ဖြင့် သရုပ်ဖော်နိုင်ခဲ့ပါတယ်။

6.Yoo Ah In


မင်းသား Yoo Ah In ဟာလည်း ရှေ့ခေတ် ဇာတ်လမ်းတွဲ၊ရုပ်ရှင် များစွားနှင့်အတွေ့အကြုံ ရှိထားသောမင်းသား တစ်ဦးဖြစ်ပါတယ်။ Sungkyunkwan Scandal, Jang Ok Jeong, Six Flying Dragons စသည့်ဇာတ်လမ်းတွဲများမှ Hanbok ဝတ်စုံများနှင့် သူ့၏အသွင်မှာ ပရိတ်သတ်များကြားတွင် ရေပန်းစားပါသည်။

ယခုဖော်ပြပေးလိုက်တာကတော့ တောင်ကိုရီးယားရိုးရာဝတ်စုံ (Hanbok) နှင့်လိုက်ဖက်လှသော မင်းသားအချို့ပဲ ဖြစ်ပါတယ်။ ကျန်ရှိနေသူများကိုလည်း အပိုင်း၂တွင် ဆက်လက်ဖော်ပြမှာ ဖြစ်သည့်အတွက် စောင့်မျှော်အားပေးကြပါဦးနော်။ အချိန်ပေး၍ ဖတ်ရှုမှုကို ကျေးဇူးအထူးတင်ပါတယ်နော်။

Source: Soompi
Written: Phoo Phoo

Share