Categories: Celebrity News

LTao Entertainment ကလူကို ဘက်လိုက်တယ်လို့ဝေဖန်ခံနေတဲ့ Huang Zi Tao

Produce Camp 2020 ဟာတရုတ်နိုင်ငံက အရည်အချင်းပြည့်မီတဲ့ Idolတွေကို survival စနစ်နဲ့မွေးထုတ်ပေးတဲ့ ၂၀၂၀ ခုနှစ်အတွက်ပရိုဂရမ် တစ်ခုပါ။ ဒီပရိုဂရမ်မှာ Zi Tao ကနည်းပြအနေနဲ့ပါဝင်ခဲ့ပြီး သူ့အပိုင်ဖြစ်တဲ့ LTao Entertainment ကအနုပညာရှင် Xu YiYang ကလည်းပါဝင်ယှဉ်ပြိုင်နေပါတယ်။

ဒီအထိပြဿနာမရှိပေမယ့် ဇွန်လ ၂၇ ရက်နေ့က Zi Tao ဟာသူ့ရဲ့ အင်စတာဂရမ်စာမျက်နှာမှာ Yi Yangရဲ့ပုံကိုအားပေးတဲ့အနေနဲ့တင်ခဲ့ရာမှ ဝေဖန်သံအချို့ကြားခဲ့ရပါတယ်။ နည်းပြတစ်ယောက်အနေနဲ့ဒီလိုတင်ပေးတာဟာ မမျှတကြောင်းပြောခဲ့ကြပေမယ့် ဒါအေဂျင်စီက အနုပညာရှင်ကိုအားပေးတာသက်သက်ဖြစ်ကြောင်း ပြန်လည်ကာကွယ်ခဲ့ကြတဲ့ပရိတ်သတ်တွေလည်းမနည်းပါဘူး။

ခေါင်းဆောင်ကောင်းပီသတဲ့ Zi Tao ဟာမလိုလားအပ်တဲ့ကောလဟာလတွေကို ဥပဒေအရအရေးယူသွားမယ်လို့ ၃၀ရက်နေ့ကသူ့ရဲ့ အေဂျင်စီကတစ်ဆင့်ထုတ်ပြန်ခဲ့ပြီး သူ့ရဲ့သမာသမတ်ကျမှုကိုသက်သေပြခဲ့ပါတယ်။ တရုတ်ပြည်သူအချို့ကအမှားသေးသေးလေးကိုထောက်ပြပြီး အားမနာတမ်းဝေဖန်တတ်ပေမယ့် လူအများကတော့ ZTao ဘက်မှာရှိလို့စိတ်သက်သာစရာပါ။

source: Baidu Precious ZTao Bar
written : helra

Share