Categories: Celebrity News

2020 ပထမနှစ်ဝက်အတွက် Twitter တွင် ဖော်ပြခံရမှု အများဆုံး ကိုရီးယား အနုပညာရှင်များ

မကြာသေးမီက KCharts Official နဲ့ K-pop Billboard တို့မှ ကိုရီးယားအနုပညာရှင်များရဲ့ Twitter မှာ ဖော်ပြခံရမှု စာရင်းကို ပြုစုခဲ့ပါတယ်။ ဘယ်သူတွေပါမလဲ ကြည့်လိုက်ကြရအောင်နော်။

1. BTS


BTS နဲ့ Army ကတော့ သူတို့ရဲ့ အင်အားကို ပြသလိုက်ပြန်ပါပီ။ Twitter မှာ ဖော်ပြခံရမှုပေါင်း ၃၀၀, ၉၂၂ , ၁၀၀ နဲ့ ထိပ်ဆုံးနေရာကို ရယူထားပါတယ်။ ဒါ့ကြောင့်လည်း Billboard Social 50 chart မှာလည်း ထိပ်တန်းနေရာကို ဦးဆောင်နေဆဲပါ။

2. EXO


ဒုတိယနေရာကို ရယူထားတာကတော့ EXO ပါပဲ။ Twitter မှာ ဖော်ပြခံရမှုပေါင်း ၄၄,၃၇၇,၁၀၀ နဲ့ ဒီစာရင်းရဲ့ ဒုတိယနေရာမှာရှိနေတာပါ။ လက်ရှိမှာတော့ EXO အဖွဲ့ဟာ အဖွဲ့ဝင်တွေရဲ့ တစ်ဦးချင်း လှုပ်ရှားမှုများနဲ့ ပရိသတ်တွေနဲ့ ဆက်သွယ်နေပါတယ်။

3. BLACKPINK


YG Entertainment ရဲ့ Blackpink ကတော့ “How You Like That?” နဲ့ ပရိသတ်တွေဆီကို ပြန်လာပါပီ။ “How You Like That?” ပြင်ဆင်မှုတွေအတွက် Blinks တွေကတော့ နှစ်ဦးပိုင်းတစ်ခုလုံး စိတ်လှုပ်ရှားနေကြပုံရခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ဖော်ပြခံရမှုပေါင်း ၃၃,၆၁၂,၉၀၀ နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

4. GOT7


2020 အစပိုင်းမှာ “DYE” Album ထွက်ရှိခဲ့တဲ့ GOT7 ဟာလည်း IGOT7 လေးတွေကို စိတ်လှုပ်ရှားစေခဲ့ပါတယ်။ ဒါ့ကြောင့်လည်း JYP Entertainment ရဲ့ GOT7 ဟာ ဒီစာရင်းရဲ့ စတုတ္ထနေရာကို ဖော်ပြခံရမှုပေါင်း ၂၄,၃၅၁,၇၀၀ နဲ့ နေရာယူထားနိုင်ခဲ့ပါတယ်။ အဖွဲ့ဝင်တွေကတော့ တစ်ဦးချင်းလှုပ်ရှားမှုတွေ၊ ကြေညာ ရိုက်ကူးမှုတွေ၊ မဂ္ဂဇင်းတွေအတွက် ရိုက်ကူးမှုတွေ နဲ့ အလုပ်ရှုပ်နေခဲ့ပါတယ်။

5. NCT 127


NCT 127 ဟာလည်း ၂၀၂၀ နှစ်ဦးပိုင်းမှာ အဖွဲ့ရဲ့ ပထမဆုံး သန်းကျော်ရောင်းချနိုင်ခဲ့တဲ့ album “Neo Zone” နဲ့ အောင်မြင်မှုတွေ ရနေခဲ့တာပါ။ ဒါ့ကြောင့်လည်း ပရိသတ်တွေကို သူတို့ရဲ့ လှုပ်ရှားမှုများနဲ့ စိတ်လှုပ်ရှားစေခဲ့ပြီးတော့ Twitter မှာ ဖော်ပြခံရမှုပေါင်း ၁၇,၆၃၆,၄၀၀ နဲ့ နံပါတ် ၅ နေရာမှာ ရှိနေပါတယ်။

Top Ten နေရာကို ဘယ်သူတွေဆက်လက် သိမ်းပိုက်ထားတယ် ဆိုတာလည်း ဆက်ကြည့်ရအောင်နော်…

  • SEVENTEEN ( ဖော်ပြခံရမှုပေါင်း ၁၆,၄၅၃,၀၀၀ ကြိမ်)
  • TOMORROW X TOGETHER ( ဖော်ပြခံရမှုပေါင်း ၁၆,၁၅၂,၂၀၀ ကြိမ်)
  • MONSTA X ( ဖော်ပြခံရမှုပေါင်း ၁၅,၂၃၃,၅၀၀ ကြိမ်)
  • STRAY KIDS (ဖော်ပြခံရမှုပေါင်း ၁၁,၅၀၅,၅၀၀ ကြိမ်)
  • TWICE ( ဖော်ပြခံရမှုပေါင်း ၁၁,၂၅၄,၅၀၀ ကြိမ်)

TOP 30 ကို ဝင်ခဲ့တဲ့ ကိုရီးယားအနုပညာရှင်တွေကတော့…

  • ATEEZ
  • X1
  • TREASURE
  • RED VELVET
  • NCT DREAM
  • ASTRO
  • LOONA
    SF9
  • FRIEND
  • THE BOYZ
    IZ*ONE
  • SUPER JUNIOR
    MAMAMOO
  • VICTON
    PENTAGON
  • ACE
    (G)I-DLE
  • NCT
    SUPERM
  • IKON

Source: Kpopstarz
Written:Gyi Gyi

Share